ဂဠုန်ဦးစောမိသားစုများက စာရေးဆရာကို တောင်းပန်ခိုင်း

Wednesday, March 11, 2009 ·

မင်းနိုင်သူ | နိုင်ငံတော်လုပ်ကြံမှုတရားခံ ဂဠုန်ဦးစောရဲ့ နောက်ဆုံးနေ့များ စာအုပ်ရေးသားသူကို ဂဠုန်ဦးစော၏ မြေးများက အချက်အလက်များ မှားယွင်းကြောင်းနှင့် ထုတ်ဝေခွင့် တောင်းခံမှုမပြုခဲ့ခြင်းတို့ကြောင့် တောင်းပန် ခိုင်းသည့် စာတစောင်ပေးခဲ့ကြောင်း သိရသည်။

စာရေးဆရာသန်းဝင်းလှိုင် ရေးသားသော ယင်းစာအုပ်အတွက် တောင်းပန်ခိုင်းသည့်စာကို အင်ကြင်း စာပေမှ တဆင့် ဂဠုန်ဦးစော၏မြေး ဒေါ်ခေမာရင် ပေးပို့ခဲ့ရာ ယမန်နေ့၌ လက်ခံရရှိခဲ့ကြောင်း စာရေးဆရာက အတည်ပြု ပြောဆိုသည်။

အဆိုပါစာတွင် မိသားစု၏ ခွင့်ပြုချက်မရဘဲ စီးပွားရေးအတွက် ထုတ်ဝေခြင်းနှင့် ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာ စေသော အချက်များပါခြင်း တို့ကြောင့် စာရေးသူမှ တောင်းပန်ရမည်ဟု ဖော်ပြထားကြောင်း သိရသည်။

“ကျနော်တို့က စီးပွားရေးအရ ထုတ်ဝေတာမဟုတ်ဘူး။ နိုင်ငံရေးအရ ထုတ်ဝေတာလည်းမဟုတ်ဘူး။ အများသိသင့်သိထိုက်တဲ့ သမိုင်းတွေမို့လို့ ရေးသားထုတ်ဝေတာဖြစ်တယ်။ နောက်ပြီး သူတို့က အချက် အလက်တွေ မှားတယ်လို့ ပြောတယ်။ ဂဠုန်ဦးစောသမီး ဘေဘီစောရဲ့ အခြားနာမည်ဟာ မခင်ရီဆိုတာ မဟုတ်ဘူးလို့လည်း သူတို့က ပြောတယ်။ ကျနော်က အသေအချာ ကိုးကားပြီးမှ ရေးခဲ့တာ။ ၁၉၄၇ ခုနှစ် သြဂုတ်လ (၂၉) ရက်ထုတ် သတင်းစုံဂျာနယ်မှာလည်း ဘေဘီစောရဲ့ အခြားအမည်ဟာ မခင်ရီဆိုတာ ရေးထားတယ်” ဟု စာရေးသူက ပြောသည်။

အဆိုပါ စာမူအား စာပေစိစစ်ရေးအပြင် သမိုင်းသုတေသနဌာနသို့လည်း တင်ပြခဲ့ရကြောင်း၊ ယင်းဌာနတို့မှ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလအတွင်း ထုတ်ဝေခွင့် ချပေးခဲ့ရာ ယခုနှစ် ဇန်န၀ါရီ (၂၅) ရက်တွင် စာအုပ်ဖြန့်ချိ ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထိုစာအုပ်ထွက်ရှိလာပြီးနောက် ဦးညီညီရင်နှင့် ဒေါ်ဘေဘီစောတို့၏ သားသမီးများက စာရေးဆရာထံ တောင်းပန်ရန်စာ ပေးပို့ထားခြင်း ဖြစ်ကြောင်း၊ ယင်းစာပေးပို့မှုမှာ ပုဂ္ဂလိက တောင်းဆိုမှုတခုသာဖြစ်ကြောင်း စာရေးသူဘက်မှ ကူညီဆောင်ရွက် ပေးနေသည့် ရှေ့နေ ဒေါ်ခင်ခင်အေးက ပြောသည်။

source by : http://www.khitpyaing.org/news/march_09/11-3-09b.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */