မြန်မာ့ စီးပွားရေး တိုးတက်ဟု ဝန်ကြီးချုပ်ပြော

Thursday, April 02, 2009 ·

မဇ္ဈိမ | ရန်ကုန် (မဇ္ဈိမ)။ ။ ကမ္ဘာနှင့်အဝန်း စီးပွားရေး ကျဆင်းမှုဂယက်နှင့် ရင်ဆိုင် ကြုံတွေ့နေရသော်လည်း မြန်မာနိုင်ငံမှာ စီးပွားရေးမှာ ဖွံ့ဖြိုး တိုးတက်ခဲ့သည်ဟု စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ပြောကြားလိုက်သည်။

"စတုတ္ထ ၅ နှစ်စီမံကိန်းရဲ့ တတိယနှစ်ဖြစ်တဲ့ ၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာနှစ်မှာ ဂျီဒီပီတန်ဘိုး ကျပ် ၁၇၁၄၂.၇ ဘီလီယံနှင့် တိုးတက်မှုနှုန်း ၁ဝ.၇% ရရှိရန် ရည်မှန်းထားရာ ၂ဝဝ၈ ခုနှစ်ဧပြီလမှ ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလအထိ ကျပ် ၁၃၃၅၄.၂ ဘီလီယံ တိုးတက်မှုနှုန်း ၁ဝ.၄% ရရှိထားပြီး ဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်ကြီး သိန်းစိန်က နေပြည်တော်တွင် တင်္နလာနေ့က ကျင်းပသော ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ၁၈ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားသွားခဲ့သည်။

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်သည် ဧပြီ ၁ ရက်နေ့မှ စတင်ကာ မတ်လကုန်တွင် အဆုံးသတ်သည်။

ကုန်သွယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍လည်း ၂ဝဝ၇-၂ဝဝ၈ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ကုန်သွယ်မှုပမာဏ ၉.၈ ဘီလီယံနီးပါးသာ ရှိခဲ့သော်လည်း ၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာနှစ် မကုန်ဆုံးမီ ဖေဖော်ဝါရီလတွင်ပင် ၁ဝ.၂ ဘီလီယံကျော်အထိ ရှိနေပြီး ၄ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့သည်ဟု ဝန်ကြီးချုပ်က ပြောကြားသွားသည်။

ထို့ပြင် ကုန်သွယ်မှုပိုငွေမှာလည်း ၂.၅ ဘီလီယံအထိရှိခဲ့ပြီး နိုင်ငံတွင်း လူတဦးချင်း ဝင်ငွေမှာလည်း ကျပ် ၉ သောင်းကျော် တိုးတက်ခဲ့ရာ တနှစ်ပျှမ်းမျှ ကျပ် ၅ သိန်း နီးပါးရှိသည်ဟု ပြောသည်။

စစ်အစိုးရက နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းကို တနှစ်လျှင် ၁၂ ရာခိုင်နှုန်းရရန် မျှော်မှန်းထားခဲ့သည်။

ဝေဖန်သူများကတော့ စစ်အစိုးရ၏ စာရင်းဇယားများအပေါ် သံသယကြီးစွာ ထားရှိကြသည်။ နိုင်ငံ၏ စီးပွားရေး အချက်အခြာ ဒေသတခုဖြစ်သော ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသို့ နာဂစ် လေမုန်တိုင်းတိုက်ခတ်ခြင်းကြောင့် စီးပွားရေး လုပ်ငန်းအများစု ပျက်ဆီးဆုံးရှုံးမှုကြီးစွာနှင့် ကြုံတွေ့ခဲ့ရခြင်း၊ ကမ္ဘာနှင့်အဝန်း ကြုံတွေ့နေရသော စီးပွားရေး ကျဆင်းမှုကြောင့် စီးပွားရေး ကဏ္ဍအသီးသီးမှ ကုန်သည်များ ပြည်ပအမှာစာများ များစွာ လျော့ကျလာခြင်းများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့်အတွက် စီးပွား တိုးတက်မှုကို ထိခိုက်စေခဲ့သည်ဟု ထောက်ပြကြသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားဝင်ငွေ အဓိကလုပ်ငန်းများမှာ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချခြင်း၊ ကျွန်းသစ်၊ ရေလုပ်ငန်းနှင့် ကျောက်မျက်ရတနာ ရောင်းချခြင်းများ ဖြစ်သည်။

ပြီးခဲ့သည့်စနေနေ့က ကျင်းပခဲ့သော မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း နှစ်ပတ်လည်အစည်းအဝေးတွင် သစ်တောရေးရာဝန်ကြီး ဗိုလ်မှူးချုပ်သိန်းအောင်နှင့် သစ်လုပ်ငန်းရှင်များက ပြည်ပမှ သစ်အမှာစာများ လုံးဝနီးပါးရပ်ဆိုင်းသွားခဲ့ရသည်ဟု ဆွေးနွေးသွားခဲ့သည်။

"ပုဂ္ဂလိက လုပ်ငန်းရှင်တွေကတော့ အကုန်လုံး စီးပွားရေးတွေ ကျပါတယ်။ ပြည်ပက မှာလို့ တင်ပို့ရရင်လည်း ဈေးနှိမ်ပေးတာနဲ့ပဲ ကြုံရတယ်။ အထည်ချုပ် လုပ်ငန်းဆိုလည်း အမှာစာတွေ မရှိတော့ဘူး။ ပဲတို့ ဘာတို့ ဆိုရင်လည်း နိုင်ငံတကာကို လှည့်ပြီး မနည်းလိုက်စပ် ရောင်းနေရတယ်။” ဟု ကုန်သည် စက်မှုအသင်းချုပ် အမှုဆောင်တဦးက ပြောသည်။

”ကုန်သွယ်မှုပမာဏ တက်လာတယ်ဆိုရင်တော့ အစိုးရကဏ္ဍက ဆောင်ရွက်တဲ့ ရေနံတို့၊ သဘာဝဓာတ်ငွေ့တို့ တင်ပို့မှုကရတဲ့ ငွေများလာလို့ပဲ ဖြစ်လိမ့်မယ်။” ဟု သူက ထပ်ပြောသည်။

source by : http://www.mizzimaburmese.com/news/inside-burma/2703-2009-04-01-20-11-17.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */