ပြည်မြို့မှာ ကြက်သားကြက်ဥ ပြန်ရောင်းပြီ

Wednesday, March 18, 2009 ·

ဖနိဒါ | ချင်းမိုင် (မဇ္ဈိမ)။ ။ ကြက်လည်လိမ် သေဆုံးမှုကြောင့် ကြက်သား၊ ကြက်ဥ ရောင်းဝယ်ခွင့်ကို ပဲခူးတိုင်း ပြည်မြို့တွင် တလခွဲခန့် ပိတ်ပင်ခဲ့ရာမှ ယခုလဆန်းတွင် ပြန်လည် ခွင့်ပြုလိုက်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်ကာ အရောင်းအဝယ်များ တားမြစ်ခဲ့ရာမှ ယခုလ ၄ ရက်နေ့တွင် မြို့နယ် တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ပြန်ဖွင့်ပေးလိုက်ခြင်းဖြစ်သည်။

''မတ်လ ၁ ရက်နေ့မှာက ဥတွေ ပြန်ရောင်းခွင့် ပေးလိုက်တယ်။ ၄ ရက်နေ့က အသားတွေ ပြန်ရောင်းခွင့် ပြုလိုက်တယ်ပေါ့နော်။ ဇန်နဝါရီလကနေဆိုတော့ တလကျော်ကျော်ပေါ့နော်။ ဇန်နဝါရီ ၂၇ မှာက ရောင်းခွင့် ပိတ်လိုက်တယ်။ နယ်ကူးမှု၊ စားသုံးမှု နည်းနည်းလေး control လုပ်ကြည့်လိုက်တာ။ အခုတော့ ရောဂါ ကင်းသွားလို့ ရောင်းခွင့်ပြုလိုက်တာ'' ဟု မြို့နယ် တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒေါက်တာ အောင်သန်းဝင်းက မဇ္ဈိမကို ပြောသည်။

ဖေဖော်ဝါရီလထဲမှာ မြို့တွင်းရပ်ကွက်များနှင့် နီးစပ်ရာ ဒေသများရှိ ခြံ ၂၄ ခြံမှ ကြက်ကောင်ရေ ၉ဝဝဝ ကျော်နှင့် ငုံးကောင်ရေ တသောင်းကျော် သုတ်သင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မူယာပင်ရပ်ကွက်မှ ဒေသခံတဦးကလည်း “သူတို့ ပြောတာတော့ ပြင်းထန်တဲ့ ကြက်လည်လိမ်ပေါ့။ ဒါပေမဲ့ အပြင်မှာ ကြားတာက ကြက်ငှက်တုတ်ကွေးပေါ့။ အဲလိုဖြစ်လို့ ကြက်ခြံတွေမှာရော ကြက်တွေ သေလို့ အရောင်းအဝယ် ပိတ်ခဲ့တာ၊ အခု ပြန်ဖွင့်တာ မကြာသေးဘူး” ဟု ပြောသည်။

ကြက်သားဈေးမှာ မွေးမြူရေး၊ အသားစားကြက် (စီပီ) တပိဿာသည် ကျပ် ၃၅ဝဝ မှ ၅ဝဝဝ အထိရှိပြီး၊ တိုင်းရင်း ကြက်ခေါ် အိမ်မွေးကြက် ဈေးနှုန်းမှာ ကျပ် ၇ဝဝဝ မှ ၈ဝဝဝ ဈေး ရှိသည်။ ကြက်ဥ ဖောက်သည် ဈေးမှာမူ တလုံးလျှင် ၈၅ ကျပ်နှင့် ရောင်းဈေးမှာ ကျပ် ၁ဝဝ ရှိသည်။

မြန်မာပြည် အလယ်ပိုင်းတွင် ပြီးခဲ့သည့် လပိုင်းအတွင်းက ကြက်အကောင်ရေ သိန်းနှင့်ချီ၍ သေဆုံးခဲ့ခြင်းသည် လည်လိမ်ရောဂါဟု ခေါ်သည့် Viscerotropic Velogenic (VVNT) ခေါ် နယူးကက်ဆယ် ရောဂါကြောင့်သာ ဖြစ်သည်ဟု ကုလ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) မှ တာဝန်ရှိသူ ဒေါက်တာ မိုးဇာရီယာ (Dr.Mozaria) က ယခင်က မဇ္ဈိမကို ပြောဆိုခဲ့ဖူးသည်။

၂ဝဝ၈ ခုနှစ်အတွင်း မန္တလေးနှင့် စစ်ကိုင်းတိုင်းတွင် ကြက်ငှက်တုပ်ကွေးရောဂါ စတင်ခဲ့ပြီး၊ ဒုတိယအသုတ်အဖြစ် ပဲခူးနှင့် ရန်ကုန်တွင် ဖြစ်ပွားခဲ့သည်။ ကြက်လည်လိမ်မှာမူ ပဲခူးတိုင်း ပြည်မြို့တွင် ယခုလို ဖြစ်ခဲ့ရသည်။

source by : http://www.mizzimaburmese.com/news/inside-burma/2612-2009-03-17-13-05-32.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */