ကျောက်မျက်ပြပွဲ ကွန်ဗင်းရှင်း စင်တာတွင် ကျင်းပ

Wednesday, March 18, 2009 ·

နန်းဒေဝီ | နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲနှင့် ရောင်းချပွဲကို သီးသန့် ဖိတ်ကြားထားသည့် နိုင်ငံခြား ကျောက်မျက်ရတနာ ကုမ္ပဏီများမှ ကျောက်လုပ်ငန်းရှင်များနှင့် ရန်ကုန်တွင် ကျင်းပနေသည်။

မြန်မာ ကွန်ဗင်းရှင်းစင်တာတွင် ယခုလ ၈ ရက်နေ့မှ စတင်ကာ ၂ဝ ရက်နေ့အထိ ၁၂ ရက်ကြာ ကျင်းပမည့် ၄၆ ကြိမ်မြောက် ပြပွဲသို့ တက်ရောက်ကြမည့် ကျောက်ကုန်သည်များကို မြန်မာသံရုံးများမှ ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ ဖိတ်စာတွေ ဖိတ်ထားတဲ့ နိုင်ငံတွေက လာဝယ်ကြပါတယ်။ ဘယ်နိုင်ငံတွေလဲ ဆိုတာလည်း ကျနော် မသိဘူး။ ကျနော်တို့ဆီ အရင်က လာဝယ်နေကျ နိုင်ငံခြားက ကျောက်ကုမ္ပဏီတွေ၊ အဖွဲ့တွေ ကျနော်တို့ မြန်မာသံရုံးကနေ တဆင့် ဖိတ်စာပို့တယ်” ဟု MCC ခေါ် မြန်မာ ကွန်ဗင်းရှင်းစင်တာမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ပြပွဲသို့ တရုတ်၊ ထိုင်း၊ ဟောင်ကောင်တို့မှ ကုန်သည်များ အဓိက လာရောက်ကြသည်။

သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင် လှုပ်ရှားမှုကို အကြမ်းဖက် နှိပ်ကွပ်ခဲ့သဖြင့် ၂ဝဝ၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် အမေရိကန် အစိုးရက အမေရိကန်နှင့် ဥရောပနိုင်ငံများထံ ကျောက်မျက် တင်ပို့မှုနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများကို ပိတ်ဆို့ အရေးယူသည့် ဥပဒေ ပြဋ္ဌာန်းခဲ့ကြသည်။

ထိုပြဋ္ဌာန်းချက်ကို Block Burmese JADE (Junta’s Anti-Democratic Efforts) ခေါ် (စစ်အစိုးရက ဆန့်ကျင်သည့် ဒီမိုကရေစီနည်းလမ်းကျ အားထုတ်မှု) ဆန့်ကျင် ပိတ်ဆို့ခြင်းဟု ခေါ်သည်။

ကျောက်မျက်ရောင်းချပွဲမှ ရရှိသည့် မြန်မာနိုင်ငံ၏ တနှစ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃ဝဝ ကျော် ရှိသည်ဟု အမေရိကန်အစိုးရ စစ်တမ်းတွင် ပါရှိသည်။

ယခုအခါ ကမ္တာ့ငွေကြေးပြဿနာ ရိုက်ခတ်ကြောင့် မြန်မာနိုင်ငံ၏ ကျောက်မျက်ဈေးကွက်မှာ သိသာစွာ ရောင်းအား ကျဆင်းနေသည်ဆိုသော်လည်း ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သည့် ကျောက်မျက် ပြပွဲတွင် ယူရိုငွေ သန်းပေါင်း ၁၃ဝ (အမေရိကန်ဒေါ်လာ သန်း ၂၅ဝ) ကျော်ဖိုး ရောင်းချခဲ့ရကြောင်း စစ်အစိုးရပိုင် သတင်းစာတွင် ဖော်ပြထားသည်။

မြန်မာ့ ကျောက်မျက် ရတနာများကို အများဆုံး ဝယ်ယူသူမှာ တရုတ်က ဖြစ်နေသည့်အတွက် အမေရိကန် နိုင်ငံ၏ စီးပွားရေး ပိတ်ဆို့မှုသည် ထိရောက်မှု မရှိကြောင်း တရုတ် ကုန်သည်များက သုံးသပ် နေကြသည်။

source by : http://www.mizzimaburmese.com/news/inside-burma/2614-2009-03-17-13-38-25.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */