NEJ | ထိုင်းနိုင်ငံသည် ဒီမိုကရေစီစနစ်ကို စံထားသည့် နိုင်ငံဖြစ်သည့်အတွက် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အပါအ၀င် တော်လှန်ရေးအဖွဲ့အစည်းများအား ဆိုးဆိုးဝါးဝါးအခြေအနေမျိုးရောက်အောင် တွန်းပို့မည့် နိုင်ငံမဟုတ် ဟု ယုံကြည်ကြောင်း ကေအန်ယူက ပြောသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စတွင် ထိုင်း-မြန်မာနယ်စပ်မှ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များပါဝင်ရန် ထိုင်းအစိုးရအား မြန်မာစစ်အစိုးရဘက်က အကူအညီတောင်းသည့်ကိစ္စနှင့် ပတ်သက်ပြီး ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘောက ယခုကဲ့သို့ ခေတ်ပြိုင်သို့ ပြောခြင်းဖြစ်သည်။
ပဒိုဒေးဗစ်သကဘောက “ဒီကိစ္စနဲ့ပတ်သက်ပြီး အများကစိုးရိမ်နေကြတယ်။ ထိုင်းနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို စံထားတဲ့ နိုင်ငံဖြစ်တယ်။ ကျနော်တို့အပေါ်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ရန်သူလိုမမြင်ဘူး။ ထိုင်းဟာ ဒီမိုကရေစီ ကို လေးစားတဲ့ နိုင်ငံဆိုတော့ အဲဒီလို မတရား မမှန်မကန် လုပ်လေ့မရှိဘူး။ မမှန်မကန်လုပ်ရင် တရားမျှတတဲ့ ငြိမ်းချမ်းရေးကို ရမှာမဟုတ်ဘူး။ ရေရှည်မှာ အကျိုးမရှိဘူးဆိုတာ သူတို့နားလည်ပါတယ်။ ထိုင်းနိုင်ငံဟာ နိုင်ငံတကာစံနဲ့ အလုပ်လုပ်တဲ့ အစိုးရဖြစ်တယ်” ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာဆစ်နှင့် မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းတို့ တွေ့ဆုံရာတွင် ကေအန်ယူအား နားချပေးရန် ဦးဉာဏ်ဝင်းက တောင်းဆိုခဲ့သည်။
ကာဆစ် မြန်မာနိုင်ငံသွားခြင်းသည် ထိုင်းတွင်သောင်တင်နေသည့် ရိုဟင်ဂျာ ဒုက္ခသည်များအရေးကို စစ်အစိုးရက မည်သို့ ကူညီမည်ဆိုသည့် ကိစ္စ ဆွေးနွေးရန် ဖြစ်သည်။ ရိုဟင်ဂျာကိစ္စ အတွက် မြန်မာဘက်က မည်သို့ ထိုင်းအား ကူညီမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ကေအန်ယူကို လက်နက်ချရေး ကိစ္စအတွက် ထိုင်းအစိုးရက ဆွေးနွေးပေးရန် စစ်အစိုးရဘက်က တောင်းဆိုခဲ့ခြင်းဖြစ်သည်။
“ထိုင်းအစိုးရဟာ မြန်မာစစ်အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ်ကို ထောက်ခံသလို ရုဒ်မက် (၇) ချက်နဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုကိုလည်း ထောက်ခံပါတယ်။ ကေအန်ယူကို လက်နက်ချရေးကိစ္စအတွက် ဆွေးနွေးဖို့ မြန်မာ စစ်ခေါင်းဆောင် တွေကို ကျနော် ကတိပေးခဲ့ပါ တယ်။ အဲသလို ဆွေးနွေးဖို့ မြန်မာ စစ်ခေါင်းဆောင် တွေက ကျနော်တို့ကို ယုံကြည်ပုံရပါတယ်” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာဆစ်က ပြောသည်။
ကေအန်ယူက မြန်မာစစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို မည်သည့်အတွက် လက်မခံနိုင်ကြောင်း မိမိကိုယ်တိုင် ကေအန်ယူပြောသည်ကို ကြားလိုသည်ဟုပါ ကာဆစ်က ပြောသည်။
ပဒိုဒေးဗစ်သကဘော ဆက်ပြောရာတွင် “ထိုင်းဘက်က ဆွေးနွေးလာမယ်ဆိုရင် ကျနော်တို့ဘက်က ငြိမ်းချမ်းတဲ့ နည်းနဲ့ စကားပြောမယ်။ ကျနော်တို့အခြေအနေ၊ တိုင်းပြည်အခြေအနေ၊ လူထုအခြေအနေတွေ ရှင်းပြပြီး အားလုံးအတွက် အကျိုးရှိမယ့် လုပ်ငန်းစဉ်တခုကို ချပြမယ်။ ကျနော်တို့ကတော့ လူထုဆန္ဒနဲ့အညီမဟုတ်ဘဲ နအဖလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကိုတော့ လုံးဝလက်မခံနိုင်ဘူး။ ၀င်စရာလည်း အကြောင်းမရှိဘူး” ဟု ပြောသည်။
ထိုင်းအာဏာပိုင်များသည် ကရင်အမျိုးသားအစည်းအရုံးမှ ခေါင်းဆောင်များကို ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် မပြုဘဲ မိမိတို့ တပ်စခန်း များတွင်သာ ပြန်လည်နေထိုင်ရန် ယခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက် နေ့စွဲဖြင့် အသိပေး အကြောင်း ကြားစာ ပေးပို့ခဲ့ပြီးဖြစ်သည်။
ကေအန်ယူ ဒု-ဥက္ကဋ္ဌက လက်ရှိအခြေအနေတွင် မိမိတို့အား ထိုင်းနယ်မြေထဲ လာရောက်ရန် ခွင့်မပြုသော်လည်း ဆေးဝါးကုသခွင့်၊ ခိုလူံခွင့်နှင့် အရေးပေါ်ကိစ္စများကို နိုင်ငံတကာစံအရ ထိုင်းနိုင်ငံက နားလည်ပေးမှုများ ရှိကြောင်း၊ ယခုကိစ္စတွင် ထိုင်းအမြင်နှင့် ကေအန်ယူအမြင် တူညီမူ မရှိနိုင်သော်လည်း ပဋိပက္ခ ဖြစ်နိုင် လောက်သည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်စရာ အကြောင်းမရှိဟု ယုံကြည်ကြောင်း ဖြည့်စွက် ပြောကြားသည်။
source by : http://www.khitpyaing.org/news/march_09/24-3-09d.php
ကေအန်ယူလက်နက်ချရေး ထိုင်းကို စစ်အစိုးရ ဖိအားပေး
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment