ကဗျာဆရာကြည်အောင် ကွယ်လွန်

Saturday, March 28, 2009 ·

ဖနိဒါ | ချင်းမိုင်(မဇ္ဈိမ) ။ ။ နာမည်ကြီး ကဗျာဆရာ ကြည်အောင်သည် အသက် ၇၂ နှစ်အရွယ်တွင် နှလုံး ရောဂါဖြင့် မန္တလေး ပြည်သူ့ဆေးရုံကြီး၌ ယနေ့ ညနေပိုင်းက ကွယ်လွန်သွားပြီဖြစ်သည်။

အမည်အရင်း ကြည်လင်နှင့် ကလောင်အမည် ကြည်အောင်သည် စာဖတ်ပရိသတ်က ချစ်ခင်လေးစား ခံရသူ ဖြစ်သည်။

“ဟုတ်ပါတယ်။ ဒီနေ့ ညနေ ၄ နာရီ ထိုးဖို့ ၅ မိနစ်အလိုမှာ ဆုံးသွားပါတယ်။ နှလုံးရောဂါနဲ့ပါ။ အဲဒီလို နှလုံးရောဂါ ထနေတာကတော့ ၂ ပတ်လောက်တော့ ရှိပြီ။ ... မန္တလေးဆေးရုံ အထူးကုသဆောင်မှာ ဆုံးသွားတာပါ” ဟု တူဖြစ်သူ ဦးခင်မောင်အေးက မဇ္ဈိမကို ပြောသည်။

"ကျနော်တို့ မိသားစုမှာက ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ တူတွေ၊ တူမတွေ အားလုံးက ကြောက်လည်း ကြောက်တယ်။ ချစ်လည်း ချစ်တယ်။ လေးစားတယ်။ ရိုသေလေးစားထိုက်တဲ့ ပုဂ္ဂိုလ်တဦး ဖြစ်တယ်။ မိသားစု အားလုံးကို မှန်ကန်တဲ့ နည်းလမ်းတွေ ပြပေးတဲ့ ပုဂ္ဂိုလ် ဖြစ်တဲ့အခါကျတော့ ဝမ်းနည်းစရာပါပဲ'' ဟု သူက ဆက်ပြောသည်။

ဆရာကြီးသည် ၁၉၆၃ ခုနှစ်တွင် သူ၏ “လမင်းတရာ ကဗျာများ” စာအုပ်ဖြင့် အမျိုးသား စာပေဆု ရရှိခဲ့ပြီး၊ “မိခင် မာရသွန်”၊ “သိစ္စာရှာဖို့ ငါ မြင်းရှာမယ်” ၊ “ဟေမန္တ ခြေမြန်တော်” စသည့် ကဗျာများဖြင့် ထင်ရှား ကျော်ကြားသည်။

“သူ့ကို တော်လှန်ကဗျာဆရာလို့ ခေါ်ရင် ရပါမယ်။ သူက ကဗျာဆိုတာက စကားလုံး၊ အတွေး၊ ခံစားချက်၊ လက္ခဏာတွေ မသေတဲ့ ကဗျာတွေပေါ့။ စကားလုံးမှာလည်း အားရှိတယ်။ အတွေး ကောင်းတယ်။ ခံစားမှု ကတော့ ပြည်သူ့ဘက်က ခံစားတတ်တယ်” ဟု ကဗျာဆရာ ကိုလေး (အင်းဝ ဂုဏ်ရည်) က မဇ္ဈိမကို ပြောသည်။

ကိုလေး( အင်းဝ ဂုဏ်ရည်) က “ကြည်လင်ရေ- မင်းသေတာ လူသိပါတယ်ကွာ” ဟူသည့် စကားတခွန်းကို ဂုဏ်ပြုအမှတ်တရ ဖြည့်စွက်ပြောဆိုသည်။

ထို့အပြင် ဆရာကြည်အောင် နောက်ဆုံးပြောခဲ့သည့် စကားတခွန်းကို ပြောပြရာ - လာမည့် ဧပြီလ ၇ ရက်နေ့ လူထုဒေါ်အမာ ကွယ်လွန်သည့် နှစ်ပတ်လည်နေ့အတွက် သားဖြစ်သူ ဦးညီပုလေးက “ဆရာ (ကြည်အောင်) မေမေ့ နှစ်ပတ်လည်နေ့ကို ဘုန်းကြီး ၁ဝ ပါး ဆွမ်းကပ်ပဲ လုပ်မယ်'' ဟု ပြောဆိုရာ ဆရာကြည်အောင်က “ငါ မှီချင်လိုက်တာကွာ” ဟူ၍ နှုတ်ဆက်စကား ပြောခဲ့သည်ဟု ဆိုသည်။

သူသည် မောင်ရူပ အမည်ဖြင့် ချင်းတွင်းဂျာနယ်များတွင် ယခင်ကတည်းက ကဗျာများ ရေးသားခဲ့သည်။

ကဗျာဆရာ ကြည်အောင်၏ ဈာပနကို နိုင်ငံတော် ဈာပနအဖြစ် ပြုလုပ်ပေးသင့်ကြောင်း ကိုလေး (အင်းဝ ဂုဏ်ရည်) က ဆိုသည်။

တနင်္ဂနွေနေ့ နံနက် ၁ဝ နာရီတွင် ပြည်သူ့ဆေးရုံ အအေးတိုက်မှ ကြာနီကန် (သုဿန်) တွင် သင်္ဂြိုဟ်မည်။

source by : http://www.mizzimaburmese.com/news/inside-burma/2677-2009-03-27-16-18-03.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */