နယ်စပ် ခြံစည်းရိုးကာမည့် စစ်သားများ မြန်မာ-ဘင်္ဂလာ- အိန္ဒိယ နယ်စပ်သို့ ရောက်ရှိ

Thursday, March 26, 2009 ·

နိရဉ္စရာ | မြန်မာ- ဘင်္ဂလာဒေခ်ျ့ နယ်စပ် တလျောက် ခြံစည်းရိုးကာမည့် အစီအစဉ်ကို မြန်မာဘက်မှ စီစဉ်နေရာ များမကြာမှီက အိန္ဒိယ-မြန်မာ- ဘင်္ဂလာ သုံးနိုင်ငံ နယ်စပ်သို့ စစ်သား ၂၀၀ ခန့် ရောက်ရှိလာခဲ့သည်။

ရောက်ရှိလာသော စစ်သားများမှာ ခမရ ၂၈၉ နှင့် ၃၅၅ မှ ဖြစ်ပြီး ထိုအထဲတွင် ဗျူဟာမှူး တဦးနှင့် ပလက်ဝ မြို့နယ် ဥက္ကဌ ဦးကျော်ဇေယျလည်း ပါဝင်သည်ဟု ဒေသအတွင်း သီတင်းသုံးသော ဆရာတော် တပါးက ပြောသည်။

ဆရာတော်မှ ဆက်ပြီး “ သူတို့ အခု လက်ပံဝ ကျေးရွာကနေပီး မင်းချောင်း တလျောက် စစ်ဆေးနေပါတယ်။ အဲဒီမှာ အထိုင်လုပ်ပီး ကွန်ကရစ်တိုင်တွေကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ကျေးရွာသားတွေ တချို့ကိုတော့ ဆန် ရိက္ခာတွေ ထမ်းခိုင်းတာမှ အပ ခြံစည်းရိုးကာတဲ့ အလုပ်တွေမှာတော့ မခိုင်းသေးပါဘူး။ ” ဟု ပြောသည်။

မြန်မာ နအဖ စစ်အစိုးရမှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံနှင့် ဆက်စပ်နေသော ကီလိုမီတာ ၂၀၀ အရှည်ရှိသည့် နယ်နမိတ် တလျှောက် သံဆူးကြိုးဖြင့် ခြံကာရံရန် စီစဉ်နေရာ ယခုအခါ မောင်တော တောင်ပိုင်းမှ စတင်ပြီး သံဆူးကြိုး ကားရံနေပြီ ဖြစ်သည်။

မောင်တောမြို့မှ မျက်မြင် တဦးက “ အရပ်သားတွေကို ခိုင်းတာ စေတာတွေကိုတော့ သူတို့ လုပ်တာ မတွေ့သေးဘူး။ ဘူးသီးတောင် အခြေစိုက် လုံထိန်း တပ်ရင်း အမှတ် ၁၃ နဲ့ မောင်တော အခြေစိုက် အမှတ် ၂ လုံထိန်း တပ်ရင်းက လုံထိန်းတပ်သားတွေကို အဓိက ခိုင်းစေနေတာကို တွေ့ရပါတယ်။ သူတို့က ခြံစည်းရိုး ကာရံမယ့် နေရာတွေမှာ တမံ တုတ်နေတာကို တွေ့ရပါတယ်။ ကျေးရွာ ရယက ဥက္ကဌတွေနဲ့ တချို့ အဖွဲ့ဝင် တွေလည်း သူတို့နဲ့ အတူ လုပ်ကိုင်နေတာကို တွေ့ရပါတယ်။ ” ဟု ပြောသည်။

အမည်မဖေါ်လိုသူ အစိုးရ အရာရှိ တဦးမှ ယခုအခါ ခြံစည်းရိုးကာရံမူကို မောင်တောမြို့နယ် တောင်ပိုင်း နတ်မြစ် ကမ်းခြေ တလျောက် မြင်းလွှတ်ကျေးရွာမှ စပြီး ကာရံနေပြီ ဖြစ်ကြောင်း ပြောသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ငခူရတွင် ဗျူဟာမှူးကိုယ်တိုင် ထိုင်ပြီး ခြံစည်းရိုးကာရံမည့် အစီအစဉ်ကို လုပ်ဆောင် နေကြောင်း သတင်းရရှိသည်။

source by : http://www.narinjara.com/detailsbur.asp?id=1748

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */