ကမ္ဘာ့သြဇာကြီးသူ ၁၀၀ တွင် ဒေါ်စု ထိပ်ပိုင်းမှ ပါဝင်

Wednesday, April 01, 2009 ·

ဧရာဝတီ | ကမ္ဘာကျော် Time မဂ္ဂဇင်းကြီး၏ အင်တာနက် စာမျက်နှာတွင် ယခုနှစ်အတွက် ကမ္ဘာ့သြဇာ အကြီးဆုံး ပုဂ္ဂိုလ် ၁ဝဝ ကို ဆန္ဒမဲပေး ရွေးချယ်မှု ပြုလုပ်လျက်ရှိရာ ဒေါ်အောင်ဆန်း စုကြည် က နံပါတ် ၂၅ နေရာတွင် ရောက်ရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခု သတင်းရေးနေသည့် အချိန်တွင် ဆန္ဒမဲပေါင်း သုံးသိန်း သုံးထောင်ကျော် ရရှိနေသည်။

ဒေါ်စုသည် မဲပေါင်း သုံးသိန်း သုံးသောင်းကျော် ရရှိသည့် အမေရိကန် သမ္မတ ဘားရက် အိုဘားမား (နံပါတ် ၁၆) နှင့် များစွာ ဝေးကွာခြင်း မရှိဘဲ မလေးရှားနိုင်ငံ အတိုက်အခံ ခေါင်းဆောင် အန်နဝါ အီဗရာဟင် (နံပါတ် ၂၆) ထက် အနည်းငယ် အသာရနေသည်။

တခြား သြဇာရှိ အမျိုးသမီးများ အဖြစ် အမေရိကန် ပြည်ထောင်စုမှ အောက် လွှတ်တော် ဥက္ကဌ နန်စီပလိုစီ (နံပါတ် ၂၇)၊ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် (နံပါတ် ၃၆) တို့ကို ကမ္ဘာတလွှားမှ စာဖတ်သူများက ရွေးချယ်ထားကြောင်း တွေ့ရသည်။

“၂ဝဝ၇ ခုနှစ် စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် ယခင် ကထက် ထောက်ခံမှု ပိုမို ရရှိခဲ့သည်” ဟု Time မဂ္ဂဇင်းက ဖော်ပြထားသည်။

ဒေါ်စုနှင့်ပတ်သက်၍ မဂ္ဂဇင်းက ဖော်ပြရာတွင် “ထင်ရှားသည့် မြန်မာ့ ဒီမိုကရေစီ အရေး ဆောင်ရွက် နေသူ ဖြစ်သည်၊ သူ၏ ဦးဆောင် လှုပ်ရှားမှုများကြောင့် ပြီးခဲ့သည့် အနှစ် ၂ဝ အတွင်း အများအားဖြင့် အကျယ်ချုပ် ချခံနေရသည်၊ နိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို အရေးယူပေးရန် ကုလသမဂ္ဂကို တွန်းအား ပေးလျက်ရှိသည်” ဟု ဆိုသည်။

၂ဝဝ၄ ခုနှစ်တွင် Time မဂ္ဂဇင်းက အင်တာနက်မှတဆင့် အာရှသူရဲကောင်း အဖြစ်ရွေးချယ်သည့် သဘောထား ကောက်ယူမှု တခု ပြုလုပ်ရာ စာဖတ်ပရိသတ် ၄ဝ.၄ ရာခိုင်နှုန်းက ဒေါ်စုကို ရွေးချယ်ခဲ့ကြသည်။

လူမှုဆက်သွယ်ရေး အင်တာနက် ဘလော့ဂ်များတွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ပရိသတ် အများအပြားကို တွေ့နိုင်သည်။ ကမ္ဘာကျော် facebook အင်တာနက် စာမျက်နှာတွင် အသင်းဝင် သုံးသောင်းကျော်မှာ ဒေါ်အောင်ဆန်း စုကြည်အား ထောက်ခံသူများ ဖြစ်ကြောင်း ဖော်ပြထားကြသည်။

“မိတ်ဆွေသစ်တွေ ရဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည် အခြေအနေတွေကို လူအများကြီး သိသွားအောင် လုပ်ဖို့ဆိုရင် Facebook ကနေ လုပ်ဆောင်သွားရင် အင်မတန် ကောင်းပါတယ်” ဟု မြန်မာပြည် အရေး ဆောင်ရွက် နေသူ ဇိုယာဖန်းက ယခုလဆန်းပိုင်းတွင် ထုတ်ပြန်သည့် ကြေညာချက် တစောင်တွင် ပြောကြားလိုက်သည်။

“ကမ္ဘာက ဒေါ်စုကို မေ့သွားအောင်လို့ စစ်အစိုးရက ဒေါ်စုကို ဖမ်းထားတာ ဖြစ်ပါတယ်။ သူတို့ လုပ်ရပ်တွေ မအောင်မြင်ဘူး ဆိုတာ အင်တာနက် စာမျက်နှာတွေက တဆင့် လုပ်နိုင်ပါတယ်” ဟု ဇိုယာဖန်းက ဆိုသည်။

Time မဂ္ဂဇင်း၏ ကမ္ဘာ့သြဇာအကြီးဆုံး ပုဂ္ဂိုလ် ၁ဝဝ ကို http://www.time.com/time/specials/packages/article/0,28804,1883644_1886141,00.html တွင် မဲပေးရွေးချယ်နိုင်ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးလိုပါက
http://www.time.com/time/specials/packages/article/0,28804,1883644_1883653_1884572,00.html သို့ သွားရောက်နိုင်သည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=904:2009-03-31-12-42-27&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */