ကိုဝိုင်း | ချင်းမိုင် (မဇ္ဈိမ)။ ။ Eleven Media Group က သတိပေးခဲ့ပြီးနောက် Lucky Eleven Whisky ကုမ္ပဏီ အရက်ကြော်ငြာအား စာစောင်၊ ဂျာနယ်များတွင် ထည့်သွင်းနေခြင်းကို ဆိုင်းငံ့ထားရန် စာပေစိစစ်ရေးက တားမြစ်လိုက်သည်။
Yangon Media Group က ပိုင်ဆိုင်သည့် ဂျာနယ်များဖြစ်သော ရန်ကုန်တိုင်းမ်၊ 8 Days A Week နှင့် ဖလားဝါး နယူးစ်တို့တွင် ပါရှိသော အရက်ကြော်ငြာသည် Eleven Media Group ၏ ဂုဏ်သိက္ခာကို ထိပါးသည် ဟုဆိုကာ ရပ်တန့်ရန် သတိပေးချက်ကို Weekly Eleven ဂျာနယ်တွင် ပါရှိပြီးနောက် စာပေစိစစ်ရေးက တားမြစ်လာခဲ့ခြင်း ဖြစ်သည်။
“Eleven Whisky ဟု သုံးစွဲခြင်းနှင့် Logo ဆင်တူမှု၊ ထင်ယောင်ထင်မှားဖြစ်စေခြင်း၊ Eleven Media Group ၏ ဂုဏ်သိက္ခာကို ထိပါးခြင်း” တို့ကြောင့် ကြော်ငြာ ထည့်သွင်းနေခြင်းကို ရပ်တန့်ခြင်း မပြုပါက တရားစွဲမည်ဟု ယခင်လ ၂ဝ နှင့် ၂၅ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်များတွင် သတိပေး ဖော်ပြခဲ့ခြင်းသည်။
အဆိုပါ သတိပေးချက် ပေါ်လာပြီးနောက် မည်သည့် ဂျာနယ်တွင်မှ ဖော်ပြခွင့် မရတော့ကြောင်း ဝီစကီ ကုမ္ပဏီနှင့် ရန်ကုန် စာပေ အသိုင်းအဝိုင်းက ပြောဆိုကြသည်။
Eleven Media Group ၏ သတိပေးချက် အတွင်း၌ အဆိုပါ အရက်ကြော်ငြာကို “လက်ခံဖော်ပြသော ဂျာနယ်များ၊ မဂ္ဂဇင်းများ” ကိုလည်း တရားစွဲမည်ဟု ဖော်ပြထားသော်လည်း Flower News ဂျာနယ်မှ အဖွဲ့သားတဦးကမူ ကြော်ငြာများသည် စိစစ်ရေးက ထုတ်ပြန်ထားသော စည်းမျဉ်းများနှင့်အညီ ဖြစ်သည်ဟု ဆိုသည်။
သူက “ကျနော်တို့က ကြော်ငြာနဲ့ ရပ်တည်တဲ့ ဂျာနယ်ဆိုတော့ ကြော်ငြာလာထည့်ရင် ဖော်ပြမှပဲလေ။ ကျနော် တို့ကို မထည့်ရဘူးတို့ ဘာတို့ သူတို့ လာတားလို့ မရဘူး။ စိစစ်ရေးက သတ်မှတ်ထားတာက အမျိုးသမီးတွေနဲ့ ကြော်ငြာတာမျိုးဆိုရင် မရဘူး။ မလုံတလုံလေးတွေပေါ့ဗျာ” ဟု မဇ္ဈိမကို ပြောသည်။
ကုမ္ပဏီ၏ အရက်ကြော်ငြာတွင် အမျိုးသားတဦး ရှပ်အင်္ကျီနှင့် ဘောင်းဘီရှည်ဝတ်ပြီး ဆိုင်ကယ်ပေါ် ထိုင်နေသည့် ပုံဘေးတွင် Lucky Eleven Whisky တံဆိပ် အရက်ပုလင်းပုံ ဖော်ပြထားသည်။
စာပေနှင့် ဂျာနယ်သမားများသည် စာပေစိစစ်ရေးနှင့် တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်ရပြီး၊ မည်သည့်ဥပဒေ ရှိစေကာမူ နောက်ဆုံး၌ စိစစ်ရေး၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ကြောင်း ရန်ကုန်မြို့ခံ အခြား စာနယ်ဇင်း သမား တဦးကလည်း ပြောသည်။
ပြီးခဲ့သည့်လ ၂၇ ရက်နေ့ထုတ် ပြည်တွင်းဂျာနယ် PHOENIX ၌လည်း နာမည်ဆင်တူ ကုန်အမှတ်တံဆိပ် တခုအတွက် အငြင်းပွားနေဆဲ ကာလအတွင်း တရားရုံးက အမိန့်ဒီဂရီဖြင့် တားမြစ်ခြင်း မရှိပါလျှင် ယင်းကုန် အမှတ် တံဆိပ်၏ ကြော်ငြာကို ဂျာနယ်၊ မဂ္ဂဇင်းများ အနေဖြင့် ထည့်သွင်းဖော်ပြနိုင်ကြောင်း တရားရုံးချုပ် ရှေ့နေကြီး ဦးချစ်ကိုကို ၏ ပြောဆိုချက်ကို ကိုးကား ဖော်ပြထားသည်။
Lucky Eleven Whisky ကုမ္ပဏီကမူ ယနေ့ထုတ် မြန်မာ့အလင်းနှင့် ယမန်နေ့ထုတ် ကြေးမုံ သတင်းစာတို့တွင် မှတ်ပုံတင်ထားသည့် နံပါတ် အပြည့်အစုံနှင့် အတူ ကုန်ပစ္စည်းအမှတ်တံဆိပ် သတိပေးကြေငြာချက် ထည့်ထားပြီး၊ ကြော်ငြာပါခွင့်ရစေရန် ဆက်လက် ကြိုးစားနေကြောင်း သိရသည်။
source by : http://www.mizzimaburmese.com/news/inside-burma/2699-2009-04-01-12-34-25.html
အလဲဗင်းဝီစကီ ကြော်ငြာ မထည့်ရန် ဆင်ဆာဘုတ် တားမြစ်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment