ဦးထွန်းကျော် | နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးကို ရည်ရွယ်ပြီး လက်ရှိ ဖြစ်ပေါ်နေသော ပြဿနာများ အပေါ် တွေ့ဆုံ ဆွေးနွေး အဖြေရှာရန် အတွက် မြန်မာနိုင်ငံသို့ အမေရိကန် အဆင့်မြင့် အရာရှိ တဦး များမကြာမှီက သွားရောက် လည်ပတ်ခဲ့သည်ဟု မြန်မာစစ်အစိုးရ သတင်းစာများက ရေးသားဖေါ်ပြသည်။
ယခု အလည်အပတ်သွားရောက်မူမှာ ရှားရှားပါးပါး သွားရောက် လည်ပတ်မူ ဖြစ်ပြီး ၀ါရှင်တန်က မြန်မာ စစ်အစိုးရကို ဖြစ်နိုင်စရာရှိသော အသစ်လွှင်ဆုံး ချဉ်းကပ်မူ အရိပ်အရောင်ဖြစ်သည်ဟု နိုင်ငံရေး အကဲခတ်များက ပြောသည်။
အမေရိကန်နိုင်ငံခြားရေး ဌာန၏ အရှေ့တောင်အရှရေးရာ ဒါရိုက်တာ စတီဖန်ဗလက်သည် အင်္ဂါနေ့က နေပြည်တော်၌ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်းကို တွေဆုံခဲ့သည်။
“ ပြည်ထောင်စုမြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား နှစ်နိုင်ငံဆက်ဆံရေးကို အဆင့် တိုးမြင့်ရန်နှင့် အပြန်အလှန် အကျိုးစီးပွါးများနှင့် ပတ်သက်သည့် ပြဿနာရပ်များအပေါ်တွင် ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်” ဟု စစ်အစိုးရပိုင် မြန်မာ သတင်းစာများက ရေးဖေါ်ပြကြသည်။
ယခင် သမ္မတဟောင်း ဘုရှ်အစိုးရက မြန်မာ့ စစ်အစိုးရအပေါ်တွင် ထားရှိသော ခက်ထန်သည့် သဘောထား ရပ်တည်ချက်များကို ယခုအမေရိကန် သမ္မတသစ် ဘားရတ်အိုဘာမား အစိုးရက ပြန်လည်သုံးသပ်လျှက် ရှိနေချိန်တွင် ဤခရီးစဉ် ပေါ်ထွက်လာခြင်းဖြစ်သည်။
နှစ်နိုင်ငံ အကြားမှာ ဆက်ဆံရေးကို အဆင့်တိုးမြင့်ရန် အမေရိကန်အစိုးရမှ အဆင့်မြင့်အရာရှိတဦး နေပြည်တော်သို့ လာရောက်ခြင်းသည် ယခု အကြိမ်သည် ပထမဆုံး ဖြစ်သည်ဟု နေပြည်တော်မှ စစ်ဘက်ဆိုင်ရာ အရာရှိတဦးကပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် လာရီဒိန်ဂျာလည်း ဒါရိုက်တာ ဆတီဖန် ဗလက်နဲ့အတူ နေပြည်တော်သို့ လိုက်ပါခဲ့သည်ဟု သိရသည်။
အဆိုပါ ခရီးစဉ်နှင့် ပတ်သက်၍ အမေရိကန် အစိုးရထံမှ ချက်ချင်း ဝေဖန်ချက်များ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း သိရသည်။
source by : http://www.narinjara.com/detailsbur.asp?id=1750
အသံဖိုင်အား ဗွီအိုအေ သတင်းဌာနမှ ရယူပါသည်။
အမေရိကန် အရာရှိ တဦး မြန်မာပြည်ကို သွားရောက် လည်ပတ်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment