နေပြည်တော်ဘုရားပွဲ အကြီးကျယ်ဆုံးဆင်နွှဲ

Wednesday, March 11, 2009 ·

ကိုစိုး | မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးစီးတည်သည့် နေပြည်တော် ဥပ္ပါတသန္တိ စေတီကြီး၌ ယနေ့ တွင် နိုင်ငံတ၀န်းရှိ သံဃာတော်များကို ပင့်ဖိတ်၍ ဘွဲ့တံဆိပ်များ ဆက်ကပ်ကာ ဆွမ်းဆန် စိမ်းလောင်း လှူကြောင်း သိရသည်။


ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ ဘုရားကို ဂါရဝပြု ပူဇော်နေစဉ် (ဓာတ်ပုံ - အေအက်ဖ်ပီ)
အဆိုပါ စေတီကြီး ဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့ သွားရောက်ခဲ့သော ပျဉ်းမနားမြို့ခံတဦးက ယမန်နေ့တွင် စေတီကြီးကို ထီးတင်ပြီး၍ ယနေ့တွင် ဆွမ်းဆန်စိမ်း လောင်းလှူခြင်း ဖြစ်သည်ဟု ပြောသည်။

“ထီးက မနေ့ကတည်းက တင်တာ၊ ဒီနေ့ ဆွမ်းဆန်စိမ်း လောင်းပွဲပါ၊ သံဃာတော် တွေကိုလည်း ဘွဲ့တဆိပ်တွေ ကပ်တယ်၊ ကျောက်ပန်းတောင်းက ကိုယ်တော်တွေတောင် ပါတယ်၊ အခု ဆွမ်းဆန်စိမ်း လောင်းပြီးလို့ ခဏပြန်လာတာ၊ သံဃာတွေက ဗမာ တပြည်လုံးက၊ မနည်းဘူး၊ ၇၀၀ ကျော်လောက် ရှိတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောပြသည်။

ယခုပေးသည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်၊ လူပုဂ္ဂိုလ်ဆိုင်ရာ ဘွဲ့တံဆိပ် အများစုသည် သက်ဆိုင်ရာ အာဏာပိုင်ထံသို့ ကာယကံရှင်များက တင်ပြလျှောက်ထားခြင်းဖြစ်သည်ဟု ရန်ကုန်မြို့မှ စာချ ဓမ္မာစရိယ သံဃာတော် တပါးက ပြောသည်။

“၅ လ လောက်ကတည်းက ကြိုပြီးလျှောက်လွှာတင်ရတာ၊ သက်ဆိုင်ရာ အဆင့်ဆင့်ရဲ့ ထောက်ခံချက် ယူရ တယ်၊ အက်စ်ဘီ တို့ ၊ ပြည်ထဲရေးတို့ကလည်း စုံစမ်းစစ်ဆေးတာတွေ ရှိတယ်၊ ဟိုတုန်းက အဂ္ဂမဟာ ပဏ္ဍိတ ဘွဲ့ရ သံဃာဆိုတာ တနိုင်ငံလုံး တပါး ၂ ပါးရှိတယ်၊ အခုက မှိုလိုပေါက်နေတာ”ဟုလည်း ၎င်းက မိန့်ဆိုသည်။


ယင်း ဘွဲ့တံဆိပ်ရစာရင်းများကို ပြီးခဲ့သည့် ဇန်န၀ါရီ (၄)ရက် လွတ်လပ်ရေးနေ့က ကြေညာခဲ့ပြီး ယနေ့ တပေါင်း လပြည့်နေ့တွင် ပေးအပ်ခြင်းဖြစ်ကြောင်း၊ ယခင်က ရန်ကုန်မြို့ ကမ္ဘာအေးဘုရား မဟာပါသာဏလှိုင်ဂူတွင် ပေးအပ်ခဲ့ ခြင်းဖြစ်ကြောင်း၊ ယခု နေပြည်တော်တွင် စတင်၍ပေးအပ်ခြင်းဖြစ်ပြီး နောင်နှစ်များတွင်လည်း နေပြည် တော်တွင်ပင် ပေးအပ်ဖွယ် အလားအလာ ရှိကြောင်းလည်း ဆိုသည်။

ယနေ့ထုတ်အစိုးရ သတင်းစာများတွင် ယမန်နေ့ နံနက်ပိုင်းက ဥပ္ပါတသန္တိ စေတီ ဗုဒ္ဓါ ဘိသေက အနေ ကဇာတင် မဟာမင်္ဂလာ အခမ်းအနားကျင်းပပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် ဇနီး ဒေါ်ကြိုင်ကြိုင် မိသားစု၊ သားမြေးများ တက်ရောက်ကြည်ညိုကြကြောင်း ဓာတ်ပုံများဖြင့် ဝေဆာစွာဖော်ပြထားသည်။

ယင်း ဗုဒ္ဓါ ဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ဥက္ကဌ မကွေးဆရာတော်ကြီး ဘဒ္ဒန္တ ကုမာရ အမှူးပြုသည့် သံဃာတော် အပါး ၁၀၈၀ တို့က ဗုဒ္ဓါ ဘိသိက် သွန်းလောင်း ကြောင်းလည်း သတင်းစာတွင်ပါရှိသည်။

ဥပ္ပါတသန္တိ စေတီ မဟာမင်္ဂလာ အခမ်းအနားများ ကျင်းပအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ အတွင်းရေးမှူး(၁) ဒု ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ်ကြီးသူရရွှေမန်း စသည့် စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့် မိသားစုဝင်များ က ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်းများနှင့် အဖိုးတန် ကျောက်မျက်ရတနာ လှူဖွယ် ၀တ္ထုများ လှူဒါန်းကြပြီး အဘယ ဒါန၊ ဇီဝိတဒါန ၊ အာယုဒါန အနေဖြင့် လိပ်နှင့် ငါးများကို ဘေးမဲ့လွှတ်ကြသည်ဟု သတင်းစာများက ဖော်ပြသည်။

ယမန်နေ့ ညပိုင်းတွင်လည်း ရွှေထီးတော်၊ စိန်ဖူးတော် တင်လှူပွဲနှင့် ဗုဒ္ဓါ ဘိသေက အနေကဇာတင် မဟာ မင်္ဂလာ အခမ်းအနား ကျင်းပသည့် အထိမ်းအမှတ်အဖြစ် ကြည့်ချင်ပွဲများဖြင့် ဆက်လက်ပြသဖျော်ဖြေကြောင်း သတင်းစာတွင် ရေးသားထားသည်။

အဆိုပါ ဥပ္ပါတသန္တိ ဟူသော ဘွဲ့အမည်ကိုသတ်မှတ်ခြင်းသည် ဘေးအန္တရာယ် ကင်းဝေးခြင်း အဓိပ္ပာယ်ကို ယူ၍ သတ်မှတ်ခြင်းဖြစ်သည်ဟု သိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးက ရှေးခေတ် ပဒေသရာဇ် ရှင်ဘုရင်များ အလားသဏ္ဍန် ခံယူကျင့်သုံးနေသူဟု ယူဆရကြောင်းနှင့် ယခု စေတီတော်ကြီးကိုလည်း ရှင်ဘုရင်များက နန်းဦးစေတီ၊ နန်းတက်ဘုရားသဖွယ် တည် သကဲ့သို့ တည်ထားခြင်းလည်း ဖြစ်နိုင်သည်ဟု အထက်ပါ သံဃာတော်က မိန့်ဆိုသည်။

နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီကို တည်ရခြင်းအကြောင်းအရင်းသည် စစ်အစိုးရအနေဖြင့် သံဃာတော် များကို နှိပ်စက်သတ်ဖြတ် မှုများ အပါအ၀င် မြန်မာ ပြည်သူများအပေါ် ကျူးလွန်ထားသည့် ပြစ်မှုများစွာအတွက် ယတြာ ချေသည့် အနေဖြင့် တည်ခြင်း ဖြစ်နိုင်သည်ဟု မြန်မာပြည်သူများအကြားတွင် ပြောဆိုနေကြကြောင်း သိရသည်။

ယင်း ဥပ္ပါတသန္တိ စေတီတော်ကြီးကို လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်က စတင်၍ တည်ခဲ့ပြီး နေပြည်တော်ကို လက်ရှိ စစ်အစိုးရက ၂၀၀၅ ခုနှစ် နိုဝင်ဘာလအတွင်း၌ ပြောင်းရွှေ့၍ ၂၀၀၆ ခုနှစ်အတွင်းတွင် မြန်မာနိုင်ငံ၏ မြို့တော် အဖြစ် သတ်မှတ်ကြေညာခဲ့သည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=817:2009-03-10-12-22-56&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */