ရန်ကုန်မှာ KTV, မာဆတ် မှောင်ခိုစီးပွားရေးလုပ်ငန်းတွေများလာ

Friday, March 13, 2009 ·

အောင်ထက် | ကမ္ဘာ့နိုင်ငံအနှံ့ စီးပွားရေးကျဆင်းနေချိန်တွင် နိုင်ငံတော် အကြီးအကဲတို့သည် နိုင်ငံတကာ ရောက် အလုပ်လက်မဲ့ မြန်မာအလုပ်သမား (၅) သန်းခန့်ကို အလုပ်အကိုင် အခွင့်အလမ်းများပေးရန် အသင့်ရှိ နေကြောင်း ပြောနေသော် လည်း လက်တွေ့တွင် ပြည်တွင်းလုပ်ငန်းရှင်ကြီးများကပင် သူတို့၏ ပင်မ အလုပ်များကို စွန့်လွှတ်ကာ KTV, မာဆတ် (အနှိပ်ခန်း) အများအပြား ထူထောင်နေကြကြောင်း သိရသည်။

“ဘာအလုပ်မှ မဖွံ့ဖြိုးတာ၊ နောက်ပြီး တော်ရုံတန်ရုံ အရင်းအနှီးနဲ့ လုပ်လို့ရတာကလည်း ဒီအလုပ်တွေပဲရှိတယ်။ မိန်းကလေး (၄၀-၅၀) လောက်မွေးထား၊ နေ့-ည ထမင်းကျွေး၊ ကျနော်တို့ ပိုင်အဆောင်တွေ၊ အခန်းတွေမှာနေ၊ (၂) ပတ်လောက် အလုပ်လုပ်ပြီးမှ မိသားစုဆီ (၁) ရက် (၂) ရက် ပြန်ခွင့်ပေးထားတယ်။ ကျနော့် မာဆတ်က တနာရီ (၃,၀၀၀) ကျပ်ယူတယ်။ မိန်းကလေးတွေကို (၅၀၀) ကျပ် ပြန်ရှင်းပေးတယ်။ ကျနော်တို့ အလုပ်က (၂၄) နာရီ လည်ပတ်ရတော့ မိန်းကလေးတွေ အသင့်ရှိနေရတယ်။ ဒါတောင် လုပ်ချင်လို့ လာလျှောက်တဲ့ မိန်းကလေးတွေ အများကြီးပဲ” ဟု မာဆတ်ခန်းဖွင့်ထားသူ တပ်မတော် အရာရှိဟောင်းတဦးက ရှင်းပြ၏။

“အရင်ကတော့ Customer တွေက စင်ပေါ်တက် ပန်းကုံးချကြတယ်။ ဒါပေမယ့် နောက်ပိုင်း ခေတ်အခြေအနေ တွေကြောင့် အရောင်းအ၀ယ်ပါး၊ အဆိုတော်မလေးတွေလည်း ပန်းကုံးမရဖြစ်လာတယ်။ ဒီတော့ ကောင်မလေး တွေကို စားဝိုင်းသောက်ဝိုင်းဆင်းခိုင်း၊ Customer နဲ့ စကားပြောခိုင်း၊ လက်ကိုင်ခွင့် ပခုံးကိုင်ခွင့်ပေးလိုက်၊ ဒီအတွက် Waiter လေးတွေက ဖောက်သည်ဝိုင်းတွေကို အလံရှူးလုပ်ကြရတာပေါ့။ အဲလိုဆိုရင် သူတို့လဲ မုန့်ဖိုးရတယ်။ ၀ိုင်းကို အဆိုတော်မလေးလာထိုင်ရင် စားသောက်နေတဲ့ ၀ိုင်းက ပန်းကုံးတကုံးဖိုးရှင်းရတယ်။ ဆိုင်က (၂,၅၀၀) ကျပ်၊ ကောင်မလေးက (၂,၅၀၀) ကျပ် ရတယ်” ဟု ဆောက်လုပ်ရေး ကန်ထရိုက်တာတဖြစ်လဲ ကာရာအိုကေနှင့် Night Club တွဲဖွင့်ထားသူတဦးက ရှင်းပြ၏။

“ကျနော့် KTV မှာ မိန်းကလေး (၃၀) ရှိတယ်။ အလုပ်သဘောအရ နေ့-ည အိမ်ပြန်ခွင့်မရှိဘူး။ (၂) ပတ်ကို တရက်အိမ်ပြန်ခွင့်ပြုတယ်။ နေစရာပေးထားတယ်။ ကိုယ့်ထမင်း ကိုယ်စားပဲ။ အားလုံးစုနေကြရတယ်။ KTV က တနာရီ (၄,၀၀၀) ကျပ်ယူတယ်။ Customer (၃) ယောက်လာရင် မိန်းကလေး (၃) ယောက် ထည့်ပေးတယ်။ (၄ ယောက် လာရင် ၄ ယောက်ပေါ့) သီချင်းဆိုတယ်။ အရက်သောက်တယ်။ သူတို့ချင်း အဆင်ပြေရင် ကြိုက်ရာ လုပ်ပဲ။ မိန်းကလေး (၃) ယောက် အတွက် ၀န်ဆောင်ခက (၃,၀၀၀)၊ အခန်းခ (၃,၀၀၀) (ပေါင်း ၆,၀၀၀) ကို မန်နေဂျာက ယူထားလိုက်တယ်။ အမှောင်ခန်းထဲ Customer ဆီက မုန့်ဖိုးရတာပေါ့ သူတို့ယူပေါ့။ ကျနော်တို့က မိန်းကလေးကို (၁) နာရီ (၅၀၀) ကျပ်ရှင်းပေးတယ်” ဟု KTV အခန်းပိုင်ရှင်တဦးက ဆို၏။

ယခုအခါ ရန်ကုန်မြို့၏ မြို့နယ်အသီးသီးတွင် မိန်းကလေး ငယ်ငယ်များကို နေ့-ည အိမ်ပြန်ခွင့်မပြုဘဲ အခန်း ပိတ်ခိုင်းစေသည့် ကာရာအိုကေ၊ KTV, မာဆတ်များအပြင် Night Club၊ နှစ်လုံးထီ၊ သုံးလုံးထီ၊ ဘောလုံး လောင်းကစားဒိုင်များ၊ ဆင်ဆာမဲ့ ခွေကူးဆိုင်များ တစစပေါများလာကြောင်း၊ အဆိုပါ အလုပ်အကိုင်ကို တချို့က တံခါးပိတ် စီးပွားရေးဟု ခေါ်ကြကြောင်း၊ ၀န်ထမ်းအဖြစ် လုပ်ကိုင်လိုသူ ငယ်ငယ်ရွယ်ရွယ် မိန်းကလေး အများအပြား ရှိကြကြောင်း သိရသည်။

source by : http://www.khitpyaing.org/news/march_09/13-3-09g.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */