ရန်ကုန် ယာဉ်တိုက်မှုနှုန်းများပြား

Friday, March 13, 2009 ·

ကြည်ဝေ | ယခုနှစ်ဆန်းပိုင်း ယာဉ်တိုက်မှုများကြောင့် ဒဏ်ရာရ သေဆုံးမှုနှုန်း ၂ ဆကျော် တိုးလာသော်လည်း ရန်ကုန် မြို့တွင် အရေးပေါ် လူနာကောက်ယာဉ် ၂ စီးသာ ရှိသည်ဟု သိရသည်။

“ယာဉ်တိုက်မှု ဖြစ်တဲ့နေရာမှာ ချက်ချင်း သေဆုံးခဲ့တာ တွေရှိတယ်။ အများစုကတော့ အရေးပေါ်ဌာနကို အသက် မသေဆုံးခင် ရောက်လာကြပါတယ်” ဟု ရန်ကုန်ဆေးရုံကြီး၊ အထွေထွေကုသဆောင် မှ ဆရာဝန်ကြီး တဦးက ပြောဆိုသည်။

“ဒါပေမယ့် ဆေးရုံရောက်ပြီး မကြာခင် သေဆုံးသွားကြတယ်”ဟု ဆိုသည်။

လူဦးရေ ၆ သန်းကျော်ရှိသော ရန်ကုန်မြို့တွင် ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသူများအား အရေးပေါ် လူနာတင်ယာဉ်ဖြင့် ကယ်ဆယ်ရေး အစီအစဉ်ကို ၂၀၀၆ ခုနှစ်က ယာဉ် ၁ စီးဖြင့် စတင် ဆောင်ရွက်ခဲ့သည်။

ပုဂ္ဂလိက ဆေးခန်းများက ယာဉ်တိုက်မှုတွင် ဒဏ်ရာရသူများကို လက်ခံ ကုသလေ့ မရှိပေ။ ဥပဒေအရ ညှိစွန်းမှု ရှိနိုင်သည်ဟု ယူဆကြသောကြောင့် ဖြစ်သည်။ လူနာကို ဒာစိုးရ ဆေးရုံကြီးသို့ ပို့ဆောင်ရာတွင်လည်း လူနာ တင်ယာဉ်ဖြင့် မဟုတ်ဘဲ တက္ကစီ အငှားယာဉ်များဖြင့် ဖြစ်သလို ပို့ဆောင်နေရသည်။ ထိုအကြောင်းများကြောင့် သေဆုံးမှု များပြားရခြင်းဖြစ်ကြောင်း သိရသည်။

၂၀၀၈ ဇန်န၀ါရီ နှင့် ၂၀၀၉ ဇန်န၀ါရီ ယာဉ်မတော်တဆမှု၊ ဒဏ်ရာရမှု၊ သေဆုံးမှုများ နှိုင်းယှဉ်ချက်

ယာဉ်တိုက်မှု
ဒဏ်ရာရသေဆုံး
၂၀၀၈ ဇန်န၀ါရီ ၄၈ ၁၀၈
၂၀၀၉ ဇန်န၀ါရီ ၈၁ ၁၇၇ ၁၃

အချက်အလက် - ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ

တနှစ်အတွင်း ယာဉ်မတော်တဆဖြစ်မှုကို တွက်ချက်ကြည့်ပါက ပျမ်းမျှအားဖြင့် တရက်လျှင် ၄ ဦး ခန့် သေဆုံးနေကြောင်း ယာဉ်ထိန်းရဲဌာန၏ စာရင်းများအရ သိရှိရသည်။

ယာဉ်မောင်းများ၏ ပေါ့ဆမှု၊ ဆင်ခြင်ဉာဏ် နည်းပါးမှုများကြောင့် ယာဉ်တိုက်မှုများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ သို့သော်လည်း အဓိကအကြောင်းရင်းမှာ ယာဉ်ကြံ့ခိုင်မှု အားနည်းခြင်းကြောင့် ဖြစ်ကြောင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ တာဝန်ရှိသူတဦးက ပြောဆိုသည်။

မတော်တဆမှု ဖြစ်ပွားခဲ့သော ယာဉ်များကို စစ်ဆေးကြည့်ရာတွင် အများစုမှာ လိုင်းကားများဖြစ်ပြီး ၊ ယာဉ်ကြံ့ ခိုင်မှုပိုင်း အားနည်းချက်များ ရှိနေသည်ကိုတွေ့မြင်ရကြောင်း၊ မော်တော်ယာဉ် လိုင်စင် သက်တမ်းတိုးမှု လျှောက်ထားစဉ်က ယာဉ်ကြံ့ခိုင်ရေး အပိုင်းကို လာဘ်ငွေပေးပြီး အောင်မြင်ခဲ့ဟန် တူကြောင်း အဆိုပါ အရာရှိက သုံးသပ်သည်။
မြန်မာနိုင်ငံ အတွင်းလက်ရှိအသုံးပြုနေကြသော လိုင်းကားများမှာ မော်ဒန်နိမ့် အလွန် ဟောင်းနွမ်းနေပြီ ဖြစ်သော ကားများဖြစ်သည်။ ယာဉ်မောင်း အများစုမှာလည်း ကားပိုင်ရှင်များ မဟုတ်ပေ။

“ကျနော် မောင်းတဲ့ကား ပြင်မယ်ဆိုရင် ၂ ရက် ကြာမယ်၊ ငွေ ၂ သိန်းလောက် ကုန်မယ် အဲဒီ နှစ်ရက်မှာ ကျနော် ဘာနဲ့ သွားစားမလဲ၊ ပြီးတော့ အုံနာ (ကားပိုင်ရှင်) ကလည်း ကားပြင်စရိတ် အားလုံးကို မပေးနိုင်ဘူး၊ တယောက် တ၀က် ပေးရမယ်ဆိုတာနဲ့ ကျနော့်ကား မပြင်နိုင်သေးဘဲ ထိန်းမောင်းနေတာ” ဟု ၄၅ကားလိုင်းမှ ယာဉ်မောင်း တဦးက ၄င်းကား၏ အခြေအနေကို ပြောပြသည်။

“ကျနော်တို့ရတဲ့ ၀င်ငွေနဲ့ ပေးရတဲ့ အုံနာခနဲ့ ပြီးတော့ မော်တော်ပီကယ်တွေကို ပေးနေရတဲ့ ကုန်ကျစရိတ်တွေနဲ့ ကားပြင်ဖို့ ဆိုတာ တလတခါတောင် မဖြစ်နိုင်ဘူး ဖြစ်နေတယ်၊ ပျက်ပျက်ချင်း မပြင်နိုင်လို့ ထိန်းပြီး မောင်းနေ ရာကနေ ဖြစ်သွားကြတာပဲ”ဟု အဆိုပါ ယာဉ်မောင်းက ဆိုသည်။

ရုံးဆင်းရုံးတက် လိုင်းကားစီးရသော ၀န်ထန်းတဦးက ယာဉ်တိုက်မှု သတင်းများကြောင့် လိုင်းကားစီးပြီး ရုံးတက် ရမည်ကို ကြောက်ရွံ့နေသည်ဟု ဆိုသည်။

“ကျမတို့က ကိုယ်ပိုင်ကားလည်း မရှိ၊ တက္ကစီလည်း မစီးနိုင်တော့ လိုင်းကားနဲ့ပဲ ရုံးတက် ရုံးဆင်း လုပ်ရတာပဲ၊ ခုတော့ ဘုရားတပြီး စီးနေရတာပဲ၊ ကားပေါ် ရောက်ကတည်းက သံဗုဒ္ဓေ ရွတ်နေရတယ်” ဟု သူက ပြောပြသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=825:2009-03-12-11-24-16&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */