NEJ | ကမ္ဘာသုံး ငွေကြေးတမျိုးရှာဖွေကြရန် တရုတ်ကတောင်းဆိုလိုက်သည့်အတွက် အမေရိကန်ဒေါ်လာ အကျပ်အ တည်းနှင့် ရင်ဆိုင်ရတော့မည်ဖြစ်သည်။
ငွေကြေးအကျပ်အတည်းနှင့် ပတ်သက်ပြီး ဧပြီလ (၁) ရက်နှင့် (၂) ရက် လန်ဒန်တွင် ဆွေးနွေးမည့် ဂျီ (၂၀) ထိပ်သီးနိုင်ငံများ အစည်းအဝေးမတိုင်ခင် တရုတ်က တောင်းဆိုလိုက်ခြင်းဖြစ်သည်။
နိုင်ငံတကာငွေကြေးများကို ကိုယ်စားပြုမည့် ကမ္ဘာသုံးငွေကြေးကို နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ကြီး ထိန်းချုပ်ထားရမည်။ သို့မှသာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့်ငွေကြေးတည်ငြိမ်မှု ရမည်ဟု တရုတ်က ထောက်ပြသည်။ အမေရိကန်ဒေါ်လာကို အစားထိုးမည့် ကမ္ဘာသုံး ငွေကြေးစနစ်တမျိုးရှာဖွေကြရန် တရုတ် ဗဟိုဘဏ်ဥက္ကဋ္ဌက တိုက်တွန်ခြင်းဖြစ်သော်လည်း ထိုတောင်းဆိုချက်ကို အမေရိကန်နှင့် အီးယူက ပယ်ချ လိုက်သည်။
အမေရိကန်ဒေါ်လာ ဘီလီယံ (၁,၀၀၀) ဖိုးရှိ အမေရိကန်ဒေါ်လာ ငွေကြေးစာချုပ်များကို တရုတ်က ပိုက်မိလျက် သားဖြစ်နေသည့်အတွက် ဒေါ်လာကို စိတ်မချသည့် တရုတ်က ဒေါ်လာစနစ်ကို အစားထိုးရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
ဒေါ်လာသည် ဆယ်စုနှစ်ပေါင်းများစွာ ကမ္ဘာသုံး ငွေကြေးဖြစ်ခဲ့သည်။ အစိုးရအတော်များများ မိမိတို့နိုင်ငံ၏ အရန်ငွေ အများအပြားကို ဒေါ်လာနှင့် ထားကြသည်။ ရေနံစိမ်းနှင့် အခြားကုန်စည်များကို ဒေါ်လာနှင့်သာ တန်ဖိုးဖြတ်ကြသည်။ ကမ္ဘာတ၀ှမ်း စီးပွားရေးလုပ်ငန်းများကို ဒေါ်လာနှင့် အရောင်းအ၀ယ်လုပ်ကြသည်။
သို့သော် အမေရိကန်စီးပွားရေးကြောင့် ကမ္ဘာ့နိုင်ငံအများအပြား မည်မျှထိခိုက်နိုင်သနည်းဆိုသည်ကို လက်ရှိ ငွေကြေးစီးပွားကပ်က ဖော်ပြနေသည်။
အမေရိကန်သမ္မတ အိုဘားမားကမူ တရုတ်၏ တောင်းဆိုချက်ကို မလိုအပ်ဟု ယူဆသည်။ “ကမ္ဘာသုံးငွေကြေး တမျိုးလိုအပ်တယ်လို့ ကျနော်မယုံကြည်ပါဘူး။ လောလောဆည် ဒေါ်လာတန်ဖိုးမာနေတာဟာ အမေရိကန် စီးပွားရေးဟာ ကမ္ဘာ့အတည်ငြိမ်ဆုံး နိုင်ငံရေးစနစ်နဲအတူ အခိုင်မာဆုံးစီးပွားရေးလို့ ရင်းနှီးမြှုပ်နှံသူတွေ သဘောထားနေတဲ့အချက်ကြောင့် ဖြစ်တယ်” ဟု ပြောသည်။
source by : http://www.khitpyaing.org/news/march_09/26-3-09c.php
ဒေါ်လာကို အာခံဖို့ တရုတ်ကြိုးပမ်းချက် မအောင်မြင်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment