ရန်ကုန်ရောက်နေသည့် အမေရိကန်အရာရှိ စီအာပီပီနှင့် တွေ့ဆုံဆွေးနွေး

Thursday, March 26, 2009 ·

မင်းနိုင်သူ | အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး စတီဖင် ဘလိပ် သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် မတွေ့ဆုံမီ ပြည်သူ့ လွှတ်တော်ကိုယ် စားပြုကော်မတီ (စီအာပီပီ) နှင့် တိုင်းရင်းသား ပါတီများမှ ကိုယ်စားလှယ် (၃) ဦးနှင့်လည်း ရန်ကုန်မြို့တနေရာတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

စီအာပီပီအကြောင်းတင်ပြ

ထိုသို့တွေ့ဆုံရာတွင် ရွေးကောက်ပွဲနှင့် ပတ်သက်သောကိစ္စများ၊ စီအာပီပီ၏ အကြောင်း၊ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုများနှင့် စပ်လျဉ်းသည့် အမေရိကန်သဘောထားနှင့် စီးပွားရေးပိတ်ဆို့မှု အပြောင်းအလဲ ရှိလာပါက တိုင်းရင်းသားအဖွဲ့များ၏ သဘောထားစသည်တို့ကို အဓိကထား ဆွေးနွေး ခဲ့ကြသည်ဟု အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ စီအာပီပီ အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်က ခေတ်ပြိုင်သို့ ပြောသည်။

“စီအာပီပီ ဘယ်လိုဖွဲ့စည်းတယ်။ စီအာပီပီ ရဲ့ ရည်ရွယ်ချက်ကဘာ။ နောက် ဘယ်လိုလှုပ်ရှားခဲ့တယ်။ အဲဒါတွေကို အကုန်ရှင်းပြတာပေါ့။ နောက် ၂၀၁၀ ရွေးကောက်ပွဲအပေါ်မှာ စီအာပီပီရဲ့ သဘောထား၊ တိုင်းရင်းသားပါတီတွေရဲ့ သဘောထား။ အဲဒါတွေကို ရှင်းပြခဲ့တာ။ စီအာပီပီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီတွေကို စစ်အစိုးရကနေ အာဏာလွှဲပြောင်းမှုမလုပ်တဲ့အတွက် နောက်ဆုံး ၁၉၉၈ မှာ စီအာပီပီကို ဖွဲ့လိုက်ရတဲ့အကြောင်း။ နောက် စီအာပီပီရဲ့ ရည်ရွယ်ချက်ကတော့ လွှတ်တော်ပေါ်ပေါက်ရေး၊ လွှတ်တော် မပေါ်မီ လွှတ်တော်ကဲ့သို့ ဆောင်ရွက်မယ်ဆိုတဲ့ အဓိက ရည်ရွယ်ချက်နဲ့ ရပ်တည်လာတဲ့အကြောင်း၊ ခုထိ စီအာပီပီမှာ ပါဝင်တဲ့ နိုင်ငံရေးပါတီများ၊ ပုဂ္ဂိုလ်များနဲ့ ဆက်လက်လှုပ်ရှားနေတဲ့အကြောင်း အဲဒါတွေကို ရှင်းပြတယ်” ဟု ဦးအေးသာအောင်က ရှင်းလင်းပြောဆိုသည်။

၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင်

ဦးအေးသာအောင်က “၂၀၁၀ ရွေးကောက်ပွဲကို စဉ်းစားဖို့ဆိုတာ ၂၀၀၈ ခုနှစ်မှာ တဖက်သတ်လုပ်လိုက်တဲ့ ဖွဲ့စည်းပုံကြောင့် အဲဒီဖွဲ့စည်းပုံကိုသာ မပြင်ဘူး။ မဆွေးနွေးဘူးဆိုရင် ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ဘူး။ မစဉ်းစားကြဘူးဆိုတဲ့အကြောင်း ပြောပြလိုက်တယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအကြောင်း ပြောကြတဲ့အခါမှာ ဘာကြောင့်လက်မခံလည်းလို့မေးတယ်။ အဓိကက အဲဒီဖွဲ့စည်းပုံဟာ သူတို့ဟာ သူတို့ တဖက်သတ်လုပ်တယ်။ နောက်တခုက ဒီမိုကရေစီလမ်းကြောင်းပေါ်ကို သွားမယ့်ဖွဲ့စည်းပုံမဟုတ်ဘူး။ နောက်တခါ တိုင်းရင်းသားတွေ လိုလားတဲ့ Right ကို ဖော်ဆောင်ပေးမယ့် ဖွဲ့စည်းပုံမဟုတ်ဘူး။ ပြီးတော့ ဒီဖွဲ့စည်းပုံဟာ ပြင်ဆင်လို့ မရနိုင်အောင် လုပ်ထားတဲ့ ဖွဲ့စည်းပုံဖြစ်တယ်။ ဒါကြောင့်မို့လို့ အဲဒီဖွဲ့စည်းပုံကို လက်မခံဘူးလို့ ရှင်းပြ လိုက်တယ်” ဟု စီအာပီပီ နှင့် တိုင်းရင်းသားပါတီများ၏ ဖွဲ့စည်းပုံနှင့် ရွေးကောက်ပွဲအပေါ် ဆွေးနွေးခဲ့မှုများကို ရှင်းပြသည်။

စစ်အစိုးရထိခိုက်သည့် ဒဏ်ခတ်မှုကို စီအာပီပီကြိုဆို

အမေရိကန် နိုင်ငံခြားရေးဌာန အရှေ့တောင်အာရှ ညွှန်ကြားရေးမှူး မစ္စတာစတီဖင်ဘလိပ်ဘက်မှ ဆွေးနွေး ခဲ့မှုများ နှင့် စပ်လျဉ်း၍ “သူတို့က sanction နဲ့ ပတ်သက်လို့ ပေါ်လစီ နည်းနည်း ပြောင်းချင်တယ်လို့ ပြောတယ်။ အဓိကက အစိုးရကိုသာ ထိခိုက်စေမယ်။ နောက် အစိုးရနဲ့ ပတ်သက်တဲ့ ကုမ္ပဏီကြီးတွေကိုသာ ထိခိုက်စေမယ်။ သာမန် ဆင်းရဲသား ပြည်သူတွေကို အကျိုးရှိမယ့် Sanction မျိုးလုပ်ခဲ့မယ်ဆိုရင် အဲဒါကို ဘယ်လို သဘောထား လဲလို့ မေးတယ်။ ဆိုတော့ အန်ကယ်တို့က ဒီလိုဆိုရင်တော့ လက်ခံနိုင်တယ်လို့ပြောလိုက်တယ်” ဟု ဦးအေးသာအောင် က ပြောသည်။

အဆိုပါတွေ့ဆုံပွဲသို့ စီအာပီပီမှ ဦးအေးသာအောင်နှင့် အတူ ဦးနိုင်ငွေသိမ်း၊ ဦးနိုင်ထွန်းသိမ်းတို့ တက်ရောက်ခဲ့ကြ သော်လည်း ဦးပူကျင့်ရှင်းထန်မှာ ခရီးလွန်နေသဖြင့် မတက်ရောက်ခဲ့ကြောင်း သိရသည်။

“သုံးဦးပဲတက်တယ်ဆိုပေမယ့် တိုင်းရင်းသားပါတီတွေအနေနဲ့က အားလုံးဒီသဘောပဲ။ သဘောတူညီချက်က တသဘောတည်းပဲ ရှိတယ်။ ဖွဲ့စည်းပုံကို ပြင်ရမယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ရမယ်။ ဆွေးနွေးရမယ်။ အဲလိုဟာတွေမလုပ်ဘူးဆိုရင်တော့ ၂၀၁၀ ရွေးကောက်ပွဲကိုမစဉ်းစားဘူး။ အားလုံးအတူတူပဲ။ ဒီအချက်တွေကို တိုင်းရင်းသားပါတီတွေဘက်က ထုတ်ပြန်ပြီးပြီလေ” ဟု ဦးအေးသာအောင်က ဆိုသည်။

source by : http://www.khitpyaing.org/news/march_09/26-3-09b.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */