ဆယ်တန်းစာမေးပွဲ လုံခြုံရေးတင်းတင်းကျပ်ကျပ်ချ

Wednesday, March 11, 2009 ·

NEJ | ရန်ကုန်မြို့တွင် ၂ဝဝ၈-၂ဝဝ၉ စာသင်နှစ်အတွက် ကျင်းပသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို လုံခြုံရေး တင်းတင်း ကျပ်ကျပ်ချပြီး ကျင်းပနေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

စာမေးပွဲဖြေမည့် ကျောင်းသားကို ကိုယ်တိုင် လိုက်ပို့သူ မိခင်တဦးက “ကျမသားက ဗိုလ်တစ်ထောင် (၆) စာစစ်ဌာန မှာ ဖြေရပါတယ်။ ကျောင်းထောင့်မှာ လုံခြုံရေးရဲ (၃) ယောက်ချထားတယ်။ နောက်ထပ် ရဲလို့ ယူဆရတဲ့ အရပ်ဝတ် တယောက်က ဆိုင်ကယ်ရပ်ပြီးစောင့်တယ်။ ကျောင်းအဝင်ပေါက်ဝမှာတော့ အရန်မီးသတ် တပ်ဖွဲ့ဝင် (၄) ယောက်၊ ယာဉ်ထိန်းရဲ (၂) ယောက်၊ နောက် လုံခြုံရေးတာဝန်ယူရတဲ့ ဆရာဆရာမတွေ၊ အဲဒီလို ချထားတယ်။ အရင်နှစ်တွေ ကတော့ လုံခြုံရေး ဒီလောက် မတင်းကျပ်ဘူး” ဟု ပြောသည်။

အလားတူ ကျောင်းသားမိဘတဦးကလည်း ၎င်း၏သမီး စာမေးပွဲဖြေသည့်ကျောင်းထဲသို့ မဝင်ခင် ကျောင်းအပြင် မှာကတည်းက ကြိုးတန်းတွေတန်းပြီး တန်းစီဝင်ခိုင်းကြောင်း၊ (၃) နေရာခန့်တွင် ရှာဖွေ စစ်ဆေးမှုများ လုပ်ကြောင်း ပြောသည်။

ယခုကျင်းပနေသည့် စာမေးပွဲမတိုင်ခင်ကာလသည် အခြားနှစ်များနှင့်မတူဘဲ ရန်ကုန်အပါအဝင် မြန်မာတနိုင်ငံလုံး ဆိုးဆိုးရွားရွား လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်နေ၍ စာမေးပွဲဖြေမည့် ကျောင်းသူကျောင်းသားများနှင့် ကျောင်းသားမိဘများက အစိုးရအပေါ် စိတ်ဆိုးဒေါသထွက်နေကြသည့်အချိန်လည်း ဖြစ်သည်။

ရန်ကုန်တွင်လည်း မတ် (၁၁) ရက် နံနက် စာမေးပွဲဖြေမည်ဖြစ်သော်လည်း မတ် (၁ဝ) ရက်နေ့ည နေရာ အများအပြားတွင် လျှပ်စစ်မီး မရရှိကြောင်း မြို့ခံများက ပြောပြကြသည်။

ယခုကဲ့သို့ စာမေးပွဲအကြိုကာလ လျှပ်စစ်မီး မရသည်ကို အကြောင်းပြုပြီး မော်လမြိုင်မြို့တွင် ကျောင်းသားများ ဦးဆောင်သည့် ဆူပူဆန္ဒပြမှုတရပ်ဖြစ်ခဲ့ပြီး အလားတူ တွံတေးမြို့တွင်လည်း ဖြစ်ပွားခဲ့သေးကြောင်း၊ ထိုကြောင့် ဆူပူမှု တစုံတရာ မဖြစ်ရအောင်နှင့် ဖြစ်လာပါက အမြန်တားဆီးနိုင်ရန် ယခုကဲ့သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ချထားခြင်းဖြစ်နိုင်ကြောင်း မြို့ခံများက ပြောသည်။

မြန်မာနိုင်ငံတဝန်းလုံးတွင် နှစ်စဉ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျောင်းသူကျောင်းသား (၅) သိန်းနီးပါးမှ (၅) သိန်းကျော် ဝင်ရောက်ဖြေဆိုကြပြီး အစိုးရက (၁) သိန်းကျော် အောင်ပေးလေ့ရှိသည်။ ပြီးခဲ့သည့် ၂ဝဝ၅-ဝ၆ ခုနှစ်၌ (၅) သိန်းနီးပါး ဝင်ရောက်ဖြေဆိုပြီး (၂၅) ရာခိုင်နှုန်းနှင့် ညီမျှသည့် တသိန်းနှစ်သောင်းကျော် အောင်ပေးခဲ့သည်။

မြန်မာနိုင်ငံပညာရေးစနစ်အရ တက္ကသိုလ်ဝင်တန်းရမှတ် အနည်းအများကို အခြေခံပြီး သက်မွေးဝမ်းကျောင်း တက္ကသိုလ်များအပါအဝင် ဘာသာရပ်အမျိုးမျိုးကို တက်ရောက်ခွင့်ပေးသည့်အတွက် ကျောင်းသားကျောင်းသူများ ရော၊ မိဘများပါ အလွန်အလေးထားသည့် စာမေးပွဲဖြစ်ကြောင်း စုံစမ်းသိရသည်။

source by : http://www.khitpyaing.org/news/march_09/11-3-09d.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */