မုံရွာ အထက အာစရိယပူဇော်ပွဲကြေး ကျပ်(၅၀၀၀)အထိ ကောက်

Monday, March 02, 2009 ·

မင်းနိုင်သူ | မုံရွာမြို့မှ အထက်တန်းကျောင်းများတွင် အာစရိယပူဇော်ပွဲ အတွက်ဟုဆိုကာ ဆရာများမှ ငွေကြေးများစွာ ကောက်ခံနေသည့်အတွက် ကျောင်းသားမိဘများ အခက်တွေ့ကြရသည်ဟု ကျောင်းသား မိဘအချို့က ပြောသည်။

၂၀၀၈ ခုနှစ် ပညာသင်နှစ်အဆုံးတွင် အာစရိယပူဇော်ပွဲကြေးအဖြစ် ကျောင်းသားတဦးလျှင် ကျပ် (၃,၀၀၀) မှ ကျပ် (၅,၀၀၀) အထိ မထည့်မနေရ ကောက်ခံခဲ့ကြောင်း မုံရွာ အထက (၃) မှ ကျောင်းသားမိဘတဦးက ပြောသည်။

“ငါးတန်းကနေ ဆယ်တန်းအထိ (A) ခန်းနေ ကျောင်းသားတိုင်းကို ငါးထောင်စီ ကောက်တယ်။ အခန်းဝင်ဆရာ (၆) ယောက်ကို တယောက်နှစ်သောင်းစီ။ ကျောင်းအုပ်ဆရာ အတွက်က တသောင်း။ စုပေါင်း ကန်တော့ ကြရတာ။ တခန်းမှာ ကျောင်းသားအယောက် (၆၀) အထက်မှာရှိတယ်။ (၆၀) ဆိုရင်ကို ကောက်လို့ရတဲ့ ငွေသုံးသိန်းရနေပြီ။ ပိုတဲ့ငွေကို အခန်းပိုင်ဆရာက ယူတာပဲ။ ကျမတို့လို စားဝတ်နေရေး အနိုင်နိုင် ဖြေရှင်း နေရတဲ့ မိဘတွေ အဖို့ ကျောင်းစရိတ်တွေကလည်း တကယ်မလွယ်ဘူး။ တကယ်ဆို အာစရိယပူဇော်ပွဲကြေး ဆိုတာ ကျောင်းသားတွေ စေတနာရှိသလောက် ထည့်ဝင်နိုင်ရမှာပေါ့။ အခုဟာက သတ်မှတ်ချက်ကြီးနဲ့ကို ကောက်ကြတော့တာ” ဟု ကျောင်းသားမိဘတဦးက ဆိုသည်။

အခြားအခန်းများကိုလည်း ကျပ် (၃,၀၀၀) အောက် ခံထားကောက်ယူခဲ့ကြောင်း၊ သီတင်းကျွတ်တွင် ကန်တော့ပွဲ တခုလုပ်ခိုင်းခဲ့သဖြင့် တနှစ်လျှင် ဆရာကန်တော့ပွဲ (၂) ပွဲ လုပ်ပေးနေကြရကြောင်း ၄င်းက ဆက်လက် ပြောဆိုသည်။

မုံရွာ အထက (၁) မှ ကျောင်းသားမိဘတဦးကလည်း “ ဒီမှာတော့ အဲလိုတွေပါပဲ။ အထက (၁) မှာလည်း နှစ်ကြိမ်ကောက်တာပဲ။ သီတင်းကျွတ်တခါ၊ စာမေးပွဲဖြေခါနီးတခါပေါ့။ အဲဒါအပြင် ကျူရှင်တွေ သင်နေကြတယ်။ အစိုးရ ၀န်ထမ်းကျောင်းဆရာ ကျူရှင်သင်တာကို နားလည်ပေးနိုင်ပေမယ့် သူတို့က သူတို့ကျူရှင်လာမတက်တဲ့ ကျောင်းသားတွေအပေါ် မျက်နှာသာမပေးတာ၊ ခွဲခြားဆက်ဆံတာတွေပါ လုပ်နေတော့ ကျူရှင်မတက်နိုင်တဲ့ ကလေးတွေစိတ်ထဲမှာ ခံစားကြရတယ်ဗျ။ အဲဒါမကောင်းဘူး။ နောက်ပြီး သူတို့ကျူရှင်တက်တဲ့ ကလေးမှ မေးခွန်းရတယ်။ အမှတ်ရတယ်။ ဆိုတော့ အတန်းပိုင်ဆရာ ကျူရှင်ပေးလို့ကတော့ ကလေးတွေက လိုက်တက် ကြရတယ်။ သူတို့သင်တာ မကောင်းလို့ နားမလည်လည်း သူတို့ကျူရှင်တော့ တက်ထား။ နားမလည်ရင် နောက်ကျူရှင်ထပ်တက်။ ဒါပဲရှိတော့တယ်” ဟု ပြောသည်။

မုံရွာမြို့ပေါ်တွင် အထကကျောင်း (၄) ကျောင်းရှိပြီး အထက (၁) နှင့် (၃) တို့မှာ ငွေကြေးတောင်းခံမှုများသော ကျောင်းများဖြစ်ကြောင်း မြို့ခံများက ပြောသည်။

source by : http://www.khitpyaing.org/news/march_09/2-3-09b.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */