VOA | မြန်မာ လက်ဖက်မှာ ဆိုးဆေးတွေ ထည့်ထားလို့ ကျန်းမာရေး ထိခိုက်ကြောင်း စင်္ကာပူ နိုင်ငံနဲ့ မြန်မာပြည်တွင်းမှာ ကြေညာခဲ့ပြီးနောက် မလေးရှားနိုင်ငံမှာလည်း စတင် စစ်ဆေးနေပါပြီ။ မလေးရှား ကျန်းမာရေး ၀န်ကြီးဌာန အစားအစာ ဘေးကင်းရေး တာဝန်ခံချုပ် လူရ၀ါအီနင် မိုဟာမက် ဟော့မင် က စင်္ကာပူ နိုင်ငံမှာ မြန်မာ လက်ဖက်စိုတွေထဲ ဓာတု ဆိုးဆေးတွေ ထည့်သွင်းခြင်းဟာ ဥပဒေ ချိုးဖောက်ရာ ရောက်တာမို့ ဒဏ်ငွေ ဒေါ်လာ ၅၀၀၀ ရိုက်နိုင်ပြီးတော့ ထောင်ဒဏ် ၅နှစ်လည်း ချမှတ် နိုင်တယ်လို့ ပြောဆိုကြောင်း မလေးရှား နိုင်ငံပိုင် ပဏားမား သတင်း အေဂျင်စီ က ကိုးကားကာ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန် ပြောကြားပါတယ်။ အစောပိုင်းက စင်္ကာပူနိုင်ငံမှာ ယဇန အပါအ၀င် မြန်မာလက်ဖက်စို အမျိုးပေါင်း ၂၀ကျော် စစ်ဆေးပြီးတော့ စားသုံးသူများရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် ကင်ဆာရောဂါ ဖြစ်စေနိုင်လို့ ရောင်းချခွင့်ကို ပိတ်ပင် လိုက်ပါတယ်။
မြန်မာ ပြည်တွင်းမှာလည်း လက်ဖက် အမျိုးပေါင်း ၁၀၀ ကျော် ဆိုးဆေးတွေ ထည့်ထားတာ တွေ့ရှိရလို့ စားသုံးခြင်း ရှောင်ကြဖို့ ကျန်းမာရေး ဌာနက သတိပေးထားပါတယ်။
ဆိုးဆေးပါ မြန်မာလက်ဖက် မလေးရှားပိတ်ပင်(အသံဖိုင်)
source by : http://www.voanews.com/burmese/2009-04-02-voa3.cfm
ဆိုးဆေးပါ မြန်မာလက်ဖက် မလေးရှားပိတ်ပင်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment