ကွန်နက်ရှင်ကြောင့် ရန်ကုန်အင်တာနက်ဆိုင် အများစု ပိတ်ထားရ

Tuesday, March 24, 2009 ·

NEJ | အင်တာနက် မြန်နှုန်းများ သုံး၍မရနိုင်သည်အထိ အလွန်နှေးကွေးနေခြင်းကြောင့် ရန်ကုန်မြို့တွင် အင်တာနက်ဆိုင် အများစု ပိတ်ထားကြောင်း မြို့ခံများက ပြောသည်။ အထူးသဖြင့် အင်တာနက်မှ နိုင်ငံခြားသို့ တယ်လီဖုန်းခေါ် ဝန်ဆောင်မှုပေးနေသည့်ဆိုင်များ လုံးဝပိတ်ထားကြကြောင်း သိရသည်။

ရန်ကုန်မြို့ (၃၉) လမ်းနှင့် မဟာဗန္ဓုလလမ်းပေါ်တွင် အင်တာနက်ဆိုင် ဖွင့်လှစ်ထားသူတဦးက “(၂၁) ရက်နေ့ကစ အင်တာနက်ကနေ နိုင်ငံခြားကို တယ်လီဖုန်းခေါ် ဝန်ဆောင်မှုပေးတာ လုံးဝ လုပ်လို့ မရတော့လို့ ရပ်ဆိုင်းထားပါတယ်။ အင်တာနက် သုံးဖို့ဆိုလည်း နေ့ဘက်တွေဆို လုံးဝ သုံးလို့မရပါဘူး။ ညဘက်နဲ့ မနက်အစောကြီးဆို နည်းနည်းသုံးလို့ရတယ်။ ဒါကြောင့် ဆိုင်ကို ပိတ်ထားရပါတယ်” ဟု ပြောသည်။

ရန်ကုန်မြို့ရှိ အင်တာနက် သုံးစွဲသူများသည် နေ့စဉ်ဆက်သွယ်မှုအတွက် အင်တာနက်ကဖေးဆိုင်များကို အသုံးပြုနေကြရပြီး အသုံးပြု၍ ရနိုင်မည့် ဆိုင်များကို တဆိုင်ဝင်တဆိုင်ထွက် မေးမြန်းစုံစမ်းနေကြကြောင်း သိရသည်။

လှိုင်တက္ကသိုလ်ဝင်းအတွင်း မြန်မာအင်ဖိုတက် အဆောက်အဦက ပုဂ္ဂလိက ကုမ္ပဏီတခုတွင် အလုပ်လုပ်နေသူ ကွန်ပျူတာ အင်တာနက် ကျွမ်းကျင်သူ အင်ဂျင်နီယာတဦးကမူ အစိုးရက နိုင်ငံတကာ ဆက်ကြောင်း ပြုပြင်ရန် အတွက် အင်တာနက် ဆက်သွယ်မှု (၅) ရက် ကွန်နက်ရှင် နှေးကွေးမည်ဟု ကြေညာထားသော်လည်း ကွန်ပျူတာ အင်တာနက် ကျွမ်းကျင်သူများက ယုံကြည်သူ မရှိသလောက် နည်းကြောင်း၊ အားလုံး ထင်မြင် ယူဆကြသည်က မကြာမီကျရောက်မည့် မတ်လ (၂၇) ရက် တပ်မတော်နေ့ မတိုင်မီ ပြည်တွင်းက သတင်း အချက်အလက်များ ပြည်ပသို့ စီးထွက်နေမှုကို ကြိုတင် တားဆီးလို၍ ဖြစ်နိုင်ကြောင်း ပြောသည်။

၎င်းက ဆက်လက်၍ ယခင်က ပြဿနာတစုံတခု ဖြစ်မှသာ ယခုကဲ့သို့ အင်တာနက်လိုင်းများ နှေးကွေး သွားရန်နှင့် ပြတ်တောက်သွားအောင် လုပ်လေ့ရှိကြောင်း၊ ဥပမာ ၂ဝဝ၇ စက်တင်ဘာ သံဃာ့ အရေးအခင်း ကာလ၊ နာဂစ် လေမုန်တိုင်းဘေး ရင်ဆိုင်ရစဉ် ကာလ စသဖြင့် ပြည်တွင်း၌ တစုံတခု ပြဿနာဖြစ်တိုင်း ရေအောက် ကေဘယ်လ် ပြတ်တောက်သွား၍ ပြင်ဆင်ရမည်ဆိုပြီး လိမ်လည်အကြောင်းပြခဲ့ကြောင်း၊ ယခုလည်း ကြိုတင်လက်ဦးမှုယူပြီး ကာကွယ်ခြင်းဖြစ်နိုင်ကြောင်း ရှင်းပြသည်။

နအဖစစ်အစိုးရက ပြီးခဲ့သည့် ဒီဇင်ဘာ ရတနာပုံ မြို့သစ် အိုင်စီတီ ပြပွဲ ပြုလုပ်ချိန်၌ မြန်မာပြည်နှင့် တရုတ်၊ အိန္ဒိယ၊ ထိုင်း စသဖြင့် ကုန်းတွင်း ဖိုင်ဘာအော့ပ်တစ် ဆက်ကြောင်းသစ်များ သွယ်တန်းပြီးစီးပြီဖြစ်သည့်အတွက် မကြာမီ အင်တာနက်လိုင်းများကို မြန်နှုန်းမြင့်မြင့်ဖြင့် သုံးစွဲရမည် ဖြစ်ကြောင်း ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်ကိုယ်တိုင် တရားဝင် ကြေညာခဲ့ဖူးသည်။

မတ်လ (၂၁) ရက်မှ (၂၅) ရက်နေ့အကြား နိုင်ငံတကာ အင်တာနက် ဆက်ကြောင်းလိုင်း SEA-ME-WE3 ပြုပြင်ရန်အတွက် (၅) ရက်ခန့် အချိန်ယူရမည်ဖြစ်သည့်အတွက် အင်တာနက် အီးမေးလ် အသုံးပြုမှုများ နှေးကွေးသွားမည်ဟု မြန်မာတယ်လီပို့က သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

မြန်မာစစ်အစိုးရသည် အင်တာနက်မှ ဖရီးအီးမေးလ်များအပါအဝင် ဝက်ဘ်ဆိုက်ပေါင်း မြောက်မြားစွာကို ပိတ်ပင်ထားသည့်အပြင် ဓာတ်ပုံ၊ ဗီဒီယို၊ သတင်းအချက်အလက်များ ရယူ၊ ပေးပို့ရာတွင် အခက်အခဲတွေ့စေရန် ကွန်နက်ရှင်ကိုလည်း အလွန်နှေးကွေးသည့် နှုန်းဖြင့်သာ အသုံးပြုခွင့်ပေးထားကြောင်း ရန်ကုန်မြို့ခံ အင်တာနက် အသုံးပြုသူများက ပြောပြကြသည်။

source by : http://www.khitpyaing.org/news/march_09/24-3-09c.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */