ပြည်ထဲရေး ၀န်ကြီး ဗိုလ်ချုပ်မောင်ဦး အီးယူဒဏ်ခတ်စာရင်းတွင် ပါနေ၍ ဥရောပ အာဆမ် အစည်းအဝေး တတ်ခွင့်မရ

Wednesday, March 11, 2009 ·

NEJ | ဥရောပတိုက်တွင် မကြာခင် ကျင်းပမည့် မူးယစ်ဆိုင်ရာ အီးယူ-အာဆီယံ အစည်းအဝေး (အာဆမ်) သို့ တက်ရောက်ရန် ပြည်ထဲရေး ၀န်ကြီး သို့မဟုတ် ပြည်ထဲရေး ဒု-၀န်ကြီးကို မြန်မာစစ်အစိုးရက စေလွှတ်လိုသော် လည်း အဆိုပါပုဂ္ဂိုလ်များအား အီးယူက ဒဏ်ခတ်ပိတ်ဆို့ထားသည့်အတွက် လာရောက်ခွင့်မရဟု နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ထမ်းတဦးက ပြောသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ ဥရောပကော်မရှင်ရုံး ပြောခွင့်ရပုဂ္ဂိုလ်ထံ အတည်ပြုချက်ရရန် အီးမေးလ်ဖြင့် မေးမြန်းထားသော်လည်း အကြောင်းပြန်ကြားချက် မရသေးပေ။ အလားတူ အစည်းအဝေးများသို့ ယခင်က ရဲမှူးကြီး စစ်အေး တက်ရောက်လေ့ရှိသော်လည်း ယခုနှစ်တွင် ရဲမှူးကြီး ခမ်းအောင် တက်ရောက်ရန် များသည်ဟု သံတမန်တဦးက ပြောသည်။

သို့သော် အီးယူက ၂၀၀၈ ခုနှစ်တွင် ထပ်မံဖြည့်စွက်ထားသည့် မြန်မာနိုင်ငံမှ ဒဏ်ခတ်ထားသူများစာရင်းတွင် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးနှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ညွန့်ညွန့်ဦးတို့အမည်လည်း ထည့်သွင်း ထားသည်ကို ခေတ်ပြိုင်က ဖတ်ရှုရသည်။

မြန်မာစစ်ခေါင်းဆောင်များအပေါ် အီးယူမှ ဗီဇာထုတ်မပေးရေး ဒဏ်ခတ်ခြင်း၊ လက်နက်မရောင်းချခြင်း၊ အီးယူနိုင်ငံများရှိ မြန်မာ စစ်ခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း၊ အီးယူသို့ အထည်အလိပ် အခွန်တင်သွင်းခွင့် အခွန်လျှော့ပေါ့သည့် ယေဘုယျ အခွန်ကင်းလွတ်ခွင့်ကို ပိတ်ပင်ခြင်းနည်းများဖြင့် ဒဏ်ခတ်ထားသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အီးယူ၏ အဓိကရည်မှန်းချက်မှာ မြန်မာနိုင်ငံတွင် နိုင်ငံတကာအသိုင်းအ၀န်းနှင့် ဆက်ဆံရေး ပြန်ထူထောင်နိုင်ပြီး လူ့အခွင့်အရေးလေးစားသည့် လူမှုရေး၊ စီးပွားရေး တိုးတက်မှုကို ရှေးရှုသည့် ဒီမိုကရေစီနည်းကျကျ တင်မြှောက် ခံရသည့် အရပ်သားအစိုးရတရပ် ပေါ်ထွန်းရေးဖြစ်သည်။ သို့သော် မြန်မာ စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှု များကြောင့် မြန်မာနိုင်ငံမှ စစ်ခေါင်းဆောင်အများအပြားနှင့် လုပ်ငန်းရှင်များအား အီးယူက ဒဏ်ခတ်ထားသည်။

source by : http://www.khitpyaing.org/news/march_09/11-3-09c.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */