ကိုစိုး | စစ်အစိုးရက ဖမ်းဆီးထားသည့် နာဂစ်ဆိုင်ကလုန်း ဒုက္ခသည်များ ကူညီ ကယ်ဆယ်ရေး ပြုလုပ်သူ ကိုမင်းသိန်းထွန်းကို ယမန်နေ့က အင်းစိန်ထောင်တွင်း အထူးတရားရုံးမှ ထောင်ဒဏ် ၁၇ နှစ် ချမှတ်လိုက် ကြောင်း မိသားစု ၀င်များနှင့် ထောင်ဝန်ထမ်း အသိုင်းအ၀န်းက ပြောသည်။
ကိုမင်းသိန်းထွန်းကို အီလက်ထရွန်နစ် ပုဒ်မ ၃၃/က ၊ နယ်စပ်ဖြတ်ကျော် ပုဒ်မ ၁၃/၁ နှင့် တရားမ၀င် အဖွဲ့ အစည်း ဆက်သွယ် ပုဒ်မ ၁၇/၁ စသည့် ပုဒ်မ ၃ ခု ဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ် ချမှတ်လိုက်ခြင်း ဖြစ် သည်ဟု အင်းစိန်ထောင် ၀န်ထမ်းနှင့် နီးစပ်သူ တဦးက ပြောသည်။
“အဲဒီ ၃ မှု နဲ့ ထောင် ၁၇ နှစ် ချလိုက်တယ်၊ တပေါင်းတည်း ပုံစံမျိုး၊ ရှေ့နေလည်း မရှိဘူး၊ မိသားစုလည်း မ၀င်ရ ဘူး၊ မိသားစုက လာစောင့်တယ် ၀င်ခွင့်မရဘူး၊ အမိန့်ချလိုက်တယ်ပဲ သူတို့ သိရတာ”ဟု ၎င်း က ပြောသည်။
ယင်း ကိုမင်းသိန်းထွန်းကို ၂၀၀၈ ခုနှစ် ဇွန်လ အတွင်း၌ စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး အောင်သပြေ စစ်ကြောရေး စခန်းတွင် ၂ လ ခန့် စစ်ကြောခဲ့ပြီးနောက် အင်းစိန်ထောင်သို့ ပို့လိုက်ခြင်းဖြစ်ကြောင်းသိရသည်။
“သူ့အိမ်ကိုလာစစ်သွားတာက ၁၁ - ၇ - ၂၀၀၈ မှာ၊ မိဘတွေက အဲဒီအချိန် အဖမ်းခံလိုက်ရမှန်းမသိဘူး၊ မိဘ တွေ အိမ်ကို လာရှာတဲ့ အချိန်မှာ ဖမ်းထားပြီးနေပြီ၊ သက်သေခံ ဘာတွေရှိမလဲဆိုပြီးတော့ လာရှာကြတာ၊ ဘာမှ အထောက်အထား မတွေ့သွားဘူး၊ ၁၆ - ၉ -၂၀၀၈ မှာ သူ့ကို အောင်သပြေ စစ်ကြောရေးကနေ အင်းစိန်ထောင် ကို ပို့လိုက်တာ”ဟုလည်း အင်းစိန်ထောင် ၀န်ထမ်းနှင့် နီးစပ်သူက ပြောဆိုသည်။
ကိုမင်းသိန်းထွန်းသည် မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေရင်း မြန်မာနိုင်ငံ၌ ပြီးခဲ့သည့် နှစ် မေလ က နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံရသော ဒုက္ခသည်များကို ကူညီကယ်ဆယ်ရေး ပစ္စည်းများပေးပို့ နေရာမှ မြန်မာပြည်တွင်းသို့ ကိုယ်တိုင်ဝင်ရောက်လာစဉ် နယ်စပ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သည့် တနင်္လာနေ့ကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)အဖွဲ့ဝင် မချိုနှင့် မသိင်္ဂီ တို့ကို အင်းစိန်ထောင်တွင်း အထူး တရားရုံးမှာပင် တရားမ၀င် အဖွဲ့အစည်း ဆက်သွယ် ပုဒ်မ ၁၇/၁ နှင့် ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချလိုက်ကြောင်း အန်အယ်လ်ဒီ က ပြောသည်။
ယင်း မချိုနှင့် မသိင်္ဂီ တို့သည်လည်း နာဂစ် ဆိုင်ကလုန်းနောက်ပိုင်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
SOURCE BY : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=826:2009-03-12-11-40-30&catid=1:news&Itemid=2
နာဂစ် ဒုက္ခသည် ကူညီသူကို ထောင် ၁၇ နှစ်ချ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment