အောင်ထက် | ကာတာနိုင်ငံ၏ ပုဂ္ဂလိကပိုင်ကလေးကစားကွင်း Operator အဖြစ်အမှုထမ်းနေသည့် တောင်တွင်းကြီးသား ၀င်းကိုကို ဆိုသူသည် ဆက်လက်နေထိုင်ခွင့်သက်တမ်း (၃) နှစ်တိုးရန် အီဂျစ်နိုင်ငံ၊ မြန်မာသံရုံးသို့ ကာတာဘဏ်မှ ငွေလွှဲစဉ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဆွေမျိုးတော်စပ်နေသည်ဟု ဘဏ်မှသံသယရှိသဖြင့် သက်တမ်းတိုးခွင့် ကြန့်ကြာခဲ့ကြောင်း စုံစမ်းသိရသည်။
ဝင်းကိုကိုနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မည်သို့မျှ အမျိုးတော်စပ်ခြင်း မရှိကြောင်း ကာတာဘဏ်သို့ ခိုင်လုံသော အထောက်အထားများ တင်ပြပြီးမှသာ ကာတာဘဏ်မှ ခွင့်ပြုသဖြင့် အီဂျစ်နိုင်ငံ မြန်မာသံရုံးသို့ သက်တမ်းတိုး ငွေလွှဲလိုက်နိုင်ကြောင်း သိရသည်။
“၀င်းကိုကိုနဲ့ ကျနော်က အလုပ်အတူတွဲလုပ်နေတာ။ တခန်းတည်းပဲ။ တနှစ်ခွဲကျော်ကြာတယ်။ ကျနော်တို့က မြန်မာပြည်ကိုခွင့်နဲ့ ပြန်မလာခင် သက်တမ်းတိုးထားခဲ့ရတယ်။ သက်တမ်းလက်ကျန် (၆) လရှိမှ ပြန်ဝင်လို့ ရမှာကိုး။ ဒီတော့ ကာတာ Commission Bank မှာ ငွေသွင်းလိုက်တယ်။ ငွေသွင်းပြီးမှ နိုင်ငံကူးလက်မှတ် လှမ်းလွှဲရမှာ။ အဲဒီမှာ ၀င်းကိုကို အမည်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမျိုးအဆွေဖြစ်တာကြောင့် အီဂျစ် သံရုံးကို ငွေလွှဲမပေးနိုင် ဘူးဖြစ်ရော။ အဲဒီဘဏ်က အမေရိကန်နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ဘဏ်။ အဲဒီကိစ္စ မဟုတ်မှန်တဲ့အကြောင်း ကာတာဘဏ်မှာ သွားဖြေရှင်းရရော။ အဲလို ဖြေရှင်းနေတာရယ်၊ စာပြန်ပို့တာရယ်က တလကြာသွားတယ်။ သူနဲ့အတူ တွဲလျှောက်တဲ့ နှစ်ယောက်က ရသွားတယ်” ဟု မကြာခင်က ကာတာမှ ပြန်လာသော ကိုအောင်မင်းက ရှင်းပြ၏။
ကာတာနိုင်ငံတွင် အမှုထမ်းနေသော မြန်မာအလုပ်သမားများသည် ဆက်လက်နေထိုင်လိုက သက်တမ်းတိုး (၃) နှစ်အတွက် အီဂျစ်သံရုံးသို့ ရီရဲ (၁၇၀၀) ပေးဆောင်ရကြောင်း၊ ကာတာတွင် မြန်မာသံရုံးမရှိသည့်အတွက် ကာတာဘဏ်သို့ ငွေသွင်းကာ အီဂျစ်ရှိ မြန်မာသံရုံးသို့ ငွေလွှဲရကြောင်း၊ ငွေလွှဲပြေစာနှင့် အတူ နိုင်ငံကူး လက်မှတ် ကို သံရုံးသို့ ပူးတွဲပို့ပေးရကြောင်း၊ ၀င်းကိုကိုသည် အထက်ပါအခက်အခဲများ ပြေလည်အောင် ဖြေရှင်းပြီးနောက် ဖေဖော်ဝါရီလအတွင်း မြန်မာပြည် ပြန်ရောက်နေပြီဖြစ်ကြောင်း သိရသည်။
“အမေရိကန်က သူနဲ့ပတ်သက်နေတဲ့ ဘဏ်အားလုံးကို အကြောင်းကြားထားတယ်။ ဦးသန်းရွှေအပါအ၀င် နအဖခေါင်းဆောင်ပိုင်း ဆွေစဉ်မျိုးဆက်တွေရဲ့ Bank Account တွေကို ပိတ်ထားတယ်။ အမှန်မှာ ၀င်းကိုကို ဖြစ်သွားတာက နာမည်တူရုံသက်သက်ပါ။ နိုင်ငံကူးလက်မှတ်တို့၊ ဓာတ်ပုံအထောက်အထားတို့ သေချာ မစစ်ဆေးလို့ ဖြစ်တာပါ” ဟု ကိုအောင်မင်းက ပြောသည်။
source by : http://www.khitpyaing.org/news/march_09/24-3-09a.php
ကာတာမှမြန်မာလူငယ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအမျိုးဟု သံသယဖြစ်ခံရ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment