တောထဲတွင် ဒုက္ခသည် ၄ သိန်းကျော် ပုန်းနေဆဲ

Saturday, March 07, 2009 ·

ဧရာဝတီ | မြန်မာပြည် အရှေ့ဘက်ခြမ်းတွင် တောတောင်များအတွင်း ပြေးလွှား ပုန်းအောင်းနေရသူပေါင်း လေးသိန်းခွဲ ရှိသည် ဟု နိုင်ငံတကာ အဖွဲ့အစည်းတခုက ယမန်နေ့က ထုတ်ပြန် ကြေညာလိုက်သည်။


ကရင်ပြည်နယ်အတွင်း ပုန်းအောင်း ပြေးလွှားနေရသည့် ဒုက္ခသည်များ (ဓာတ်ပုံ - FBR)
ထိုသို့ ပုန်းအောင်းနေရသည့် အကြောင်းရင်းမှာ မြန်မာပြည်တွင် ဖြစ်ပွားနေသော ပဋိပက္ခ နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုတို့ကြောင့် ဖြစ်သည်ဟု ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် Internal Displacement Monitoring Centre ဟု ခေါ်သည့် တိုင်းပြည်အတွင်း နေရပ် စွန့်ခွာ ထွက်ပြေး ရခြင်းများကို လေ့လာ စောင့်ကြည့်နေသည့် အဖွဲ့အစည်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။

စာမျက်နှာ ၂ဝဝ ကျော် ပါဝင်သည့် အဆိုပါ အစီရင်ခံစာကို မပြီးဆုံးသေးသော ပြည်တွင်း အိုးအိမ် စွန့်ခွာရမှု ပဋိပက္ခ ဟု အမည်ပေးထားသည်။

၁၉၉၆ မှ ၂ဝဝ၇ ခုနှစ် အတွင်း ထိုင်း မြန်မာ နယ်စပ်ဒေသတွင် ရွှေ့ပြောင်း ဖယ်ရှားခံရသည့် ကျေးရွာပေါင်း ၃၂ဝဝ ရှိကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်အတွင်း ချင်းပြည်နယ်တွင်လည်း ဒေသခံများ အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အကြောင်းရင်းမှာ မိုးခေါင် ရေရှားခြင်း၊ သီးနှံများ ရှားပါးခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း တို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။

၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်စဉ် အိုးအိမ် စွန့်ခွာခဲ့ရသူများအား သွားရောက်၍ ကူညီ ကယ်ဆယ်မှု များကိုလည်း စစ်အာဏာပိုင်တို့က အဟန့် အတား ပြုခဲ့သည်ဟု အစီရင်ခံစာတွင် ရေးသားထားသည်။

နိုင်ငံအတွင်း အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးနေရမှုများနှင့် ပတ်သက်ပြီး ဗြိတိန်နိုင်ငံ အခြေစိုက် အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ကြီးကလည်း အစီရင်ခံစာ တစောင် ထုတ်ပြန်ခဲ့ဖူးသည်။

ပြီးခဲ့သည့်နှစ် ဇွန်လ ၅ ရက်နေ့က ထုတ်ဝေခဲ့သည့် အစီရင်ခံစာတွင် ၂ဝဝ၅ မှ ၂ဝဝ၇ ခုနှစ်အတွင်း ကရင်ပြည်နယ်၊ ပဲခူးတိုင်းတို့တွင် ဖြစ်ပွားခဲ့သော နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ ချိုးဖောက်မှုများကို ဖော်ပြထားသည်။

မြန်မာ့ တပ်မတော်က အဆိုပါ ဒေသများရှိ ပြည်သူလူထုအပေါ် ကျူးလွန်သည့် ဥပဒေ ချိုးဖောက်မှုများ ဖြစ်သည်။

ပြီးခဲ့သည့်လက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနက ထုတ်ပြန်သည့် နှစ်ပတ်လည် အစီရင်ခံစာတွင်လည်း မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ဖော်ပြထားသည်။ စစ်အစိုးရသည် အတိုက်အခံများကို ထောင်သွင်း အကျဉ်းချပြီး ပြည်သူ လူထုကို ဆက်လက် အနိုင်ကျင့်ခဲ့ခြင်းကြောင့် ပြီးခဲ့သည့် နှစ်အတွင်း မြန်မာပြည်၏ လူ့အခွင့်အရေး အခြေအနေများ ဆိုးဝါးခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း မြန်မာစစ်အစိုးရက အဆိုပါ စွပ်စွဲချက်မှာ မှန်ကန်ခြင်းမရှိဟု ပြောသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သည့် မြန်မာအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကြေညာချက်တွင် အဆိုပါ စွပ်စွဲချက်များကို ပယ်ချထားသည်။ အာဏာပိုင်တို့က ပြည်သူလူထု ကောင်းကျိုးအတွက် ဆောင်ရွက်နေသည်ဟု ဆိုသည်။

“တိုင်းရင်းသားလူမျိုး အများစု နေထိုင်ရာ နယ်စွန်နယ်ဖျား ဒေသများ အပါအဝင် နိုင်ငံ တဝန်းလုံးတွင် ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရန် မြို့ပြနှင့် ကျေးလက်ဒေသ ကွာဟမှု ကျဉ်းမြောင်းလာစေရန် မနားမနေ အားသွန်ခွန်စိုက် ကြိုးပမ်းလျက် ရှိပါသည်” ဟု စစ်အစိုးရ၏ ကြေညာချက်တွင် ဖော်ပြထားကြောင်း တွေ့ရသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=807:2009-03-06-12-20-12&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */