မြန်မာနိုင်ငံအပေါ် အမေရိကန် ပေါ်လစီပြောင်းလဲရေး သမ္မတ ဘွတ်ရှ် သက်တမ်း မကုန်ခင် ကတည်းက စဉ်းစားနေ

Thursday, March 12, 2009 ·

NEJ | မြန်မာနိုင်ငံအပေါ် အမေရိကန် ပေါ်လစီပြောင်းလဲရေးကိစ္စကို ၂၀၀၈ ခု အမေရိကန်သမ္မတဟောင်း ဂျော့ဘွတ်ရှ် သက်တမ်းကုန်ကာနီးကတည်းက ပေါ်လစီကိုင်တွယ်သည့် အရာရှိများ စဉ်းစားခဲ့ကြောင်း အမေရိကန်ကွန်ဂရက်သို့ တင်သွင်းသည့် အစီရင်ခံစာတစောင်တွင် ဖော်ပြထားသည်။

ခေတ်ပြိုင်မှ ဖတ်ရှုခွင့်ရသည့် မြန်မာနိုင်ငံနှင့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများဆိုင်ရာ အဆိုပါအစီရင်ခံစာကို နိုင်ငံခြားရေးရာ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးဌာနခွဲမှ ကွန်ဂရက်သို့ ၂၀၀၈ ခု သြဂုတ် (၂၁) ရက်နေ့စွဲဖြင့် တင်သွင်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဘိန်းအထွက်နှုန်း ကျဆင်းလာသည့်တိုင် မြန်မာနိုင်ငံမှ ပေါ်ထွက်လာသည့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများကို စစ်အစိုးရဘက်က နှိမ်နင်းမှုအပေါ် အမေရိကန်ပေါ်လစီများက သိသိသာသာ သြဇာ သက်ရောက် ခြင်းမရှိဟု ကျွမ်းကျင်သူတွေက ယူဆကြောင်း အစီရင်ခံစာတွင် ထောက်ပြထားသည်။ အထူးသဖြင့် ၂၀၀၇ ခု သံဃာ့အရေးအခင်းတွင် မြန်မာစစ်အစိုးရ၏ အကြမ်းဖက် နှိမ်နင်းမှုများ ဖြစ်ပေါ်ပြီး နောက်ပိုင်း မြန်မာနိုင်ငံအပေါ် အမေရိကန်ပေါ်လစီ ပြန်လည်သုံးသပ်စေလိုသည့် အစိတ်အပိုင်းများ တိုးတက်လာသည်ဟုဆို၏။

မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး အမေရိကန်ပေါ်လစီ ပြောင်းလဲရေးအတွက် ပေါ်လစီချမှတ်သူများ စဉ်းစားသည့် အချက်များမှာ

  • မြန်မာနိုင်ငံကိုပေးသည့် လူမှုရေးအကူအညီပမာဏကို အမေရိကန်အစိုးရက တိုးမြှင့်ပေးသင့် မပေးသင့်၊
  • မြန်မာစစ်အစိုးရအား နိုင်ငံရေးဖိအား တိုးမြှင့်ပေးရာတွင် အာဆီယံနှင့် အခြားနိုင်ငံများ၏ ဆွေးနွေးချက် အခန်းကဏ္ဍက မည်မျှအတိုင်းအတာထိ ရှိမည်၊
  • မြန်မာနိုင်ငံကို ဒေသတွင်း မတည်ငြိမ်မှု၏ အဓိကနိုင်ငံ ဖြစ်မလာရေးအတွက် အိန္ဒိယ၏ အခန်းကဏ္ဍအပေါ် အမေရိကန်အစိုးရက မည်သို့သုံးသပ်မည်၊
  • မြန်မာနယ်စပ်ကို ကျော်ဖြတ်လာသည့် မူးယစ်ဆေးများ ပို့ဆောင်ပေးရာ ထိုင်းနှင့် တရုတ်နိုင်ငံတို့နှင့် အမေရိကန် အစိုးရ မည်သို့ အတူလက်တွဲ ဆောင်ရွက်သွားမည်နည်း စသည့်အချက်များ ပါဝင်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံအပေါ် အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှု မအောင်မြင်ရခြင်းမှာ
  • အီးယူနှင့် ဂျပန်အပါအ၀င် အခြားနိုင်ငံများက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်မှုပုံစံ ကွဲပြားခြားနားနေခြင်း၊
  • မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုများလာပြီး နိုင်ငံခြားရောင်းချနိုင်သည့်အချက်ကြောင့် စစ်အစိုးရ ၀င်ငွေ သိသိသာသာတိုးစေခြင်း၊
  • အာဆီယံနိုင်ငံတွေက မြန်မာအပေါ် ဒဏ်ခတ်လိုသည့် ဆန္ဒမရှိခြင်း၊
  • မြန်မာနိုင်ငံ၏ စံချိန်တင်လောက်အောင် နိုင်ငံတကာစီးပွားရေးနှင့် အဆက်ဖြတ်ပြီး အထီးကျန်နေနိုင်ခြင်း၊
  • တရုတ်က မြန်မာစစ်အစိုးရကို စစ်ရေး၊ စီးပွားရေး ဆက်ကူညီနေခြင်းတို့ကြောင့် ဖြစ်သည်ဟု သုံးသပ်ထားသည်။

မြန်မာနိုင်ငံ၏ နယ်စပ်ဖြတ်ကျော် မှောင်ခိုလုပ်ငန်းများ၌ ကျောက်သံပတ္တမြားများနှင့် တန်ဖိုးပေးချေသည့် စနစ်သုံးသည်။ အထူးသဖြင့် စစ်အစိုးရသည် ကျောက်တွင်းများကို ထိန်းချုပ်ထားသည့်အလျောက် ကျောက်သံပတ္တမြားများ မှောင်ခိုရောင်းချခြင်း၊ တရားဝင်ရောင်းချခြင်း ကိစ္စများ၌ စစ်အစိုးရကိုယ်တိုင် ပါဝင်ပတ်သက်မှု ရှိသည်ဟု စွပ်စွဲထားသည်။

မြန်မာစစ်အစိုးရသည် ၀ယ်မည့်သူများအား မြန်မာနိုင်ငံထွက် ကျောက်သံပတ္တမြားများ မဟုတ်ကြောင်း ဖုံးကွယ်ပြီး အမေရိကန် ကျောက်မျက်ဥပဒေ ပိတ်ဆို့မှုကို ရှောင်ရှားရန် ကြိုးစားသည်ဟု အမေရိကန် ကွန်ဂရက် က စွပ်စွဲထား သည်။ အမေရိကန်ကွန်ဂရက်၏ ခန့်မှန်းချက်အရ ကမ္ဘာပေါ်ရှိ မြန်မာနိုင်ငံမှ ထွက်သည် ဆိုသည့် ပတ္တမြား (၉၀) ရာနှုန်းကျော်အနက် အမေရိကန်နိုင်ငံသို့ ၀င်လာသည့် (၃) ရာနှုန်းသာ မြန်မာနိုင်ငံထွက် ပတ္တမြားအစစ် ဖြစ်သည် ဟု ထောက်ပြထားသည်။

ထို့ပြင် မြန်မာစစ်အစိုးရသည် ၂၀၀၈ ခုတွင် မြောက်ကိုရီးယားနိုင်ငံမှ ဘက်စုံပစ် ဒုံးကျည်များ တင်သွင်းခဲ့သည့် အတွက် မြောက်ကိုရီးယား အပေါ် ကုလသမဂ္ဂမှ ဒဏ်ခတ်ထားမှုကို ချိုးဖောက်ရာရောက်သည်ဟု ဖော်ပြ ထားသည်။

source by : http://www.khitpyaing.org/news/march_09/12-3-09c.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */