အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ရေးရာ ပိုမိုဖော်ဆောင်

Monday, March 09, 2009 ·

မင်းနိုင်သူ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ဖော်ဆောင်ရေးအဖွဲ့ (ဗဟို) နှင့် တိုင်းနှင့်ပြည်နယ်များမှ လူငယ်အကူအညီ ပေးရေးအဖွဲ့တို့ ယခုလ (၂၆) ရက်တွင် တွေ့ဆုံညှိနှိုင်းပြီး လူငယ်ရေးရာများကို ပိုမိုလုပ်ဆောင်သွားနိုင်ရန် လူငယ် အကူအညီပေးရေးအဖွဲ့များကို တိုးချဲ့ဖွဲ့စည်းသွားမည်ဟု အဖွဲ့ချုပ် လူငယ် ဖော်ဆောင်ရေး တာဝန်ခံ ကိုအေးထွန်းက ပြောသည်။

“ရန်ကုန်တိုင်းမှာဆိုရင် (၂၁) မြို့နယ်ဖွဲ့ပြီးသွားပြီ။ နောက်ထပ်ဖွဲ့မယ့် မြို့နယ်တွေလည်း ရှိပါတယ်။ ဖွဲ့ပြီး မြို့နယ် တွေထဲမှာ လစ်လပ်နေတာတွေရှိတယ်။ လျော့ပါးနေတာတွေရှိတယ်။ အဲဒါတွေကို ကျနော်တို့ တိုးချဲ့မယ်။ နောက်ပြီးတော့ အခုမှ အသစ်ဖွဲ့စည်းတဲ့ မြို့နယ်တွေရှိတယ်” ဟု ၎င်းက ပြောသည်။

သို့သော် ဖွဲ့စည်းသည့်အချိန်တွင် အနှောင့်အယှက် ကြုံရမှုမျိုးရှိကြောင်း၊ ပြီးခဲ့သည့် စနေ၌ လူငယ် တာဝန်ခံ တယောက်နှင့် အထက်မြန်မာပြည်က တာဝန်ခံတဦးဖြစ်သည့် ကိုလှဦးတို့ စစ်ကိုင်းတိုင်း ရွှေဘိုသို့ သွားရာ၌ အာဏာပိုင်များက ဆိုင်ကယ်များဖြင့် လိုက်လံကြည့်ရှုခဲ့ကြောင်း ကိုအေးထွန်းက ဆက်လက် ပြောသည်။

ယခုကဲ့သို့ နှောင့်ယှက်မှုများကို ဧရာဝတီတိုင်းအတွင်း၌လည်း ပြုလုပ်လျက်ရှိပြီး လူငယ်တာဝန်ခံ ကိုဆပ်ခင်ဇော်လင်း လာရောက်ပါက သတင်းပေးရန် အာဏာပိုင်များက ဒေသတွင်း ရယကများကို ဖိအားပေးထားကြောင်း သိရသည်။

ယင်းအခက်အခဲများကြားမှပင် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်(၃) ခုတွင် လူငယ်အဖွဲ့များ ဖွဲ့စည်းထားနိုင်ခဲ့ပြီး ယခုလကုန်တွင် (၇) မြို့နယ်၌ ထပ်မံဖွဲ့စည်းနိုင်မည်ဖြစ်ကြောင်း ကိုအေးထွန်းက ပြောသည်။

၎င်းက “အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုအများဆုံးဖြစ်တဲ့ ဧရာဝတီတိုင်းမှာတောင် အင်အားပြည့် ဖွဲ့စည်းထားနိုင်ခဲ့ပါ တယ်။ အာဏာပိုင်က ပိုဖိလာလေလေ လူငယ်တွေရဲ့ စည်းရုံးရေးအားက ပိုကောင်းလာလေလေပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ နည်းပညာပိုင်းကို ဘယ်လိုမှ တားထားလို့ရတာမဟုတ်ဘူးလေ။ လူငယ်တွေက သတင်းကို နည်းလမ်းပေါင်းစုံနဲ့ ရယူလာတယ်။ မတရားတာတွေကို ပိုပြီးသိလာကြတယ်။ မခံချင်ဖြစ်လာ ကြတယ်။ အဲဒီအချိန်မှာ ကျနော်တို့ စည်းရုံးမှုတွေနဲ့ ထိတွေ့ရင် သူတို့ဝင်လာကြတာပဲ” ဟု ရှင်းပြသည်။

အဖွဲ့ချုပ်အနေဖြင့် လူငယ်ရေးရာများကို ပိုမိုလုပ်ဆောင်လျက်ရှိရာ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် မန္တလေးတိုင်းတို့တွင်လည်း လူငယ်အကူအညီပေးရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်သည်။

မန္တလေးတိုင်း လူငယ်အကူအညီပေးရေးအဖွဲ့မှ ကိုမြင့်မော်က “လောလောဆယ် (၃) မြို့နယ်ဖွဲ့ပြီးသွားပါပြီ။ နောက်ထပ် (၇) မြို့နယ် ထပ်ဖွဲ့ဖို့ နယ်တွေဆင်းရဦးမှာပါ။ လူငယ်တွေဘက်က စိတ်ဝင်စားမှုရှိကြတာ တွေ့ရပါ တယ်။ ကျနော်တို့က မြို့နယ် (၃၀) ကို ပြန်လည်ဖော်ဆောင်ရမှာလေ။ ဒီမှာတော့ အနှောင့်အယှက်တွေ သိပ်မတွေ့ရသေးပါဘူး” ဟု ပြောသည်။

မန္တလေးတိုင်း အဖွဲ့ချုပ် လူငယ်အကူအညီပေးရေးအဖွဲ့ဝင်များသည် မနက်ဖြန်တွင် မြင်းခြံ၊ တောင်သာ၊ မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ ညောင်ဦး စသည့် မြို့နယ် (၇) ခုသို့ သွားရောက်၍ လူငယ်ဖွဲ့စည်းရေးကိစ္စများကို ဆောင်ရွက်ကြမည်ဖြစ်သည်။

source by : http://www.khitpyaing.org/news/march_09/9-3-09b.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */