ကြံ့ဖွံ့ ပါတီထောင်တော့မည်

Saturday, March 07, 2009 ·

ဧရာဝတီ | မြန်မာစစ်အစိုးရ၏ အဓိကအားထားရာ၊ အရပ်သား အဖွဲ့အစည်းဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့) က ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲအတွက် နိုင်ငံရေး ပါတီထူထောင်မည်ဟူသည့် သတင်းများ ထွက်ပေါ်လျှက် ရှိသည်။

အကယ်၍ ရွေးကောက်ပွဲ ဥပဒေကို စစ်အစိုးရက သင်္ကြန် နှစ်သစ်ကူး ပွဲတော်မတိုင်မီ ထုတ်ပြန်လိုက်လျှင် ကြံ့ဖွံ့အသင်းကလည်း နိုင်ငံရေးပါတီတခုအဖြစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကြေညာ တော့မည် ဖြစ်ကြောင်း ၎င်းအသင်းနှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ ကြားသိရသည်။

မြန်မာနိုင်ငံတဝန်းရှိ ကြံ့ဖွံ့အသင်းဝင်များမှာ နိုင်ငံရေးပါတီအဖြစ် အသွင်ကူးပြောင်းရေးအတွက် ကြိုတင် ပြင်ဆင်လျှက်ရှိပြီး ပါတီ၏ အမည်ကိုမူ ယခုထိ အတည်မပြုရသေးကြောင်း ဝါရင့်ကြံ့ဖွံ့အသင်းဝင် တဦးက ပြောသည်။

ကြံ့ဖွံ့အသင်းမှာ နိုင်ငံရေးပါတီအဖြစ် ရွေးကောက်ပွဲ ဝင်မည်ဖြစ်သော်လည်း အစိုးရမဟုတ်သော လူထု ကိုယ်စားပြုသည့် အသင်း အဖြစ်လည်း ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်းစာရင်းပေါက်သူများ၏ ကိုယ်ရေးရာဇဝင် အချက်အလက်များကို ကြံ့ဖွံ့အသင်းက ဦးဆောင် စာရင်းပြုစုလျှက်ရှိသည်ဟုလည်း သတင်းရရှိသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ကျင်းပစဉ်က မဲဆန္ဒနယ်ပေါင်း ၄၉၂ နေရာရှိခဲ့သော်လည်း ၂၀၀၈ ခုနှစ်က အတည်ပြုခဲ့သည့် အခြေခံဥပဒေမူကြမ်းအရ ဆိုလျှင် လာမည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ ပြည်သူ့ လွှတ်တော်တွင် နေရာပေါင်း ၄၄၀ သာ ရှိတော့မည်ဖြစ်သည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ ပြည်သူ့ လွှတ်တော်၏ နေရာပေါင်း ၃၃၀ သို့မဟုတ် လေးပုံ သုံးပုံကိုသာ ပြည်သူများက ရွေးချယ်ခွင့်ရမည်ဖြစ်ပြီး ကျန်သည့် ၁၁၀ သို့မဟုတ် လေးပုံတပုံမှာမူ ကာကွယ်ရေးဦးစီးချုပ်က အဆိုပြုသူများ အတွက်သာ ဖြစ်နေပေလိမ့်မည်။

၁၉၉၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်မည့် မဲဆန္ဒနယ် ၁၆၂ နေရာ လျော့ပါး သွားမည်ဖြစ်သည်။

ကြံ့ဖွံ့အသင်းမှ နိုင်ငံရေးပါတီဖွဲ့၍ ရွေးကောက်ပွဲဝင်မည့်သူများမှာ လူထုက ယုံကြည်လေးစားသည့် လူထု ထဲမှ လာသူများ ဖြစ်သော်လည်း ထိုအထဲမှ တချို့မှာ အမှန်တကယ် ကြံ့ဖွံ့အသင်းဝင်များ မဟုတ်ကြောင်း ၎င်း အသင်းနှင့် နီးစပ်သူ တဦးကပြောသည်။

“ဝင်အရွေးခံမယ့် ပုဂ္ဂိုလ်တွေက အခြေခံအားဖြင့် လူထုက တကယ်လေးစား ယုံကြည်တဲ့သူတွေ ဖြစ်ရမယ်၊ နိုင်ငံတော်အစိုးရကို ဆန့်ကျင်ဆန္ဒပြတဲ့သူတွေ မဖြစ်ရဘူး၊ သူတို့ရဲ့ အပြုအမူတွေက ကောင်းမွန်ရမယ်၊ အကျင့် စာရိတ္တကောင်းမွန်ရမယ်၊ ပြီးတော့ စီးပွားရေးတောင့်တင်းတဲ့ သူတွေဖြစ်ရမယ်” ဟု ၎င်းက ဆက်ပြောသည်။ ရွေးကောက်ပွဲဝင်မည့် ကြံ့ဖွံ့အဖွဲ့ဝင်များ အနေနှင့် နိုင်ငံရေးနှင့် စီးပွားရေးအမြင် ရှိရမည်ဖြစ်ကြောင်းလည်း သိရသည်။

၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲကို ဦးတည်သည့် ယခုကာလတွင် စစ်အစိုးရက ပြည်သူလူထုအတွက်ဟု ကြွေးကြော်ကာ လမ်းတည်ဆောက်ပေးခြင်း အစရှိသည့် ဖွံ့ဖြိုးရေးအစီအစဉ်များကို ပြုလုပ်ပေးနေကြောင်း ကြေညာလျှက်ရှိသည်။

ကြံ့ဖွံ့အသင်းအနေနှင့်လည်း အသေးစားချေးငွေများကို ရန်ကုန်မြို့ရှိ လှိုင်သာယာ၊ ဒဂုံမြို့သစ် အစရှိသည့် ဆင်းရဲသားရပ်ကွက် များရှိ အခြေခံ လူတန်းစားများအား ထုတ်ချေးပေးလျှက်ရှိကြောင်း ရန်ကုန်အခြေစိုက် သတင်းထောက် တဦးကပြောသည်။

၁၉၆၂ မှ ၁၉၈၈ အထိ အုပ်ချုပ်ခဲ့သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) လက်ထက်က ပါတီဝင်များသာ ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်နိုင်ခဲ့သည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=808:2009-03-06-13-20-06&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */