NEJ | ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်ထောက်ခံသည့် အင်္ကျီအနီဝတ် ဆန္ဒပြသူများ ယနေ့ နေ့လယ်ပိုင်းမှစ၍ ထိုင်းဝန်ကြီးချုပ်ရုံးကို ချီတက်ဝိုင်းကြတော့မည်ဖြစ်ပြီး ၀န်ကြီးချုပ်အာဘီဆစ် မပြုတ်မချင်း ရက်ရှည်ဆန္ဒပြကြမည် ဖြစ်သည်ဟု ဆန္ဒပြခေါင်းဆောင်ပိုင်းက ပြောသည်။
ဆန္ဒပြပွဲခေါင်းဆောင်များ၏ပြောဆိုချက်အရ ဆန္ဒပြသူ (၃၀,၀၀၀) ကျော်ရှိမည်ဟု မှန်းထားပြီး ဆန္ဒပြပွဲကို ထိန်းရန်အတွက် သောင်းနှင့် ချီသည့် ရဲများကိုလည်း ချထားမည်ဖြစ်သည်။ မွန်းလွဲပိုင်းတွင် ရှေ့ပြေး ဆန္ဒပြသူ အဖွဲ့ (၁၅,၀၀၀) ကျော် ထိုင်းဝန်ကြီးချုပ်ရုံးသို့ ရောက်လာပြီဖြစ်သည်။
ဆန္ဒပြသူများ အဓိကတောင်းဆိုသည့်အချက်မှာ နိုင်ငံခြားရေးဝန်ကြီး ကာဆစ်သည် ပီအေဒီအဖွဲ့ဝင် ဖြစ်နေသည့် အတွက် ၎င်းအား ရာထူးမှ ထုတ်ပယ်ရန်၊ ပါလီမန်ကို ဖျက်သိမ်းပေးရန်နှင့် ပီအေဒီ ခေါင်းဆောင် များကို အရေးယူရန် တို့ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ်ရုံးတ၀ိုက်တွင် လုံခြုံရေးများ ထူထပ်စွာချထားသည်။ ဆန္ဒပြသူများအား ထိန်းမရပါက အမိန့်ပေးရန် ၀န်ကြီးချုပ် အာဘီဆစ်က တာဝန်ပေးထားကြောင်း ဒု-၀န်ကြီးချုပ် ဆူထက်က ပြောသည်။ ယနေ့ည (၇) နာရီတွင် ပြည်ပရောက် တပ်ဆင်က ဆန္ဒပြသူများအား ဗီဒီယိုအဆက်အသွယ်လုပ်ပြီး စကားပြောမည်ဟု သိရသည်။
source : http://www.khitpyaing.org/news/march_09/26-3-09e.php
သောင်းချီသည့် တပ်ဆင်ထောက်ခံသူများ ထိုင်းဝန်ကြီးချုပ်ရုံးကို ၀ိုင်းပြီ်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment