နန်းဒေဝီ | နယူးဒေလီ (မဇ္စျိမ) ။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆန္ဒပြုလက်မှတ် ရေးထိုးသူပေါင်း ၃ သိန်းခန့် ရရှိထားသည်။
ထိုင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) နှင့် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) မှ ယခုလ ၁၃ ရက်နေ့က စတင်ခဲ့သည့် အဆိုပါ လက်မှတ်ရေးထိုး လှုပ်ရှားမှုသည် ၁၈ ရက်အကြာတွင် လက်မှတ် ၃ သိန်းခန့် ကောက်ခံရရှိပြီး ဖြစ်သည်။
“အခု အခြေအနေထိတော့ နိုင်ငံတကာ မိသားစုတွေရဲ့ ပံ့ပိုးကူညီမှုတွေက အားရ ကျေနပ်ဖွယ် ကောင်းပါတယ်။ လျာထားတဲ့ ၈၈၈၈၈၈ (၈ သိန်းကျော်) လည်း ရဖို့ မျှော်လင့်ထားတယ်” ဟု AAPP အထွေထွေ အတွင်းရေးမှူး ဦးတိတ်နိုင်က မဇ္စျိမကို ပြောသည်။
အင်တာနက်နှင့် စာရွက်များတွင် လက်မှတ်ရေးသည့် လက်မှတ်များထဲတွင် မြန်မာ့အရေး အားပေးထောက်ခံသူ နိုင်ငံခြားသား ၂ သိန်း ၄ သောင်းခန့် ပါဝင်သည်။ ကျန်ရှိသည်များမှာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ရွှေ့ပြောင်း လုပ်သားများထံမှ ဖြစ်သည်။
လှုပ်ရှားမှုကို လာမည့် မေလ ၂၄ ရက်နေ့တွင် အဆုံးသတ်မည်။
ယခုလ ၂ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဂျီနီဗာတွင် ကျင်းပခဲ့သည့် ၁ဝ အကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် ကုလလူ့အခွင့်အရေး အထူးသံတမန် မစ္စတာ အိုဟေး ကွန်တားနားက မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား ၂ဝဝဝ ကျော်ရှိကြောင်း အစီရင်ခံစာ တင်သွင်းခဲ့သည်။
သို့သော် ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝဏ္ဏမောင်လွင်ကမူ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ မရှိကြောင်းနှင့် မြန်မာနိုင်ငံ၏ ဥပဒေကို ချိုးဖောက်သောကြောင့် အကျဉ်းကျခံနေသူများသာ ရှိကြောင်း မစ္စတာ ကွန်တားနား၏ အစီရင်ခံစာအပေါ် ငြင်းဆိုခဲ့သည်။
ဦးတိတ်နိုင်က “နအဖက နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ ပြောနေတဲ့ဟာက အမြဲတမ်း ငြင်းဆိုနေတဲ့ အရာပါ။ ဒါပေမဲ့ ဒီလူတွေဟာ နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်း ခံထားရတယ်ဆိုတာ သူတို့ ငြင်းလို့ မရပါဘူး” ဟု ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၆၄ ဦး ရှိကြောင်း AAPP က ဆိုထားသည်။
source by : http://www.mizzimaburmese.com/news/inside-burma/2691-2009-03-31-12-41-08.html
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လက်မှတ် ၃ သိန်းခန့် ရရှိ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment