မဆလဝန်ကြီးဟောင်းအိမ် ဖောက်ထွင်းခံရ သိန်းရာနှင့်ချီတန်သည့် စိန်ထည်တွေပါသွား

Thursday, March 26, 2009 ·

NEJ | ရန်ကုန် ရွှေတောင်ကြားလမ်းတွင် နေထိုင်သည့် မဆလခေတ်ဝန်ကြီးဟောင်း အငြိမ်းစား ဗိုလ်မှူးကြီးစိန်ရ ၏အိမ် ဖောက်ထွင်း ခံရပြီး ကျပ်ငွေ သိန်းရာပေါင်းများစွာ တန်ကြေးရှိ စိန်ထည်ပစ္စည်းများ ဆုံးရှုံးသွားကြောင်း ဗဟန်း ရဲစခန်းမှ အမည်မဖော်လိုသူ ရဲဝန်ထမ်းတဦးက ပြောသည်။

၎င်းက “မတ်လ (၂၅) ရက်နေ့ညက ဖောက်ထွင်းခံရတယ်။ ဒီနေ့မနက် (၂၆) ရက်နေ့ မိုးလင်းမှသိတော့ အိမ်ရှင်က လာတိုင်တော့ စခန်းက သွားပြီး စစ်ဆေးရတယ်။ စစ်ဒေသက အရာရှိကြီးတွေလည်း လာကြတယ်။ အမှုကို အမြန်ဆုံးဖော်ထုတ်ဖို့ စစ်ဒေသက စစ်အရာရှိကြီးက ကျနော်တို့ စခန်းမှူးကို အမိန့်ပေးသွားတယ်” ဟု ပြောသည်။

စစ်ဆေးချက်အရ အဲယားကွန်း တပ်ဆင်ထားသည့်နေရာမှ ဖောက်ထွင်းဝင်ရောက်လာခြင်းဖြစ်ပြီး အိမ်ရှင်များ၏ တရားဝင် စာရင်းပေးချက်အရ (၄) ရတီ ရှိသည့် စိန်နားကပ်တရံအပါအဝင် အခြား စိန်ထည် (၁၇) မျိုး ခိုးယူခံရ ကြောင်း သိရသည်။ အဆိုပါစာရင်းသည် ရဲစခန်းကို ပေးသည့် စာရင်းသာဖြစ်ပြီး အခြား စာရင်းမပေးသည့် ငွေသား နှင့် ရတနာပစ္စည်းများလည်း ပါဝင်နိုင်ကြောင်း အဆိုပါ ရဲဝန်ထမ်းက ပြောသည်။

ယခု စာရင်းအရ ဖောက်ထွင်းခိုးယူခံရသည့် ပစ္စည်းများ မည်မျှတန်ကြေးရှိနိုင်သလဲ ဆိုပြီး ဗိုလ်ချုပ်ဈေးအတွင်းမှ စိန်အရောင်းဆိုင် တဆိုင်ကို စုံစမ်းရာ ၎င်းတို့ဆိုင်သို့ ယခု နေ့ခင်းပိုင်းကပဲ ရဲမှုခင်းသတင်းတပ်ဖွဲ့မှ တာဝန် ရှိသူများ လာရောက်စုံစမ်းသွားသည့်အတွက် ခိုးယူခံရသည့် ပစ္စည်း (၁၇) မျိုးစာရင်းကို ၎င်းတို့လည်း ဖတ်ရကြောင်း၊ စိန်နားကပ်တရံတည်းကို ပျမ်းမျှ ကျပ် သိန်း (၂ဝဝ) ဝန်းကျင်ခန့် တန်ကြေးရှိပြီး အခြား ရတနာ ပစ္စည်းများမှာမူ တန်ဖိုးမှန်းဆရန် ခက်ခဲကြောင်း၊ ရဲများက အကယ်၍ စာရင်းပါ စိန်ထည်များကို လာရောက် ရောင်းချသူ ရှိပါက ဆိုင်ထဲတွင် အချိန်ဆွဲထားပြီး ၎င်းတို့ထံ အမြန် တယ်လီဖုန်းဆက် အကြောင်းကြားရန် မှာကြားထားကြောင်း ပြောသည်။

အဆိုပါ သတင်း ရန်ကုန်မြို့ပေါ်မှ ရတနာကုန်သည်ကြီး တချို့ထံ ပေါက်ကြားသွားရာ ၎င်းတို့က ယခုအခါ ရန်ကုန်တွင် ရာဇဝတ်မှု ပေါများလာခြင်းသည် မြို့စွန်၊ မြို့ဆင်ခြေဖုံး၊ မြို့လယ် သာမက ယခင် ခေတ် အဆက်ဆက် အေးချမ်းသည်ဟု ယူဆရသည့် ဗဟန်း ရွှေတောင်ကြားလမ်းပင် စိတ်မချရသည့်အနေအထား ရောက်နေပြီဖြစ် ကြောင်း ဝေဖန်ကြသည်။

ယခင်အာဏာရှင်ဟောင်း ဦးနေဝင်း အပါအဝင် မဆလခေတ် အာဏာပိုင်များသည် မြန်မာနိုင်ငံကို ကမ္ဘာ့ အဆင်းရဲဆုံး တိုင်းပြည် ဖြစ်အောင် လုပ်ခဲ့ကြသော်လည်း ၎င်းတို့ တဦးချင်းမှာမူ နိုင်ငံတော်မှ ခိုးယူထားသည့် ဥစ္စာဓနတို့ဖြင့် ကြွယ်ဝချမ်းသာသူများ ဖြစ်ခဲ့ကြသည်။ ကြွယ်ဝချမ်းသာသည့် မဆလခေတ် အရာရှိကြီးအချို့မှာမူ ငွေကြေးအခိုးခံရ၍ ဖြစ်စေ၊ ငွေကြေးမြောက်မြားစွာ လိမ်လည်ခံရ၍ဖြစ်စေ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မပြုကြဘဲ သက်ဆိုင်ရာ အာဏာပိုင်များနှင့်သာ ကြိတ်ပြီး ဖြေရှင်းလေ့ရှိကြောင်း သိရသည်။

source by : http://www.khitpyaing.org/news/march_09/26-3-09d.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */