မှောင်ခိုကုန်ကူးမှု တားဆီးရန် သံဆူးကြိုးကာဟုဆို

Wednesday, April 01, 2009 ·

ဧရာဝတီ | ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တွင် မြန်မာနိုင်ငံဘက်မှ သံဆူးကြိုးများ ကာရံခြင်းသည် မူးယစ်ဆေးဝါး အပါအ၀င် တရားမ၀င် မှောင်ခိုကုန်ကူးမှုများကို တားဆီးရေး အတွက်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဆိုင်ရာ မြန်မာသံ အမတ်က တရားဝင် ပြောဆိုသည်ဟု ဘင်္ဂလားဒေ့ရှ် အခြေ စိုက် ဒေးလီးစတား သတင်းတွင် ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟာဆန် မိုဟာမက်ကလည်း နယ်စပ်တွင် မြန်မာစစ်တပ်များက ယခုကဲ့သို့ သံဆူးကြိုးများ ကာရံနေမှုအပေါ် စိုးရိမ်မှုရှိကြောင်း မကြာသေးခင်က ထုတ်ဖော်ပြောဆိုထားသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က တရားဝင် ကန့်ကွက်ရန် အစီအစဉ်မရှိကြောင်းလည်း ဟာဆန် မိုဟာမက်က ရိုက်တာ သတင်းဌာနသို့ ပြောဆိုသည်။

ရိုဟင်ဂျာများအရေးနှင့်ပတ်သက်ပြီး မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ နယ်စပ်တွင် မြန်မာဘက်က သံဆူးကြိုးများ ကာရံခြင်းကို ယခုလ ၁၈ ရက်နေ့က စတင်ခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့သည် ကောင်းမွန်သော လူနေမှုဘ၀ နှင့် အလုပ်အကိုင်ကောင်းများရှာဖွေရန် ပင်လယ်တွင်းသို့ လှေစီး ထွက်ပြေးသော ရိုဟင်ဂျာ မွတ်စလင်များ အရေးနှင့်လည်း ရင်ဆိုင်နေကြရသည်။

ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံအမတ်နှင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ သံဆူးကြိုး ကာရံခြင်း နှင့်ပတ်သက်ပြီး ဒါကာ မြို့တွင် တွေ့ဆုံဆွေးနွေးရာတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ မွတ်စလင်လူမျိုးများ မြန်မာနိုင်ငံအတွင်း မ၀င် ရောက်ရေးအတွက် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ခြေစိုက် နိရဉ္ဖရာ သတင်းဌာန အယ်ဒီတာ ကိုခိုင်မြတ်ကျော်က ပြောသည်။

နှစ်နိုင်ငံ နယ်စပ်အနီး နေထိုင်သည့် ဒေသခံများကလည်း ယခု သံဆူးကြိုးများကာရံပြီးပါက ၎င်းတို့၏ လွတ်လပ် စွာ ခရီးသွားရေး အတွက် စိုးရိမ်ပူပန်နေကြကြောင်း ၎င်းက ဆိုသည်။

သံဆူးကြိုးများကာရံသည့် ကီလိုမီတာ ၃၂၀ ခန့်ရှိ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် နတ်မြစ် တလျှောက်သည် မှောင်ခိုကုန်ကူးမှုများနှင့် မူစလင်လူမျိုးများတရားမ၀င် ကူးသန်းမှုပြုရာလမ်းကြောင်း ဖြစ်သည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင်းရှိ ရိုဟင်ဂျာ မွတ်စလင်များသည် မြန်မာအာဏာပိုင်များ၏ ကန့်သတ်မှုများနှင့် လူ့အခွင့် အရေးချိုးဖောက်မှုများကြောင့် ရွှေ့ပြောင်းထွက်ခွာလာခဲ့ကြရာ ယခုနှစ်ဆန်းမှစ၍ ဒေသတွင်း အရေးကိစ္စ တခုဖြစ်လာခဲ့ရသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ စလုံးက ယင်းလှေစီး ရိုဟင်ဂျာများ၏ နိုင်ငံရင်းနှင့် လူမျိုး အစစ်အမှန်နှင့်ပတ် သက်ပြီး သဘောတူညီမှုမရှိဘဲ ပြန်လည်ခေါ်ယူရန်လည်း ငြင်းဆိုနေခဲ့ကြသည်။


နှစ်နိုင်ငံ တင်းမာမှု အစပြုခဲ့သည့် နှစ်ချီ၍ အငြင်းပွားလျက်ရှိသော မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ပြဿနာ မှာလည်း ၂၀၀၈ ခု နိုဝင်ဘာလအတွင်းက ရေပိုင်နက် အငြင်းပွားရာနေရာ၌ မြန်မာဘက်က သဘာဝဓာတ်ငွေ့ တူးဖော်ရာတွင် လုံခြုံရေး ရေတပ် စစ်သင်္ဘောများ ပို့လွှတ်ရာမှ စတင်၍ ပိုမို တင်းမာလာခဲ့ခြင်းဖြစ်သည်။

ထို ရေပိုင်နက် အငြင်းပွားမှု ပြဿနာအတွက် ကမ္ဘာ့ကုလသမဂ္ဂ၏ ၁၉၈၂ ခုနှစ် ပင်လယ်ပြင်ရေပိုင်နက် ဆိုင်ရာ ဥပဒေအရ ကုလ သမဂ္ဂတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ က ၂၀၁၁ ခုနှစ် ဇူလိုင်လ ၌ ၎င်း၏ ရေပိုင်နက်ကို အခိုင်အမာ တင်ပြ ဖြေရှင်းရမည်ဖြစ်ပြီး မြန်မာနိုင်ငံက ၂၀၀၉ ခုနှစ် မေလနှင့်ဇွန်လအတွင်းတွင် တင်ပြဖြေရှင်းချက်ပေး ရမည်ဖြစ်ကြောင်း ဒေးလီးစတား သတင်းက ရေးသားထားသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=905:2009-03-31-13-12-05&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */