ရိုဟင်ဂျာများထံမှ ငွေယူပြီး ဘင်္ဂလားသို့ ပို့ဆောင်မှုများ ဖြစ်ပွား

Tuesday, March 31, 2009 ·

ငြိမ်းချမ်း | ဒါကာ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် မောင်တောမြို့မှ ရပ်ကွက်ကောင်စီ ဥက္ကဋ္ဌတဦးသည် ရိုဟင်ဂျာ များထံမှ ငွေယူကာ ဘင်္ဂလားဒေ့ရှ်သို့ ပို့ဆောင်သည် ဆိုသော စွပ်စွဲချက်ဖြင့် ဒေသအာဏာပိုင်များက စစ်ဆေးနေသည်။

အမှတ် ၅ ရပ်ကွက်မှ ကောင်စီဥက္ကဋ္ဌ ဦးနိုဒါလန်ကို မောင်တောခရိုင် ကောင်စီဥက္ကဋ္ဌ ဦးသန်းတင်၊ လူဝင်မှု ကြီးကြပ်ရေး ဦးစီးမှူးနှင့် နစက ခေါ် နယ်စပ်ဒေသ စိစစ်ရေးနှင့် ကွပ်ကဲရေး ဌာနချုပ်မှ ကွပ်ကဲရေးမှူး ဗိုလ်မှူး အောင်ကြီးက မောင်တောမြို့နယ် ကျီးကန်းပြင်ရွာ အခြေစိုက် နစက ဌာနချုပ်တွင် ယခုလ ၂၄ ရက်နေ့က ခေါ်ယူစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

“လောလောဆယ်တော့ ရပ်ကွက် ၅ က ဥက္ကဋ္ဌကိုပဲ မေးတာမြန်းတာတွေ ရှိနေတယ်။ သူတယောက်ထဲ လုပ်တာတော့ မဟုတ်ဘူးလို့ ပြောတယ်။ လဝက ဦးစီးမှူး၊ ခယက ဥက္ကဋ္ဌလည်း ပါတယ်လို့ ပြောတယ်။ ကျန်တဲ့ လူတွေကိုလည်း နောက်မှာ မေးမြန်းစုံစမ်းနိုင်တယ်” ဟု မောင်တောမြို့နယ် ကောင်စီရုံးမှ စာရေးတဦးက မဇ္ဈိမကို ပြောသည်။

ယခုနှစ် ဇန်နဝါရီလ ၁ဝ ရက်နေ့က ဦးနိုဒါလန်သည် ရိုဟင်ဂျာ ဦးရေ ၇ဝ ခန့်ကို မောင်တောမြို့ တဖက်ကမ်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာသို့ ပို့ပေးရန်အတွက် တဦးလျှင် ကျပ် ၂ သောင်းစီယူ၍ ခိုးထုတ်ပေးခဲ့သော အမှုဖြစ်ကြောင်း သူက ဆက်ပြောသည်။

သို့သော် ဖမ်းဆီးချုပ်နှောင်ခြင်း မရှိဘဲ။ ပြန်လွှတ်ပေးခဲ့သည်။

ခိုးထုတ်ပေးခဲ့သော ရိုဟင်ဂျာများမှာ မောင်တောမြို့နယ် မူစာကျေးရွာမှ ဦးရေ ၃ဝ၊ မောင်နီပြင်မှ ၁၅ ဦး၊ ညောင်ချောင်းမှ ၅ ဦး၊ ရွှေစားကျေးရွာမှ ၁၅ ဦး၊ မောင်တောမြို့ အမှတ် (၅) ရပ်ကွက်မှ ၅ ဦး ဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်မှ တဆင့် မလေးရှားသို့ ထွက်ခွာရန်ဖြစ်ကြောင်း ညောင်ချောင်ရွာသား မူဟာမက် ကာမာလ် ဟိုစင် (MD Kamal Hossion) က ပြောသည်။

အလားတူပင် ပြည်ပသို့ ခိုးထုတ်ပေးရာ၌ စစ်တွေမြို့ လုံခြုံရေးတပ်ဖွဲ့က မသိချင်ယောင် ဆောင်နေလိမ့်မည် ဟုဆိုကာ ရိုဟင်ဂျာ ၄ဝ ထံမှ ငွေလိမ်မှုတခုလည်း ယခုလ ၉ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း စစ်တွေမြို့ ရေချမ်းပြင်အခြေစိုက် ရေတပ်စခန်းနှင့် နီးစပ်သူ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

သူက “စစ်တွေမှာရှိတဲ့ ဂျီအီးတပ်မှာ လျှပ်စစ်ဘက်က လုပ်နေတဲ့ ကိုသန်းမောင်က နေဗွီ (ရေတပ်)နဲ့ ပေါင်းပြီး ပင်လယ်ပြင်ကနေ မလေးရှားကို ထွက်ခွင့်ပြုမယ်။ သွားချင်ရင် လူတယောက်ကို ငွေ ၂ သိန်းကျစီ ပေးရမယ်ဆိုပြီး တောင်းတယ်” ဟု ပြောသည်။

စစ်တွေမြို့နယ် သက်ကယ်ပြင်၊ သဲချောင်း၊ တပိုင်ကျေးရွာများမှ လိမ်လည်ခံရသူ ရိုဟင်ဂျာ ၄ဝ ထဲတွင် အမျိုးသမီး ၁၅ ဦး ပါဝင်သည်။

သူတို့ထံမှ ကြိုတင်ငွေအဖြစ် တဦးလျှင် ကျပ် တသိန်းစီ ယူပြီးချိန်တွင် စစ်တွေအမှတ် ၂ ရဲစခန်းမှ ရဲအရာရှိ ဗိုလ်တိုးညွန့်က သတင်းအရ လိုက်လံရှာဖွေသဖြင့် လိမ်လည်သူ ကိုသန်းမောင်မှာ ထွက်ပြေး တိမ်းရှောင် သွားကြောင်း စစ်တွေမြို့ခံက ဆိုသည်။

ငွေပေးထားသူများမှာ တပြားတချပ်မှ ပြန်မရဘဲ ဆုံးရှုံးခဲ့သည်။

ထို့အပြင် မောင်တောမြို့ ရပ်ကွက်အချို့တွင် ယခုလ ၂၅ ရက်နေ့မှ စတင်ကာ အာဏာပိုင်များက တအိမ်တက် တအိမ်ဆင်း မှတ်ပုံတင်နှင့် ပုံစံ ၁ဝ ဟုခေါ်သော အိမ်ထောင်စုကဒ်ပြား စစ်ဆေးနေကြောင်း သိရသည်။

“သူတို့က စားရင်းနဲ့။ ရှိတဲ့လူနဲ့ စစ်တယ်။ ကိုက်ညီမှု မရှိဘူးဆိုရင် မေးမြန်းစုံစမ်းမှုတွေ လုပ်တယ်။ အိမ်ထောင်စု စာရင်း ပြင်ရမယ်ဆိုရင် ငွေ ၃ဝဝဝ (ကျပ်) စီ ပေးရတယ်” ဟု မောင်တောမြို့ခံ ကိုထွန်းကျော်က ပြောသည်။

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်အတွင်း မူစလင်ဘာသာဝင်များသည် မြန်မာအာဏာပိုင်များ၏ ဖိနှိပ်မှု မျိုးစုံကြောင့် ရသည့်နည်းဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်မှုသည် မကြာသေးခင် လပိုင်းအတွင်း ဒေသတွင်းနိုင်ငံများအဖို့ ပြဿနာများ ဖြစ်စေခဲ့သည်။

source by : http://www.mizzimaburmese.com/news/inside-burma/2690-2009-03-31-11-52-31.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */