အာဘီဆစ်အစိုးရကို ကျေးဇူးရှင်ပီအေဒီက ဖိအားပေး

Wednesday, March 11, 2009 ·

BKK Post / The Nation | ထိုင်းဒီမိုကရက်ပါတီ အာဏာရရန် လမ်းခင်းပေးခဲ့သည့် ပီအေဒီအဖွဲ့၏ တောင်းဆိုချက်များကို မလိုက်လျော နိုင်သည့်အတွက် အာဘီဆစ်အစိုးရ ဘေးကျပ်နံကျပ်ဖြစ်နေသည်။

၂၀၀၈ ခုနှစ် အောက်တိုဘာ (၇) ရက်က ပီအေဒီဆန္ဒပြသူများကို နှိမ်နင်းရာ၌ ကြီးကြပ်ခဲ့သည့် ထိုင်းရဲချုပ် ပတ်ချရာဝပ် ၀မ်ဆူဝမ်ကို အရေးယူအပြစ်ပေးရန် ပီအေဒီက ဖိအားပေးသည်ကို အာဘီဆစ်အစိုးရက လက်မခံ ခဲ့ပေ။ ထိုင်းကာကွယ်ရေးဝန်ကြီးနှင့် ညီအစ်ကိုတော်သူ ရဲချုပ်နှင့် အာဘီဆစ်ကို အာဏာရအောင် လုပ်ပေး ခဲ့သည့် နေ၀င်းချစ်ချော့တို့ ရင်းနှီးသည်။ ထို့ကြောင့် နေ၀င်းချစ်ချော့နှင့် ဒီမိုကရက်ပါတီ အတွင်းရေမှူးချုပ် လည်းဖြစ်၊ ဒု-၀န် ကြီးချုပ်လည်းဖြစ်သည့် ဆူထက်တို့ပေါင်းပြီး ရဲချုပ်ကို အကာအကွယ်ပေးသည်ဟု ပီအေဒီက စွပ်စွဲသည်။

တချိန်တည်းမှာပင် King Power Group ကုမ္ပဏီက အစိုးရမဖွဲ့ခင် ဒီမိုကရက်ပါတီ အမတ်တဦးကို ဘတ် (၁၀၀,၀၀၀) (ဒေါ်လာ ၃,၀၀၀ နီးပါး) ပေးခဲ့သည်ဟု ပီအေဒီခေါင်းဆောင် ဆွန်ထိက စွပ်စွဲခဲ့သည်။ ပီအေဒီသာ မပေါ်ခဲ့လျှင် တပ်ဆင်လည်း ၀န်ကြီးချုပ်က ပြုတ်မည် မဟုတ်သကဲ့သို့ အာဘီဆစ်လည်း အတိုက်အခံ ခေါင်းဆောင် ဘ၀က တက်မည်မဟုတ်။ ထို့ကြောင့် အာဘီဆစ်အစိုးရသည် ပီအေဒီ အပေါ် ကျေးဇူးကြီးမား သည်ဟု ပီအေဒီက ယူဆပြီး အဆုံးစွန်သော တောင်းဆိုမှုများကို လုပ်လာခြင်းဖြစ်သည်။

သို့သော် ဒီမိုကရက် အစိုးရကလည်း ပီအေဒီကို မျက်နှာသာပေးပုံမရပေ။ မနှစ်က ပါလီမန်ကိုဝိုင်းခဲ့သည့် ပီအေဒီ ဆန္ဒပြသူများ ဗုံးကိုင်ဆောင်သည်ဆိုသည့် ကောက်ချက်ကို ထိုင်းရဲက ကောက်ချက်ဆွဲအပြီးတွင် ပီအေဒီ ခေါင်းဆောင် (၂၁) ဦးကို ပါလီမန်သိမ်းသည့်ကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းရန် ဆင့်ခေါ်ခြင်းခံရသည်။ ယင်းသို့ ဆင့်ခေါ်ခြင်းမှာ ဒု-၀န်ကြီးချုပ် ဆူထက်၏ လက်ချက်မကင်းဟု ပီအေဒီက ယူဆသည်။

ဤတွင် ပီအေဒီက နိုင်ငံရေး ပါတီထောင်မည့်အကြောင်း မကြာခင်က ကြေညာခဲ့သည်။ အာဘီဆစ်အနေဖြင့် ဆူထက်ကို နိုင်အောင် ကိုင်မည်ဆိုလျှင် လာမည့်ရွေးကောက်ပွဲ၌ ဒီမိုကရက်ပါတီအနိုင်ရရန် ပီအေဒီပါတီက ပူးပေါင်းမည်ဖြစ်သည့်အတွက် နေ၀င်းချစ်ချော့ကို အားကိုးစရာမလိုဟု မက်လုံးပေးသလိုလိုဖြင့် ခြိမ်းခြောက်သည်။

တဘက်ကကြည့်တော့လည်း နေ၀င်းချစ်ချော့သည် တပ်ဆင်ထောက်ခံသည့် အမတ် (၂၈) ဦးကို ဒီမိုကရက် ပါတီဘက် ခြံခုန်လာအောင် ဒီမိုကရက် အာဏာရအောင် ဦးဆောင်ခဲ့သူဖြစ်နေပြန်သည်။ ပီအေဒီကလည်း တပ်ဆင်အစိုးရ ပြုတ်ကျအောင် လက်တွေ့အင်အားပြခဲ့သည့် အဖွဲ့ဖြစ်နေပြန်သည်။

ထို့ကြောင့် နိုင်ငံရေး အကျပ်အတည်းမျိုးစုံနှင့် ကြုံနေရသည့် အာဘီဆစ်အစိုးရအနေဖြင့် ပီအေဒီကို ဆက်ပြီး မဟာမိတ်လုပ်ထားရမည့် နည်းကလွဲ၍ လောလောဆည် အခြားရွေးစရာမရှိ။ စီးပွားရေးတက်လာအောင် တွန်းအားပေးသည့်အနေဖြင့် အစိုးရက လူထုလက်ထဲ ငွေထည့်ပေးသည့်ကိစ္စ ပြီးအောင်စောင့်ရမည်။ ငွေရလျှင် လူထုက အာဘီဆစ်အစိုးရကို ထောက်ခံမည်။ ဤတွင် လူထုအားနှင့် ပီအေဒီကို အလွယ်တကူ ပြန်ရင်ဆိုင်နိုင် သည်။

source by : http://www.khitpyaing.org/news/march_09/11-3-09a.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */