ထိပ်သီးစီးပွားရေးသမားများ ဘောလုံးအသင်းတွေ ထောင်ကြပြီ

Monday, March 09, 2009 ·

အောင်သက်ဝိုင်း | စစ်အစိုးရနှင့် နီးစပ်သူများ ဖြစ်ကြသော ဦးတေဇ၊ ဦးထွန်းမြင့်နိုင်၊ ဦးအောင်ကိုဝင်း အပါအ၀င် မြန်မာ စီးပွားရေး သမားကြီး ၈ ဦးက ၎င်းတို့ကိုယ်ပိုင် ပုဂ္ဂလိက ဘောလုံးအသင်းများ ဖွဲ့စည်းပြီး လာမည့် ၂၀၁၀ ပြည့်ုနှစ်တွင် ပထမဆုံးသော မြန်မာ နေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲများ စတင်ကျင်းပတော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က မတ်လ ၄ ရက်နေ့တွင် တရားဝင် ပြောကြားသည်။

ထို ဘောလုံးပြိုင်င်ပွဲများဖြစ်ပေါ်လာရန် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လမ်းညွှန်ခြင်း ဖြစ်သည့်အတွက် စီးပွားရေး လုပ်ငန်းရှင်များက ၀ိုင်းဝန်း အကောင်အထည် ဖော်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့ဘောလုံး အဆင့်အတန်း မြင့်မားရေး အတွက် ယခင်အပျော်တမ်း အဆင့်သာရှိသော ကလပ် ဘောလုံး ပြိုင်ပွဲများကို ကျွမ်းကျင် အဆင့်မြင့်တန်းသို့ ပြောင်းလဲခြင်း ဖြစ်ပြီး ပြည်တွင်း ထိပ်တန်း စီးပွားရေး သမားကြီး ၈ ဦးက ဘောလုံးအသင်း ၈ သင်းကို တသင်းလျှင် ငွေကျပ် သိန်း ၂၀၀၀ အကုန်ကျခံ ဖွဲ့စည်းမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှသိရှိရသည်။

အဆိုပါ ဘောလုံးအသင်းများထူထောင်ရာတွင် နိုင်ငံခြားမှ ငှားရမ်းထားသည့် ဘောလုံးနည်းပြများ၊ ဘောလုံး သမားများ ပါဝင်မည်ဖြစ်ပြီး ဘောလုံးအသင်း တခုလျှင် ပြည်ပမှ ဘောလုံးသမား ၅ ဦးငှားရမ်းနိုင်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က တရားဝင်ထုတ်ပြန်သည်။

ပြည်တွင်း ထိပ်တန်း စီးပွားရေးကုမ္ပဏီများက ဖွဲ့စည်းကြမည့် ဘောလုံးအသင်း ၈ သင်းတွင် ဦးတေဇ (ထူးကုမ္ပဏီ) က ရန်ကုန် ယူနိုက်တက်ဘောလုံးအသင်း၊ Alpine သောက်ရေသန့် ထုတ်လုပ်သည့် လွယ်ဟိန်း ကုမ္ပဏီပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းက ရတနာပုံယူနိုက်တက်၊ ကမ္ဘောဇ ဘဏ်ကုမ္ပဏီပိုင်ရှင် ဦးအောင်ကိုဝင်း က ကမ္ဘောဇယူနိုက်တက် အသင်း၊ အေးရှားဝေါလ်ကုမ္ပဏီ ပိုင်ရှင် ဦးထွန်းမြင့်နိုင်က မကွေးယူနိုက်တက်၊ ယုဇန ကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်က Southern Myanmar ယူနိုက်တက် ဘောလုံးအသင်း၊ ဂရင်းရွိုင်ရယ် ကုမ္ပဏီ ဟုလူသိများသည့် IBTC ကုမ္ပဏီပိုင်ရှင် ဦးအောင်မိုးကျော်က ဥဿာယူနိုက်တက်၊ ဧဒင်ကုမ္ပဏီအကြီးအကဲ ဦးချစ်ခိုင်က Delta ယူနိုက်တက် အသင်း၊ ရွှေနဂါးမင်းကုမ္ပဏီ ဦးဝင်းမြင့်က ဇေယျာရွှေမြေ ကလပ် အသင်းတို့ ပါဝင်မည်ဖြစ်ကြောင်း မတ် ၄ ရက်နေ့တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြီး တရားဝင်ထုတ်ပြန်သည်။

ထိုသို့ ဖွဲ့စည်းလိုက်သည့် ကလပ်အသင်းများတွင် ကစားမည့် ကစားသမားများထဲ၌ အသင်းပြောင်းရွှေ့ကြေးများ တရားဝင် သတ်မှတ်ထားပြီး အဆင့်မြင့်တန်း ကစားသမားဖြစ်ပါက အသင်းပြောင်းရွှေ့ကြေး ကျပ် ၁၀ သိန်း၊ ပထမတန်းကစားသမား တဦးလျှင် ပြောင်းရွှေ့ကြေး ကျပ် ၅ သိန်း တရားဝင် သတ်မှတ်လိုက်ကြောင်း၊ ပုဂ္ဂလိက ဘောလုံးအသင်းများတွင် ကစားကြမည့် ကစားသမားများ အနေဖြင့် တဦးလျှင် တလ လစာ အနည်းဆုံး ကျပ် ၃ သိန်းမှ ၅ သိန်းအထိ ရရှိနိုင်မည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

“ကျနော်ငှားထားတာက ပြင်သစ်နိုင်ငံသား အသင်းမန်နေဂျာနဲ့ နည်းပြချုပ်နှစ်ဦး၊ အိုင်ဗရီကို့စ်က နှစ်ယောက်၊ နိုင်ဂျီးရီးယားက သုံးယောက် ငှားထားတယ်။ ဘောလုံးသမား တွေကိုလည်း ကျနော် လစာ ၅ သိန်းကနေ ဆယ့်ငါးသိန်းအကြား ပေးပါမယ်” ဟု ရတနာပုံ ယူနိုက်တက်ကလပ်အသင်း ပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းက သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

အဆိုပါမြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲကြီးအတွက် ၂၀၀၉ ခုနှစ်တွင် ငွေကျပ်သိန်း ၃၀၀၀ ၊ ၂၀၁၀ ပြည့်နှစ် တွင် သိန်း ၄၀၀၀၊ ၂၀၁၁ ခုနှစ်တွင် သိန်း ၅၀၀၀ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ဥဿာယူနိုက်တက် ပိုင်ရှင် ဦးအောင်မိုးကျော်က ပြောသည်။

ယခုလက်ရှိ အခြေအနေတွင် အပျော်တမ်း ကလပ်ပြိုင်ပွဲများတွင် ကြည့်ရှုသူမရှိသည့် အတွက် အရှုံးပေါ်လျှက် ရှိသော်လည်း မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများ ပီပီပြင်ပြင် ဖြစ်ပေါ်လာပါက ပရိသတ် သန်းချီရှိလာကာ ဘောလုံးကလပ် အသင်းများ ရပ်တည်နိုင်မည် ဖြစ်ကြောင်းနှင့် မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲများကို အစိုးရရုပ်မြင်သံကြားမှလည်း တိုက်ရိုက် ထုတ်လွှင့်သွားရန်ရှိကြောင်း ဦးဇော်ဇော်က ပြောဆိုသည်။

“မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကျင်းပခဲ့တဲ့ ၂၀၀၇ - ၀၈ ပြည်တွင်း ဘောလုံးပြိုင်ပွဲတွေရဲ့ ကျင်းပစရိတ် ကျပ် သိန်း တထောင်နီးပါးကုန်ကျပြီး သိန်း ၅၀ လောက်ပဲပြန်ရတယ်။ သိန်းကိုးရာကျော်ရှုံးတယ်။ ပရိသတ်မရှိလို့” ဟု ဦးဇော်ဇော်က ဆိုသည်။

အဆိုပါမြန်မာနေရှင်နယ်လိဂ် အစီအစဉ်များကို မြန်မာဘောလုံးပရိသတ်က ကြိုဆိုကြပြီး စီးပွားရေးသမားများက သိန်းထောင်ချီ အကုန်ကျခံ ဆောင်ရွက်မှုများမှာ မြန်မာဘောလုံးအဆင့်အတန်း မြင့်မားရေးဟူသော ရည်ရွယ် ချက် မှန်ကန်မှုရှိရန် လိုအပ်ကြောင်း ရန်ကုန်ဘောလုံးပရိသတ်များက ပြောဆိုသည်။

“စီးပွားရေးသမား ဆိုတာက အကျိုးအမြတ်ရှိမှ လုပ်တာ။ ခုဟာက ဦးသန်းရွှေက လုပ်ခိုင်းလို့ လုပ်တာဆိုတော့ သူ့ရည်ရွယ်ချက် မှန်မမှန်စောင့်ကြည့်ဖို့ လိုမယ်။ ဘာပဲပြောပြော သူများနိုင်ငံတွေမှာလို တကယ့် ကျွမ်းကျင် အဆင့်မြင့်တန်း လိဂ် ဘောလုံးပြိုင်ပွဲတွေ ပေါ်လာမယ်ဆိုရင်တော့ လုံးဝကြိုဆိုရမှာပါ” ဟု ပြည်တွင်း သတင်း သမားတဦးက သုံးသပ်ပြောသည်။

အဆိုပါ မြန်မာနေရှင်နယ်လိဂ်နှင့်အတူ ဘောလုံး လောင်းကစားခြင်းများလည်း ပေါ်ပေါက်လာနိုင်ကြောင်း ရန်ကုန်အခြေစိုက် ဘောလုံးပွဲ လောင်းကစားဒိုင်တချို့က သုံးသပ်သည်။

“ဒီလို တကယ့်ပြိုင်ပွဲတွေ လုပ်တော့မယ်ဆိုရင် လောင်းကစားတွေလည်း ပါလာမယ်ထင်တယ်။ နိုင်ငံတကာ မှာလည်း ဒီလို ကလပ် ဘောလုံးပွဲတွေကို လောင်းကြကစားကြတာက အင်မတန် ကြီးကျယ်တဲ့ စီးပွားရေး ကြီးလိုဖြစ်နေတော့ မြန်မာနိုင်ငံမှာလည်း မြန်မာဘောလုံးကလပ် လောင်းကစားလုပ်ငန်းတွေ အကြီးအကျုယ် ပေါ်လာနိုင်တယ်” ဟု ကမာရွတ်မြို့နယ်၊ ဘောလုံးလောင်းကစားဒိုင် တဦးက သုံးသပ်ပြောသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=812:2009-03-09-10-28-18&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */