နိရဉ္စရာ | ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် သ၀င်ချောင်းကျေးရွာမှ ရဲအငြိမ်းစား အရာရှိ တဦးအား ပြည်ပ မီဒီယာများနှင့် ဆက်သွယ်မူ ရှိသည့် သံသယဖြင့် မောင်တော စရဖ (စစ်ထောက်လှမ်းရေး)က ဖမ်းဆီး လိုက်သည်။
ဖမ်းဆီးခံရသူမှာ ဦးမြတ်ထွန်းဖြစ်ပြီး နယ်စပ်တွင် ပုလင်းရောင်းဝယ်ရေးကို လုပ်ကိုင်နေသူ တဦးဖြစ်သည်ဟု သိရသည်။
အမည်မဖေါ်လိုသူ သူ့၏ ဆွေမျိုး တဦးအပြောအရ ဦးမြတ်ထွန်းအား မောင်တောမှ အပြန် ဘူးသီးတောင် ဗျူဟာဂိတ်တွင် လွန်ခဲ့သော အပတ်က ဖမ်းဆီးပြီး မောင်တော စရဖ ရုံးသို့ ယူဆောင်လာခဲ့ပြီး (၅) ရက်တိုင်တိုင် ပြင်းပြင်း ထန်ထန် ရိုက်နှက် စစ်ဆေးမေးမြန်းခဲ့သည်ဟု သိရသည်။
ယမန်နေ့က သူအား တရားရုံးတွင် စရဖတပ်ဖွဲ့မှ လ၀က အမူတခုဖြစ်သည့် တရားမ၀င် နိုင်ငံခြား သွားရောက်မူ နှင့် တရားစွဲ ဆိုခဲ့သည်ဟု သိရသည်။
ကိုမြတ်ထွန်းအား သွားရောက်တွေ့ဆုံခဲ့သူ တဦးက သူ့အား ဖလောင်းချိတ်မြို့တွင် နေထိုင်သူ သတင်းပေး တဦးမှ သတင်းမှား ပေးခဲ့သဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ပြောသည်။
သူ၏ အမူနှင့် ပတ်သက်ပြီး နောက်ဆက်တွဲ သတင်းများကို တိတိကျကျ မသိရသေးသော်လည်း သူ့အား ယခုအခါ မောင်တော ရဲစခန်းတွင် ချုပ်နှောင်ထားသည်ဟု သိရသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဖလောင်းချိတ်မြို့တွင် နအဖ စစ်ထောက်လှမ်းရေးမှ ခန့်အပ်ထားသော သတင်းပေး တဦး ရှိနေပြီး သူ၏ သတင်းပေး မူကြောင့် အမေရိကန် နိုင်ငံတွင် နေထိုင်သူ ခိုင်အောင်ကျော်၏ညီ ဦးသာထွန်းမှာ ပြည်တွင်းသို့ အလုပ်ဖြင့် ၀င်ရောက်စဉ် မောင်တောမြို့တွင် ဖမ်းဆီးခံရပြီး ထောင် (၅) နှစ်ချမှတ်ခံခဲ့ရသည်။
ယင်းအပြင် သူနှင့် ဆက်စပ်နေသူ အများအပြားလည်း ရခိုင်ပြည်နယ်တွင် ဖမ်းဆီးခံခဲ့ရသည်။
ထိုကဲ့သို့ ရန်သူ သတင်းပေးအား ရခိုင်နိုင်ငံရေး အသိုင်းအ၀ိုင်းနှင့် တော်လှန်ရေး သမားများမှ ခိုင်ခိုင်မာမာ သိရှိသော်လည်း အရေး တစုံတရာ မယူနိုင်သဖြင့် အဆိုပါ သတင်းပေးမှာ ယခုအခါ လူမြင်ကွင်းထိ တက်လာပြီး လက်ကိုင်ဖုံးဖြင့် မောင်တော စစ်ထောက်လှမ်ရေးသို့ ပေါ်ပေါ်ထင်ထင်ကြီး သတင်းပေးနေသည်ဟု မျက်မြင် မြန်မာပြည်သား တဦးက ပြောသည်။
source by : http://www.narinjara.com/detailsbur.asp?id=1749
ရဲအငြိမ်းစား တဦး မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ်တွင် ဖမ်းဆီးခံရ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment