NEJ | ကြက်ငှက်တုပ်ကွေး မဖြစ်မချင်း ရန်ကုန်တွင်ရှိသော ကြက်ဈေးများကို မြို့ပြင်သို့ ထုတ်မည် မဟုတ်ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက စုံစမ်းသိရှိရသည်။
ရန်ကုန်သို့ ၀င်ရောက်လာသော်လည်း ကြက်၊ဘဲ နှင့် ဥများ တင်သည့်ယာဉ်များကို ဆေးဖြန်းမှုများ ပြုလုပ်ကြောင်း ပြည်တွင်းထုတ် သတင်းဂျာနယ်များတွင် ရေးသားဖော်ပြကြသည်။
၂၀၀၉ ခု ဇန်န၀ါရီလဆန်းတွင် ပဲခူးတိုင်း၌ ဖြစ်ပွားသော ကြက်လည်လိမ်ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း ရန်ကုန် စည်ပင်၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနတို့က ဆေးဖြန်းခြင်းဖြစ်သည်ဟု အဆိုပါ ဂျာနယ်များက ရေးသား ကြသည်။
ပြည်မြို့တွင် ကြက်လည်လိမ်ရောဂါဖြစ်၍ ကြက်သားရောင်းချမှုများကို ပြင်းပြင်းထန်ထန် ပိတ်ထားကြောင်း၊ သို့သော် အချို့ ခိုး၍ ရောင်းချကြောင်း ပြည်မြို့ခံတဦးက ပြောသည်။
ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားပါက ကြက်ဥ၊ ကြက်မွေး၊ ကြက်ချေး၊ ကြက်သား တို့မှာ လူအတွက် အန္တရာယ် ရှိသည်ဟု မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက အမည်မဖော်လိုသူတဦးက ပြောသည်။
“လည်လိမ်ရောဂါဆိုရင်လည်း ကြက်၊ ဘဲ တွေကို စားဖို့ အန္တရာယ်ရှိတယ်၊ လည်လိမ်ရောဂါဟာ တုပ်ကွေး မဖြစ်ဘူးဆိုပေမယ့် သတိထားသင့်တဲ့ ရောဂါပါ” ဟု ယင်းကဆိုသည်။
စစ်အစိုးရပိုင် သတင်းစာများက ဖေဖော်ဝါရီ (၁၄) ရက်တွင် ယင်းသတင်းထုတ်ပြန်ချက်၌ ကြက်လည်လိမ် ရောဂါနှင့် အခြားရောဂါများ ရောနှောဖြစ်ပွားနေကြောင်း ဖော်ပြခဲ့သည်။ နေပြည်တော်တွင် ၂၀၀၈ ဒီဇင်ဘာ ဒုတိယပတ်အတွင်း၊ ၂၀၀၉ ဇန်န၀ါရီ၊ ဖေဖော်ဝါရီလများအတွင်း ပြည်နှင့် မန္တလေးတိုင်း ဒေသအချို့တွင် ကြက်လည်လိမ်ရောဂါနှင့် အခြားကြက်ရောဂါများ ရောနှောဖြစ်ပွားခဲ့ကြောင်း၊ ဖေဖော်ဝါရီလတွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တွင်လည်း ဘဲဝမ်းကျရောဂါဖြစ်ပွားခဲ့ကြောင်း ဖော်ပြခဲ့သည်။
OIE ခေါ် ကမ္ဘာ့တရိစ္ဆာန် ကျန်းမာရေးအဖွဲ့ချုပ်သို့ မြန်မာစစ်အစိုးရ၏ နောက်ဆုံး အစီရင်ခံချက်မှာ ၂၀၀၈ ခု ဧပြီလကဖြစ်ပြီး ပဲခူး အုတ်စုရပ်ကွက်တွင် ကြက်ခြံ၌် ကြက်ငှက်တုပ်ကွေး ရောဂါပိုးတွေ့သည့်အတွက် ကြက်ကောင်ရေ (၃၃,၄၅၉) ဖျက်ဆီးခဲ့သည်။ ထိုအစီရင်ခံစာမှာပင် ရှမ်းပြည်နယ် ကျိုင်းတုံအရှေ့ပိုင်း ကပ်ပကျေးရွာ၌ ကြက်ကောင်ရေ (၅၃၃) ကောင် ဖျက်ဆီးခဲ့ပြီး၊ မိုင်းဖြတ်မြို့ ယမ်ခမ်ရွာ၌ ကြက်ကောင်ရေ (၁,၀၄၃) ဖျက်ဆီးခဲ့သည်ဟု ဖော်ပြထားသည်။
source by : http://www.khitpyaing.org/news/march_09/12-3-09b.php
ကြက်ငှက်တုပ်ကွေးဖြစ်မှ ရန်ကုန်ကြက်ဈေးများကို မြို့ပြင်ထုတ်မည်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment