CNG 82 Model နှင့် အောက်ကားများ လုပ်ငန်းလိုင်စင်ဖျက်သိမ်းမည်

Tuesday, March 24, 2009 ·

အောင်ထက် | သင်္ကြန်အလွန် ဧပြီလကုန်ခန့်တွင် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော CNG 82 Model နှင့် အောက်အက္ခရာကားများ ကို တရားဝင်လုပ်ငန်းလိုင်စင် ဖျက်သိမ်းမည်ဖြစ်ပြီး မကြာမီက ၎င်းတို့ဆင်ထားသော CNG ပစ္စည်းများပြန်သွင်းပါက ထူးထရေဒင်းကုမ္ပဏီမှ တလုံး (၇) သိန်းဖြင့် ဈေးဖြတ်ပေးမည်ဖြစ်ကြောင်း၊ (၂) သိန်းဦးစွာပေးပြီး ကျန် (၅) သိန်းကို တလ (၁) သိန်းနှုန်းပေးမည်ဖြစ်ကြောင်း ကားဝယ်ရောင်းလောကအတွင်း ပြောဆိုနေကြသည်။

“CNG 82 Model နဲ့ အောက်ကားတွေအားလုံး သုံးချင်သုံး မသုံးချင်နေ၊ အကုန်လုံး လိုင်စင် အနက် ပြန်ပြောင်း ရမယ်။ 82 Model အောက်ကားမှန်သမျှ လုပ်ငန်းလိုင်စင် သိမ်းမယ့်သဘောပေါ့။ ဟိုတုန်းက ဃ- နံပါတ်တွေ ဖျက်တဲ့ သဘောလည်း မဟုတ်ဘူး။ လုပ်ငန်းလိုင်စင်ပဲ ဖျက်ပစ်မှာ။ ဓာတ်ဆီ၊ ဒီဇယ်သုံးသုံး၊ CNG သုံးသုံး လုပ်ငန်းလိုင်စင် (အနီ) ကို မပေးတော့ဘူး။ နံပါတ် အနက်ပဲ။ အိမ်မှာထားထား၊ နယ်ပို့ပို့ အိမ်စီးပဲရမယ်။ SE တန်းတွေ အကုန်ပါသွား လိမ့်မယ်။ ဒါကို ကားပိုင်ရှင်အားလုံးနီးနီး ကြိုတင်သိနေပြီးသား” ဟု ကျောက်မြောင်း ကားပွဲစားတန်း ၀ယ်ရောင်းသမားများက ဆိုကြသည်။

အဆိုပါ အစီအစဉ်မှာ ထူးထရေးဒင်းအပါအ၀င် လုပ်ငန်းရှင်ကြီးများနှင့် နအဖ ပုဂ္ဂိုလ်တို့၏ ကိုယ်ကျိုး စီးပွား အတွက် အကွက် ဆင်ထားခြင်း ဖြစ်ကြောင်း၊ ဘောလုံးအသင်းဖွဲ့ထားသော ထူးထရေးဒင်းအပါအ၀င် လုပ်ငန်းရှင်ကြီး (၈) ဦးကို ကားပါမစ် ချပေးမည် ဖြစ်သည့်အတွက် ယခုကဲ့သို့ အသုံးပြုလက်စ CNG သုံးပစ္စည်းများကို အောက်ဈေးဖြင့် ၀ယ်ယူရခြင်းဖြစ်ကြောင်း၊ တင်သွင်းမည့် ဓာတ်ဆီ၊ ဒီဇယ်ကားများကို ယခုဝယ်ယူမည့် CNG သုံးပစ္စည်းများ တပ်ဆင်ဦးမည်ဖြစ်ကြောင်း ကားပွဲစားတဦးက ပြောသည်။

“ကျနော်ဆိုရင် old model လေး။ ဟိုတုန်းကတော့ ဂျာမနီနာမည်ကြီးကားပေါ့။ အော်ဒီဆိုတာ။ CNG တပ်ဆင်အပြီး ဘာညာနဲ့ သိန်း (၈၀) လောက်ကျတယ်။ CNG ကတင် (၁၂) သိန်း စွန်းစွန်းကျနေတယ်။ ခု လိုင်စင်အနက်ပြောင်း ရမယ်ဆိုတဲ့သတင်းထွက်လာတော့ အရှုံးခံပြန်ရောင်းနေတာတောင် ဘယ်သူမှ ၀ယ်သူမရှိဘူး။ Black Taxi ဆိုလည်း အဖမ်းခံရဦးမယ်” ဟု ဖေဖော်ဝါရီလကမှ Taxi တစီးဝယ်ထားသူက ညည်းညူသည်။

အတည်မပြုနိုင်သေးသည့် အဆိုပါသတင်းသာ မှန်ကန်ပါက လမ်းကြောပေါ်၌ ပြေးဆွဲနေသော CNG Taxi အားလုံး၏ တ၀က်ခန့်မှာ လုပ်ငန်းလိုင်စင်ဖျက်သိမ်းခံရမည်ဖြစ်ကြောင်း၊ သတင်း မှန် မမှန် ကုန်လမ်းညွှန်ကြားမှု ဦးစီးဌာန (မြင်သာလိုင်စင်ရုံး) သို့ မေးမြန်းသော်လည်း အထက်မှ ညွှန်ကြားချက် မလာသေးကြောင်းဟုသာ ဦးစီးဌာန အရာရှိတဦးက ဖြေသည်။

source by : http://www.khitpyaing.org/news/march_09/24-3-09b.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */