ဗိုလ်ချုပ်ကြီးသိန်းစိန် စင်္ကာပူရောက်ရှိ

Wednesday, March 18, 2009 ·

မုံပီး | နယူးဒေလီ (မဇ္ဈိမ)။ ။ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် စင်္ကာပူနိုင်ငံသို့ ယနေ့တွင် အလည်အပတ် ရောက်ရှိနေကြောင်း စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာန အဆိုအရ သိရသည်။

စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာန အရာထမ်းတဦးက ပြောကြားရာတွင် နအဖဝန်ကြီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှ စင်္ကာပူသို့ အင်္ဂါနေ့က ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။

အသေးစိတ်ကို ပြောကြားရန် အရာရှိက ငြင်းဆန် လိုက်သော်လည်း ဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့် ယာယီ သမတ ဂျေ ဝိုင် ပီလေးကိုလည်း တွေ့ဆုံမှာ ဖြစ်သည်။

ထို့အပြင် စင်္ကာပူ၏ သြဇာရှိ ဝါရင့်ဝန်ကြီး ဂိုချုပ်တောင်နှင့်လည်း တွေ့ဆုံမှာ ဖြစ်သည်။

မြန်မာဝန်ကြီးချုပ်သည် ဝန်ကြီး ၅ ဦး၊ ဒုဝန်ကြီး ၂ ဦးနှင့် အခြားသော ဌာနဆိုင်ရာ အရာထမ်းများနှင့် စီးပွားရေး လုပ်ငန်းရှင်များ လိုက်ပါလျှက် တနင်္ဂနွေနေ့တွင် ခရီးထွက်ခဲ့ရာ အင်ဒိုနီးရှားသို့ ဦးစွာ သွားရောက် လည်ပတ်ခဲ့ပြီး သမတ ဆူဆီလို ဘန်ဘမ်း ယူဒ်ရိုယိုနိုနှင့် တွေ့ဆုံခဲ့သည်။

သတင်းများအဆိုအရ ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် ယူဒ်ရိုယိုနိုတို့သည် နှစ်နိုင်ငံ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ခိုလှုံခွင့် တောင်းခံသော ရိုဟင်ဂျာများ အကြောင်းလည်း ထဲ့သွင်း ဆွေးနွေးသွားခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံသားဆိုသော အထောက်အထား ပြနိုင်လျှင် ရိုဟင်ဂျာများကို ပြန်လည် လက်ခံမည်ဟု မြန်မာ ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်ဟု သတင်းများက ဖော်ပြကြသည်။

အနည်းဆုံး အဖွဲ့ဝင် ၅ဝ ပါဝင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၁၈ ရက်နေ့တွင် ခရီးစဉ် အဆုံးသတ်မှာ ဖြစ်သည်။

source by : http://www.mizzimaburmese.com/news/regional/2613-2009-03-17-13-32-07.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */