ပေါ်လစီ မပြောင်းမခြင်း စစ်အစိုးရနှင့် အတိုက်အခံ ဆွေးနွေးရေး အမေရိကန် အားပေးမည်

Thursday, March 26, 2009 ·

NEJ | အမေရိကန်အရာရှိနှင့် မြန်မာစစ်အစိုးရ ရုတ်တရက်တွေ့ဆုံခြင်းသည် မြန်မာစစ်အစိုးရအပေါ် အမေရိကန် သဘောထား ပြောင်းလဲသွားသည့် သဘောမဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး စတီဖင်ဘလိပ်နှင့် မြန်မာ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းတို့ အင်္ဂါနေ့က နေပြည်တော်မှာတွေသည့်သတင်းကို စစ်အစိုးရ ဘက်က ထုတ်ပြန်ပြီး မကြာခင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယခုကဲ့သို့ ငြင်းဆို လိုက်ခြင်းဖြစ်သည်။

ရန်ကုန်-အမေရိကန်သံရုံးသဘောထား

မစ္စတာဘလိပ်၏ မြန်မာနိုင်ငံခရီးစဉ်သည် မြန်မာနိုင်ငံအပေါ် အမေရိကန်ပေါ်လစီပြောင်းလဲရေးနှင့် ဆက်စပ်မှု ရှိမရှိ ရန်ကုန်-အမေရိကန်သံရုံးသို့ ခေတ်ပြိုင်က မေးမြန်းရာ “မစ္စတာဘလိပ် မြန်မာနိုင်ငံလာခြင်းဟာ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ် (၅) နိုင်ငံ ချစ်ကြည်ရေး ခရီးရဲ့ အစိတ်အပိုင်းအနေနဲ့ လာတာဖြစ်ပါ တယ်။ မြန်မာနိုင်ငံ လက်ရှိအခြေအနေနဲ့ စပ်လျဉ်းပြီး သဘောအထား အမြင် အမျိုးမျိုးရှိတဲ့ သူတွေနဲ့ မစ္စတာ ဘလိပ် တွေ့ဆုံခဲ့ပါတယ်” ဟု လက်ထောက် လူထုဆက်ဆံရေးအရာရှိ ဒရိတ်ဝိုက်ဆတ်က ဖြေကြားသည်။

မြန်မာအပေါ် အမေရိကန်ပေါ်လစီပြောင်းရေး စဉ်းစားနေဆဲ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်ကမူ ဘလိပ်၏ မြန်မာခရီးစဉ်သည် မြန်မာနိုင်ငံအပေါ် အမေရိကန်သဘောထားပြောင်းလဲရေးနှင့် မပတ်သက်ကြောင်း ငြင်းဆိုသည်။

၎င်းက “ဘလိပ်ရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံအပေါ် အမေရိကန်သဘောထား ပြောင်းတဲ့ကိစ္စကို ရောင်ပြန်မဟပ် ပါဘူး။ မြန်မာနိုင်ငံအပေါ် အမေရိကန်ပေါ်လစီ ပြန်သုံးသပ်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန် ပြောတဲ့ကိစ္စက ခုမှစဉ်းစားဆဲဖြစ်ပါတယ်။ ဘယ်လိုသဘောထားပြောင်းမယ်ဆိုတာ မဆုံးဖြတ်ရ သေးခင် ကာလမှာ မြန်မာအာဏာပိုင်တွေနဲ့ အတိုက်အခံကြား စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပေါ်အောင် အမေရိကန်က ဆက်ပြီး အားပေးနေမှာပါ” ဟု ပြောသည်။

အန်အယ်လ်ဒီသဘောထား

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှရေးရာညွှန်ကြားရေးမှူး စတီဖင်ဘလိပ်နှင့် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် (၇) ဦး၊ ပြန်ကြားရေး တာဝန်ခံ (၃) ဦးတို့နှင့် ယမန်နေ့က အန်အယ်လ်ဒီပါတီရုံးချုပ်တွင် (၁) နာရီခန့်အကြာ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကလည်း ခေတ်ပြိုင်သို့ ပြောသည်။

“သူ့အနေနဲ့ အဖွဲ့ချုပ်က လက်ရှိနိုင်ငံရေးအပေါ် အမြင်တွေကို အချက်အလက်တွေကိုမေးတာပါပဲ။ နောက် သူ့ဘက် ကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အင်ဒိုနီးရှားခရီးစဉ်မှာ ပြောခဲ့တဲ့ဟာတွေကို ရှင်းပြတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးမေးမြန်းပါတယ်။ ကျနော်တို့ကတော့ လာမယ့် ရွေးကောက်ပွဲ ဟာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံကို အခြေခံထားတာကို ပြန်ပြီး သုံးသပ်ဖို့ကိုပဲအားသန်တယ်။ နောက် ၂၀၁၀ ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး ကျနော်တို့ မဆုံးဖြတ်နိုင်သေးဘူးဆိုတာကို ပြောပြတယ်။ သူတို့အနေနဲ့ ဆောက်ရွက်ဖို့ အကြံပြုချက်တွေ လိုချင်ပါတယ်ပြောပါတယ်။ ကျနော်ပြောနိုင်တာကိုပြောမယ်နော်။ ကျနော်ပြောနိုင်တာကတော့ အမေရိကန်ကဆောင်ရွက်ဖို့ဆိုရင် နအဖနဲ့ တိုက်ရိုက်ညှိနှိုင်း ဆောင်ရွက် သင့်တယ်လို့ ဒီလိုအကြံပြုချက် ပေးခဲ့ပါ တယ်၊ မစ္စတာဘလိပ်ဟာ စစ်အစိုးရဆီက ဘာသတင်းစကားမှ ယူမလာသလို ဒေါ်အောင်ဆန်းစုကြည်အကြောင်း လည်း ပြောမသွားပါဘူး” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ဒဏ်ခတ်မှူမအောင်မြင်ဟု အမေရိကန်ယူဆ

မြန်မာစစ်အစိုးရအပေါ် အမေရိကန် စီးပွားရေးဒဏ်ခတ်မှု မအောင်မြင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးက ပြောလိုက်သည့်အတွက် မြန်မာနိုင်ငံအပေါ် အမေရိကန်ပေါ်လစီ အပြောင်းအလဲ ဖြစ်ရန်များသည်ဟု နိုင်ငံတကာ သတင်းများက သုံးသပ်သည်။

သို့သော် မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ထားသည့်ဥပဒေကို ရုပ်သိမ်းမည် သို့မဟုတ် မည်သည့် ပေါ်လစီနှင့် အစားထိုးမည် ဆိုသည်ကိုမူ နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်က တိတိကျကျ ပြောမသွားပေ။

မြန်မာအရေး မည်သို့ဖြေရှင်းရမလဲဆိုသည့်ကိစ္စနှင့် ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရနှင့်လည်း တိုင်ပင်ဆွေနွေး နေကြောင်း မစ္စကလင်တန်က အင်ဒိုနီးရှား သတင်းစာရှင်းလင်းပွဲတခုတွင် ပြောကြားသည်။ သို့သော် စီးပွားရေး ဒဏ်ခတ်မှုကို လျော့ပါးစေမည့်အချက်သည် အိုဘားမား အစိုးရ စဉ်းစားနေသည့်အထဲမှ တချက်ဖြစ်သည် ဆိုသည် ကိုမူ မစ္စကလင်တန်က ငြင်းဆိုခြင်း မရှိပေ။

“မြန်မာနိုင်ငံအပေါ် ကျမတို့ချမှတ်ခဲ့တဲ့ စီးပွားရေးဒဏ်ခတ်မှုက စစ်အစိုးရကို ပြောင်းလဲအောင် မလုပ်နိုင်ပါဘူး။ ဒါပေမယ့် မြန်မာစစ်အစိုးရနဲ့ ဆက်ဆံဖို့ ကြိုးစားတဲ့ မြန်မာရဲ့ အိမ်နီးချင်း နိုင်ငံတွေသုံးတဲ့ ပေါ်လစီလည်း စစ်အစိုးရအပေါ် သြဇာမညောင်းခဲ့ပါဘူး” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

သို့သော် အိုဘားမားအစိုးရဘက်က မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ထားမှုကို လျော့ပါးအောင် ကြိုးစားမှု မှန်သမျှ အမေရိကန်ကွန်ဂရက်မှာ အတိုက်အခံနှင့် ကြုံရနိုင်သည်ဟု ၀ါရှင်တန်ပိုစ်သတင်းစာကြီးက ထောက်ပြ ထားသည်။ လက်ရှိ အိုဘားမားအစိုးရ၏ ဒု-သမ္မတ ဘိုင်ဒန်သည်ပင် မြန်မာကျောက်မျက်ဥပဒေ ဖြစ်ပေါ်ရေး အတွက် တချိန်ကတွန်းအားပေးခဲ့သူ ဖြစ်သည်။

source by : http://www.khitpyaing.org/news/march_09/26-3-09a.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */