နှောပင်ရေနံပွဲစားတဦး ထပ်အဖမ်းခံရ

Monday, March 02, 2009 ·

မင်းနိုင်သူ | ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် နှောပင်ရေနံမှော်မှ ပွဲစား ကိုကျောက်ခဲကို လွန်ခဲ့သော လေးရက်ခန့်က မန္တလေးမြို့၌ ထပ်မံဖမ်းဆီးလိုက်ပြီး မှော်ပွဲစားများပိုင် ဖုန်းအချို့ကိုလည်း အာဏာပိုင်များက သိမ်းဆည်း ထားသောကြောင့် အဆက်အသွယ်များ ပြတ်တောက် နေကြရကြောင်း ရေနံမှော်တွင်းပိုင်တဦးက ပြောသည်။

“ကိုကျောက်ခဲကို ထပ်ဖမ်းသွားတယ်။ နောက်ထပ်ဖမ်းဖို့ (၁၇) ယောက်လောက် ကျန်သေး တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတယ်။ ကိုကျောက်ခဲက ဖြစ်ပြီးကတည်းက ရှောင်နေတာ။ ဟိုတနေ့ကတော့ မန္တလေးမှာ အဖမ်းခံလိုက်ရတယ်။ အဲဒါတော့ သေချာတယ်။ သူ့မိသားစုကပြောတယ်။ ရေနံမှော်ထဲက ဖုန်းတချို့ကိုလည်း မြိုင် အိတ်ချိန်းက လာသိမ်းသွားတယ်။ တချို့ကတော့ ကြောက်လို့ ကိုယ့်ဟာကိုယ် ဖြုတ်သိမ်းထားကြတာ။ ဖုန်းတွေပါ အသိမ်းခံထားရတော့ လူမှုရေး၊ စီးပွားရေးတွေပါ ထိခိုက်ကုန်တာပေါ့။ ဟိုတနေ့က အမေ ကျန်းမာရေးမကောင်းတာ တောင် ဆိုင်ကယ်နဲ့ လူလွတ်လာပြောမှ သိရတယ်။ သေရေးရှင်ရေး ကိစ္စတွေတောင် သိရမှာ မဟုတ်တော့ဘူး” ဟု ပခုက္ကူမြို့ခံ တွင်းပိုင်က ပြောသည်။

နှောပင်ရေနံမှော်အတွင်း မကွေးတိုင်းမှူး အစ်မပိုင် ကောင်းဇော်ဟိန်းကုမ္ပဏီ၏ ဈေးနှိမ် ၀ယ်ယူမှုများကြောင့် ကုမ္ပဏီနှင့် ဒေသခံ ရေနံမှော်သမားများအကြား ဇန်န၀ါရီ (၈) ရက်တွင် ပြဿနာ ဖြစ်ပွားခဲ့ပြီးနောက် ရေနံပွဲစား (၂၀) ဦးထက်မနည်းကို အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

၎င်းတို့အား ယခုအခါ ပခုက္ကူထောင်သို့ ပြောင်းရွေ့လိုက်ပြီး မိသားစုများကိုလည်း ထောင်ဝင်စာ တွေ့ခွင့်မပြု ကြောင်း ဒေသခံများက ဆိုသည်။

“ပွဲစားကြောင့် ဒီလိုဖြစ်ရတယ်ဆိုပြီး ပွဲစားတွေကို အဓိကထား ဖမ်းတာပဲ။ ပွဲစားက ကုမ္ပဏီထက် ဈေးပိုပေးတာကိုး။ ဒီတော့ အာဏာပိုင်တွေနဲ့ ပတ်သက်လို့ ရောက်လာတဲ့ ကုမ္ပဏီက ဈေးနှိမ်ပြီး ၀ယ်ချင်တိုင်း ၀ယ်လို့မရတာ ပွဲစားကြောင့်လို့ သူတို့က တွက်တာလေ။ သူတို့က တနိုင်ငံလုံး လှည့်လုပ်လာနိုင်ပြီးမှ ဒီကျမှ ပြဿနာတွေတက်၊ ပြင်ပမီဒီယာတွေကိုပါ သတင်းတွေ ရောက်ကုန်တော့ ဖုန်းတွေပါ ဖြုတ်သိမ်းတော့တာပဲ။ အသံလွှင့်ဌာနတွေ မေးတာ ကို ဖြေတဲ့သူတွေပါ ဖမ်းမယ်။ ဘာညာနဲ့ သတင်းထွက်နေသေးတာ” ဟု တွင်းပိုင်က ပြောသည်။

အဖမ်းခံမိသားစုဝင်များက အဆိုပါဖြစ်ပွားခဲ့မှုသည် ကုမ္ပဏီ၏ မတရားခေါင်းပုံဖြတ်မှုကြောင့် ပေါ်ပေါက်ရသော ပြဿနာ ရပ်သာ ဖြစ်ကြောင်း၊ အာဏာပိုင်များက နိုင်ငံရေးနှင့် နီးနွယ်သော အခြားပုဒ်မများကို ပြောင်းတပ်ကာ အရေးယူမည်ကို စိုးရိမ်နေကြသည်ဟု ပြောဆိုကြကြောင်း တွင်းပိုင်က ပြောသည်။

“တချို့တွေကို နိုင်ငံရေး ပုဒ်မတွေတပ်ပြီး အရေးယူမယ်ဆိုတာတွေလည်း ကြားနေရတာပဲ။ (၁၄၄) ပုဒ်မတော့ ပါတယ်။ တခြား ပုဒ်မတွေလည်း တပ်ထားတယ်။ သူတို့ကတော့ ဒီကိစ္စ အပေါ်ကို နိုင်ငံရေးနဲ့ ကြည့်နေတာ။ တကယ်က ကုမ္ပဏီက မတရား လုပ်လို့ဖြစ်တာပဲ။ နေပြည်တော်က ဆင်းစစ်မယ်လို့လည်း ကြားနေရတာပဲ။ အတိအကျ မသိကြရသေးဘူး။ မိသားစုတွေကိုတောင် တွေ့ခွင့်မပေးသေးတော့လေ” ဟု တွင်းပိုင်က ပြောသည်။

နှောပင်ရေနံမှော်တွင် ရေနံမှော်သားများနှင့် ကောင်းဇော်ဟိန်း ကုမ္ပဏီတို့အကြား ဈေးနှုန်းညှိနှိုင်းမှုမှ အဆင်မပြေ ဖြစ်ကာ ကုမ္ပဏီဂိုဒေါင် မီးရှို့ခံရပြီးနောက် စစ်တပ်က ဒေသခံ ရေနံမှော်သားများအတွင်း ပစ်ခတ်ခဲ့သဖြင့် အမျိုးသမီးတဦး ပေါင်တွင် သေနတ်မှန်ခဲ့သည်။

ထို့နောက် အာဏာပိုင်များက မှော်အတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ကာ အုပ်ချုပ်ခဲ့သည်။ ယခုအခါ နှောပင်မှော် သာမက ကုမ္ပဏီဝင် အခြားမှော်များတွင်ပါ လုပ်ကိုင်သူ နည်းပါးနေပြီ ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

source by : http://www.khitpyaing.org/news/march_09/2-3-09c.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */