ဝန်ကြီးဌာနများမှ အကြီးအကဲများအား ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်အရွေးခံဖို့လျာထား

Monday, March 02, 2009 ·

NEJ | ၀န်ကြီးဌာနပေါင်းစုံမှ ပင်စင်ယူကာနီး ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များအား ကြံ့ဖွံ့ပါတီ အတွက် လွှတ်တော်ကိုယ်စားလှယ် အရွေးခံရန် လျာထားပြီး ဖြစ်သည့်အတွက် ၄င်းတို့၏ သက်ဆိုင်ရာ ဇာတိမြေ၊ မြို့နယ်များသို့ စည်းရုံးရေး ဆင်းခိုင်းနေပြီ ဖြစ်သည်။

နေပြည်တော် စက်မှု (၁) ၀န်ကြီးဌာန လက်အောက်ဌာနများတွင် တာဝန်ထမ်းဆောင်နေသည့် ပင်စင် ယူတော့မည့် ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များအား ၂၀၁၀ ရွေးကောက်ပွဲအတွက် မည်သည့်မြို့နယ်များမှ လွှတ်တော် ကိုယ်စားလှယ် အဖြစ် အရွေးခံရမည်ဆိုသည်ကို သတ်မှတ်ထားပြီး ဖြစ်ကြောင်း ၀န်ကြီးဌာန အကြီးအကဲတဦးက ခေတ်ပြိုင်သို့ ပြောသည်။

ရွေးကောက်ပွဲ ဥပဒေ မထုတ်ပြန်သေးသဖြင့် ကြံ့ဖွံ့ပါတီကို တရားဝင် နိုင်ငံရေးပါတီ ပြောင်းကြောင်း မကြေငြာ သေးသော်လည်း ကြံ့ဖွံ့ပါတီအတွက် စည်းရုံးရေး လုပ်ငန်းများကိုမူ သက်ဆိုင်ရာ ၀န်ကြီးများက တိုင်းအလိုက် စည်းရုံးရေး ဆင်းနေသည်မှာ ၂၀၀၈ ခုနှစ်ကတည်းက ဖြစ်သည်။ သဘောမှာ ရွေးကောက်ပွဲနီးမှ ကပ်ပြီး ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်သည့်အခ်ျိန် အခြားပါတီများ စည်းရုံးရေးစဖို့ ပြင်နေချိန်တွင် ကြံ့ဖွံ့ပါတီက တနိုင်ငံလုံး စည်းရုံးထားပြီး ဖြစ်နေအောင် ကြိုတင်လျို့ဝှက် အကွက်ရိုက်ထားသည် ဆိုသည့် သဘော ဖြစ်သည်ဟုပါ အဆိုပါ အရာရှိက ပြောသည်။

အချို့မြို့နယ် အတော်များများရှိ နယ်မြေခံ ချမ်းသာသည့် ကြံ့ဖွံ့ တာဝန်ခံများကလည်း ၂၀၁၀ ရွေးကောက်ပွဲ အတွက် ကြံ့ဖွံ့ ပါတီကိုယ်စားလှယ် အရွေးခံနိုင်ရန် မျှော်လင့်ထားရာ ယခုကဲ့သို့ အရွေးခံမည့် ၀န်ကြီးဌာန အကြီးအကဲများနှင့် ထိပ်တိုက် ပြဿနာဖြစ်မည့် အလားအလာများ လည်း ရှိနေသည်ဟု နေပြည်တော် ၀န်ကြီးဌာနများကြား ခန့်မှန်းပြောဆိုနေကြသည်။

ကြံ့ဖွံ့ပါတီအတွက် အရွေးခံမည့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များသည် လောလောဆည် တာဝန်ထမ်းဆောင်နေသည့်အတွက် ၄င်းတို့၏ ဌာနဆိုင်ရာ ငွေကြေးသုံးစွဲခွင့် လုပ်ပိုင်ခွင့်များကို အသုံးချပြီး ကြံ့ဖွံ့အတွက် စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်မည် ဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် နီးစပ်သည့် အရာရှိတဦးက လည်း ပြောသည်။

မန္တလေးတိုင်း ကြံ့ဖွံ့တာဝန်ခံ ၀န်ကြီးဦးအောင်သောင်းဆိုလျင် ၂၀၀၈ ခုမှစ၍ အပတ်စဉ် ကြာသာပတေးနေ့ နေပြည်တော် ကက်ဘိနက် အစည်းအဝေးပြီးတိုင်း မန္တလေးတိုင်းသို့ စည်းရုံးရေး ဆင်းလေ့ရှိသည်ဟု စုံစမ်းသိရသည်။

ထိုအတောအတွင်း အချို့တက္ကသိုလ်နှင့် ကောလိပ်များမှ ပါမောက္ခများ၊ ကျောင်းအုပ်ကြီးများ ကိုလည်း ကြံ့ဖွံ့ပါတီအတွက် လုပ်ကိုင်စည်းရုံးပေးရန် အာဏာပိုင်များက ကမ်းလှမ်းထားသည် ဟု ရန်ကုန် စာနယ်ဇင်းသမားတဦးက ပြောသည်။

source by : http://www.khitpyaing.org/news/march_09/2-3-09d.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */