UNHCR အကြီးအကဲ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ

Friday, March 13, 2009 ·

ဧရာဝတီ | ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အကြီးအကဲ မစ္စတာ အန်တိုနီယို ဂတ္တာရီသည် ယနေ့တွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမည် ဖြစ်ပြီး မထွက်ခွာမီ တနင်္သာရီတိုင်း မြိတ်မြို့သို့ သွားရောက် ကြောင်း သိရသည်။


မစ္စတာ အန်တိုနီယို ဂတ္တာရီ (ဓာတ်ပုံ - အေအက်ဖ်ပီ)
အဆိုပါ မစ္စတာ အန်တိုနီယို ဂတ္တာရီသည် ယနေ့ ညနေ ပိုင်းတွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိလာမည်ဖြစ်သည်ဟု ဘန်ကောက် UNHCR ရုံး ပြောရေးဆိုခွင့်ရှိသူ မစ္စ ရန်တီ အစ္စမေးလ် က ပြောသည်။

မစ္စတာ ဂတ္တာရီသည် ဘန်ကောက်၌ ခေတ္တနားစဉ် ၎င်း၏ ခရီးစဉ် နှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားရန် ရှိပြီး အပြည့်အစုံ သတင်းစာ ရှင်းလင်းပွဲကို ဂျနီဗာတွင် ပြုလုပ်မည်ဖြစ်ကြောင်းနှင့် အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆို ခွင့်မရှိကြောင်းလည်း မစ္စ ရန်တီ အစ္စမေးလ် က ဆိုသည်။

ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် အနီး ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် မွတ်စလင် ရိုဟင်ဂျာများ အရေး ဆောင် ရွက်နေသော UNHCR အဖွဲ့ဝင်များရှိရာသို့လည်း မစ္စတာ ဂတ္တာရီသည် ၂ ရက်ကြာ သွားရောက်ခဲ့သေးသည်။

ထိုရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပိုမိုပေးနိုင်ရေးအတွက် မြန်မာစစ်ဗိုလ်ချုပ် များနှင့် မစ္စတာ ဂတ္တာရီ ဆွေးနွေးခဲ့ကြောင်းလည်း ဘန်ကောက် UNHCR ရုံး ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

မစ္စတာ ဂတ္တာရီသည် မြန်မာနိုင်ငံသို့ ပြီးခဲ့သည် စနေန့က ရောက်ရှိခဲ့ပြီးနောက် တနင်္လာနေ့တွင် နေပြည်တော်၌ စစ်ဗိုလ်ချုပ်များနှင့် တွေ့ဆုံခဲ့သည်။

မစ္စတာ ဂတ္တာရီ မြန်မာနိုင်ငံသို့ မလာမီ စနေနေ့တွင်ပင် ထိုင်းနိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကဆစ် ပီရိုမရ နှင့် ဘန်ကောက်မြို့၌ တွေ့ဆုံ၍ ရိုဟင်ဂျာအရေးကိစ္စကို UNHCR အနေနှင့် ပါဝင်ဆောင်ရန်အတွက် ဆွေးနွေး ခဲ့ကြောင်းလည်း သိရသည်။

မစ္စတာ ကဆစ်နှင့်တွေ့ဆုံပြီးနောက် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စနှင့် ရွှေ့ပြောင်းနေထိုင်လိုသူများနှင့်ပတ် သက်ပြီး ကောင်းမွန်သည့် ဘ၀ အခြေအနေများ ဖန်တီးပေးရေးကိစ္စများကို ဦးတည်ချက်ထား၍ မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်ဟု သတင်းထောက်များကို မစ္စတာ ဂတ္တာရီက ပြောကြားခဲ့သည်။

အဆိုပါ ရွှေ့ပြောင်း ရိုဟင်ဂျာများကို အကာအကွယ်ပေးရေးနှင့် ဘင်္ဂါလီ ဟုတ်မဟုတ် စုံစမ်းရန် ထိုင်းအစိုးရနှင့် UNHCR တို့က သဘောတူညီမှုရခဲ့ကြောင်း၊ မြန်မာအစိုးရကမူ ရိုဟင်ဂျာများသည် မြန်မာ တိုင်းရင်းသားမဟုတ် ဘင်္ဂါလီများသာ ဖြစ်ကြောင်း ဆက်လက်ပြောဆိုနေသည်ဟု ဆိုသည်။

မြန်မာအာဏာပိုင်များ၏ ကန့်သတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ရခိုင်ပြည်နယ်တွင်းရှိ ရိုဟင်ဂျာ မွတ်စလင်များသည် ယခုကဲ့သို့ ရွှေ့ပြောင်းထွက်ခွာလာခဲ့ကြကြောင်းသိရသည်။

ထောင်နှင့်ချီသော ရိုဟင်ဂျာများသည် ပင်လယ်ပြင်တွင်း လှေဖြင့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံများသို့ ဦးတည် ထွက်ခွာလာခဲ့ကြရာမှ ထိုင်းနိုင်ငံပင်လယ်ကမ်းခြေတွင် တရားမ၀င် ရွှေ့ပြောင်းရောက်ရှိလာသူများအဖြစ် လူ ၁၀၀၀ ကျော် သောင်တင်နေခဲ့ကြသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ စလုံးက ယင်းလှေစီး ရိုဟင်ဂျာများ၏ နိုင်ငံရင်းနှင့် လူမျိုး အစစ်အမှန်နှင့်ပတ် သက်ပြီး သဘောတူညီမှုမရှိဘဲ ပြန်လည်ခေါ်ယူရန်လည်း ငြင်းဆိုနေခဲ့ကြသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=824:unhcr-&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */