အဓမ္မလုပ်အားပေး ခိုင်းမှုကြောင့် ရွာသား ၃ ဦး သေဆုံး

Friday, March 13, 2009 ·

အေးလဲ့ | ပဲခူးတိုင်း ဒိုက်ဦးနှင့် ကျောက်တံခါး မြို့နယ်တို့တွင် အဓမ္မ လုပ်အားပေး ခိုင်းစေမှုကြောင့် ဒေသခံ ကျေးရွာသား ၃ ဦး အသက်ဆုံးရှုံး ခဲ့ရသည်ဟု လူမှုရေးနှင့် အလုပ်သမားရေးရာ ဆောင်ရွက်နေသော လမ်းပြကြယ်အဖွဲ့ က ပြောသည်။

အာဏာပိုင်များက ကျောင်းနှင့် အစိုးရရုံးများတည်ဆောက်ရန် ဒေသခံရွာသားများကို သဲနှင့်ကျောက် ထုတ် လုပ်ရေးလုပ်ရန် ခိုင်းစေရာက သေဆုံးမှုဖြစ်ပွားရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက် မှုများကို စောင့်ကြည့်လေ့လာမှတ်တမ်းတင်နေသည့် ယင်းအဖွဲ့က ပြောဆိုသည်။

“ပဲခူးတိုင်းထဲမှာ ဒေသခံ အာဏာပိုင်တွေက အဓမ္မလုပ်အားပေးခိုင်းစေတာ ရှိနေတုန်းပဲ” ဟု လမ်းပြကြယ် အဖွဲ့မှ ရှေ့နေကြီး ဦးအေးမြင့်က ဧရာဝတီသို့ ပြောသည်။

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ဂွေးချိုကုန်းရွာမှ ကိုမင်းဦးနှင့် ကိုမြင့်အောင်တို့ ညီအစ်ကို နှစ်ဦးသည် ဂွေးချို ကုန်းရွာမှ တမိုင်ခန့်အကွာ ဘုရားကြီး၌ အဓမ္မလုပ်အားပေးခိုင်းစေမှုကြောင့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် သဲပြို ပြီး သေဆုံးသွားကြောင်း ၎င်းက ပြောပြသည်။

ကျေးရွာအာဏာပိုင်များက ကိုမင်းဦး(အသက် ၃၀ နှစ်)နှင့် ကိုမြင့်အောင်(အသက် ၂၂ နှစ်) တို့ကို ဂွေးချို ကုန်းရွာ အစိုးရစာသင်ကျောင်းဆောက်လုပ်ရေးတွင်တာဝန်ချထားပြီး သဲများစုဆောင်းစေခဲ့သည်ဟု ဆို သည်။

“သဲပုံတဲ့နေရာမှာ သူတို့ သေတာပဲ၊ သဲပုံကြီးပြိုပြီး နှစ်ယောက်လုံးသေတာ”ဟု ဦးအေးမြင့် က ပြောသည်။

ဒိုက်ဦးမြို့နယ် ကျောက်တလုံးကျေးရွာနေ စောဖာလူ(အသက် ၅၄နှစ်)သည်လည်း ပဲခူးရိုးမပေါ်တွင် ကျောက် ထုတ်လုပ်ရေးအတွက် အဓမ္မလုပ်အားပေးခိုင်းစေမှုကြောင့် သေဆုံးသွားရသည်ဟု ၎င်းက ဆိုသည်။

“စောဖာလူက ကျောက်တုံးပိလို့ ဇန်န၀ါရီ ၂၉ ရက်နေ့က သေဆုံးသွားတယ်”ဟု ဦးအေးမြင့် က ပြောသည်။

ကျေးရွာအာဏာပိုင်များက ကျန်ရစ်သူမိသားစုများသို့ လျော်ကြေးတစုံတရာ ပေးခြင်းမရှိကြောင်းလည်း သိရသည်။

ယခု အဖြစ်အပျက်များကို ရန်ကုန်အခြေစိုက် နိုင်ငံတကာ အလုပ်သမားအဖွဲ့ (အိုင်အယ်လ်အို) ရုံးသို့ ဦးအေးမြင့်က တိုင်ကြား ထားသည်ဟု ပြောသည်။

“အိုင်အယ်လ်အိုက ပြည်ပအခြေစိုက် မီဒီယာတွေကို မပြောစေချင်ဘူး”ဟု ဦးအေးမြင့် ကဆိုသည်။

အလားတူပင် လယ်သမားများနှင့် အလုပ်သမားရေးရာ အမှုကိစ္စများကို လိုက်ပါဆောင် ရွက်ပေးနေသူ ရှေ့နေ ကိုဖိုးဖြူ ကိုလည်း ဇန်နဝါရီလ အတွင်း၌ အာဏာပိုင်များက မကွေးမြို့နယ် ရဲစခန်းတွင်ဖမ်းဆီး ထားခဲ့သည်။

ကိုဖိုးဖြူ မိသားစုနှင့် နီးစပ်သူ တဦးက“မကွေးခရိုင်တရားရုံးက အသင်းအဖွဲ့ပုဒ်မ (၆)နဲ့ တရားစွဲထားတယ် လို့ကြားတာပါ၊ သူ့မိသားစု ကိုလည်း မေးလို့မရတော့ သတင်းအတိအကျမသိသေးဘူး”ဟုပြောသည်။

ကိုဖိုးဖြူသည် ဒေသအာဏာပိုင်များက ဖမ်းဆီးထားသော မကွေးတိုင်း နတ်မောက်မြို့နယ်တွင်းရှိ လယ် သမား များအတွက် ရှေ့နေ လိုက်ပါပေးခဲ့သူဖြစ်သည်။ လယ်သမားများက သူတို့၏ လယ်ယာမြေများ အသိမ်း ခံရမှုနှင့် ပတ်သက်၍ ရန်ကုန်ရှိ အိုင်အယ်လ်အို ရုံးသို့ တိုင်ကြားခဲ့သည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=827:2009-03-12-12-14-31&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */