တွံတေး ကျူရှင်ဆရာ ဆန္ဒပြပြန်ပြီ

Saturday, March 28, 2009 ·

မဇ္ဈိမ | နယူးဒေလီ။ ။ ရန်ကုန်တိုင်း တွံတေးမြို့မှ တကိုယ်တော် ဆန္ဒပြသမား ကျူရှင်ဆရာ ဦးအောင်ဖေသည် ယနေ့နံနက်ပိုင်းက ဆန္ဒပြရာ အာဏာပိုင်များက ဖမ်းဆီး ခေါ်ဆောင်သွားသည်။

အသက် ၅၂ နှစ်အရွယ် ဦးအောင်ဖေသည် တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင် ယနေ့ နံနက် ၆ နာရီခန့်မှ နေ့လယ် ၁၁ နာရီခွဲအထိ (၅ နာရီခွဲခန့်အကြာ) မတ်တပ်ရပ် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

“သူက ဘာမှ မလုပ်ဘူး။ သူ့စာ သူ ဖတ်နေတာ။ စည်းဝိုင်းတားပြီး မတ်တပ်ရပ်တယ်။ တမနက်လုံး ရဲတွေ မတွေ့ဘူး။ တွေ့တော့မှ ဓာတ်ပုံရိုက်ပြီး ခေါ်သွားတာပဲ။ ရိုးရိုးရဲတွေ၊ ရဲသတင်းတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်လူကြီး (ရယက) တွေ ပါတယ်” ဟု မျက်မြင်သက်သေတဦးက မဇ္ဈိမကို ပြောသည်။

ဆန္ဒပြစဉ်တလျှောက်လုံး မည်သည့် ကြွေးကြော်အော်ဟစ်မှုမျိုးမှ မရှိကြောင်း သိရသည်။ ယနေ့သည် ၆၄ နှစ်မြောက် တပ်မတော်နေ့ (ယခင်အခေါ် တော်လှန်ရေးနေ့) ဖြစ်ပြီး စစ်အစိုးရက နေပြည်တော်တွင် အခမ်းအနား ပြုလုပ်နေခဲ့ကာ လူမြင်ကွင်းတွင် မိန့်ခွန်းပြောဆိုလေ့နည်းပါးသော စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှုးကြိးသန်းရွှေက ဂုဏ်ပြုတပ်ဖွဲ့သို့ မိန်းခွန်းပြောကြားသွားခဲ့သည်။

ဦးအောင်ဖေသည် ယခင်နှစ်များကလည်း ဆန္ဒပြမှုများ ပြုလုပ်ခဲ့သူဖြစ်သည်။

၂ဝဝ၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် ၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် တိုင်းပြည်၌ အမှန်တကယ် လွတ်လပ်ခြင်း မရှိကြောင်း ပြသသည့်အနေဖြင့် လက်ကို ပလပ်စတစ်ကြိုးနှင့် ချည်ကာ လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ၂ မိနစ်ခန့် အလေးပြုဆန္ဒပြခဲ့သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ကျရောက်သည့် အမျိုးသားနေ့တွင် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ သွားရောက်နေစဉ် တွံတေးမြို့နယ် ရဲမှူးက မေးစရာရှိသည်ဟုဆိုကာ အချုပ်ခန်းတွင် တလကျော်ကြာ ထိန်းသိမ်းခံရသေးသည်။

ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်နေ့က ရှစ်လေးလုံးနေ့ အမှတ်တရ ပြုလုပ်ခြင်း၊ မေလအတွင်းက လူထု ဆန္ဒ ခံယူပွဲ ကျင်းပရာ မဲရုံတွင် မဲလိမ်လည်မှုကို ကန့်ကွက်ခြင်း၊ အဖွဲ့ချုပ် လက်ကမ်းစာရွက်များကို NO အင်္ကျီဝတ်ကာ လိုက်လံဝေငှခြင်းတို့ကြောင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်ပျက်ပြားစေသည်ဟုဆိုကာ တွံတေးမြို့နယ် တရားရုံးက ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်ကာ သူ့ကို တနှစ် ခြေချုပ်ချထားခဲ့သည်။

၂ဝဝ၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကလည်း ၁ဝ တန်းကျောင်းသားများနှင့်အတူ လွတ်လပ်ရေး ကျောက်တိုင်တွင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အခမ်းအနား ပြုလုပ်ခဲ့သဖြင့် နောက်တရက်တွင်မူ သူ့ကို မြို့နယ်တရားရုံးက ပုဒ်မ ၂၃ - ကျူရှင်အက်ဥပဒေဖြင့် တရားစွဲကာ ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချခဲ့ရာ ၂ဝဝ၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြန်လွတ်လာသည်။

တွံတေးမြို့နယ်တွင် ယနေ့ ဆန္ဒပြမှုသည့် ယခုလအတွင်း ဒုတိယအကြိမ်မြောက် ဖြစ်သည်။ နာဂစ်မုန်တိုင်းသင့် ဒုက္ခသည်များကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းချုပ်က ပေးဝေထားသည့် နေအိမ်များကို ဒေသ အာဏာပိုင် များက ဆွေမျိုးနီးစပ်များအတွက် ဦးစားပေး ဝေငှလိုက်သဖြင့် မကျေနပ်သည့် ရွာသား ၂ဝ ခန့်က တွံတေးမြို့ လေဘေး ပြန်လည်ထူထောင်ရေးရုံးရှေ့တွင် ယခုလ ၂ဝ ရက်နေ့က ဆန္ဒပြခဲ့သေးသည်။

source by : http://www.mizzimaburmese.com/news/inside-burma/2667-2009-03-27-09-43-42.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */