စည်ပင် ဘတ်ဂျက်နှင့် ကြံ့ဖွံ့မဲဆွယ်

Wednesday, March 11, 2009 ·

အောင်သက်ဝိုင်း | လမ်းခင်းခြင်းနှင့် သန့်ရှင်းရေး အပါအ၀င် လုပ်ငန်းအများ အပြားကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အမည်ဖြင့် ဆောင်ရွက်ခြင်း မပြုတော့ဘဲ ကြံ့ဖွံ့အသင်း အမည်ဖြင့် အစားထိုး ဆောင်ရွက် လာကြောင်း မြို့တော် စည်ပင် ၀န်ထမ်းတဦးက ပြောသည်။


ကြံ့ဖွံ့အသင်း ဆိုင်းဘုတ်ထူ၍ လမ်းခင်းစဉ် (ဓာတ်ပုံ - ဧရာဝတီ)
၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီဖွဲ့စည်းပြီး ၀င်ရောက်ယှဉ်ပြိုင်မည်ဟု နာမည်ထွက်နေသော ကြံ့ဖွံ့အသင်းသည် ယခုနှစ်အတွင်း လူထုအကျိုးပြုလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်သွားရန် စီမံချက်ဖြင့် ဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်း ကြံ့ဖွံ့အသင်း တာဝန်ခံ၊ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း နှင့် နီးစပ်သော သတင်းရပ်ကွက်မှ ကြားသိရသည်။

နိုင်ငံရေးပါတီအသွင် ဖွဲ့စည်းသည့်အချိန်တွင် လူထုထောက်ခံမှုရရှိရန် ယင်းသို့ လှုမှုရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် လုပ်ဆောင်ခြင်း ဖြစ်ပြီး လူထုအခြေခံ လိုအပ်ချက်ဖြစ်သည့် ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ သောက်သုံးရေလိုအပ်ချက် အစရှိသည့် အခန်း ကဏ္ဍများတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း အမည်ခံကာ လိုအပ်ချက်များ ဖြည့်ဆည်းပေးနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အသိုင်းအဝန်းမှ သိရှိရသည်။

“လမ်းခင်းတယ်ဆိုတာက စည်ပင်ဘတ်ဂျက်နဲ့ပါ။ ဒါပေမယ့် ပြည်ခိုင်ဖြိုး အသင်းနာမည်နဲ့ ပြည်ခိုင်ဖြိုး အလံ ထောင်ပြီး လုပ်နေတယ်” ဟု စည်ပင်ဝန်ထမ်းကပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဗိုလ်မှူးချုပ် အောင်သိန်းလင်းမှာ ကြံ့ဖွံ့အသင်း၏ ရန်ကုန်ုတိုင်း တာဝန်ခံအဖြစ် ဆောင်ရွက်လျှက်ရှိသည်။ ၎င်းသည် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့အသင်းက ပြောင်းလဲ တည်ထောင်မည့် နိုင်ငံရေးပါတီတွင် ထိပ်တန်းနေရာ ရယူ၍ ရွေးကောက်ပွဲတွင် အမတ်တနေရာ ရရှိအောင် လုပ်ဆောင်ရန်ရှိကြောင်း စည်ပင်သတင်းရပ်ကွက်၌ ပြောဆိုလျှက်ရှိသည်။

ထိုသို့ သတင်းများထွက်ပေါ်ခြင်းနှင့် တပြိုင်နက်တည်း ဗိုလ်မှူးချုပ်အောင်သိန်းလင်းက ကြံ့ဖွံ့အသင်း နာမည်ခံကာ လူမှုရေးလုပ်ငန်းများကို ရန်ကုန်တွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျှက် ရှိသည်။

၎င်းက “ဒီနှစ် လမ်းပေါင်းတထောင်ကျော်ကို ကတ္တရာ၊ ကွန်ကရိ လမ်းတွေဖြစ်အောင် ခင်းပေးဖို့ ရှိပါတယ်” ဟု ဇန်န၀ါရီလ ၄ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမတွင် သတင်းဂျာနယ်များမှ သတင်းထောက်များအား ပြောကြားခဲ့သည်။

ယခုနှစ်တွင် လူထုအကျိုးပြုလုပ်ငန်းများအတွက် ဘဏ္ဍာငွေ တိုးချဲ့သုံးစွဲမည်ဖြစ်ပြီး အခြေခံလူတန်းစားများ နေထိုင်ရာ ဆင်ခြေဖုံး မြို့နယ်များကို အဓိက ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သူက ဆက်လက် ပြောဆိုခဲ့သည်။

“အစိုးရတရပ်အနေနဲ့ သူလုပ်သင့် လုပ်ထိုက်တဲ့ အလုပ်ကို ရွေးကောက်ပွဲဝင်မယ့် အဖွဲ့အစည်းတရပ် နာမည်သုံးပြီး လုပ်တယ်ဆိုတာ လုံးဝကို မရိုးသားဘူး” ဟု ရန်ကုန်မြို့မှ ၀ါရင့် သတင်းစာဆရာကြီးတဦးက သုံးသပ်ပြောကြားသည်။

ကြံ့ဖွံ့အသင်းက လူထုအကျိုးပြုလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေရာတွင် ကျန်းမာရေး စောင့်ရှောက်မှု အပိုင်း၌ ဖြိုးစေတနာ ဆေးခန်းများ ဖွင့်လှစ်နေပြီး အဆိုပါ ဆေးခန်းများတွင် အထူးကု ဆရာဝန်ကြီးများ ခေါ်ယူကာ အခမဲ့ ဆေးကုသပေးလျှက်ရှိသည်။

“ဘာအတွက်ပဲလုပ်လုပ် လောလောဆယ် လူထုလိုအပ်ချက်ဖြစ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် အခမဲ့ ဆေးကုပေးနေတယ် ဆိုတာ ကောင်းပါတယ်။ ကျနော်တို့လို မရှိဆင်းရဲသား လူတန်းစားတွေအတွက် ဆေး အလကား ကုရတယ်ဆိုတာ အင်မတန် ကောင်းပါတယ်” ဟု မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံတွင် ဖွင့်လှစ်ထားသော ကြံ့ဖွံ့အသင်း၏ ဖြိုးစေတနာဆေးခန်းတွင် လာရောက် ဆေးကုသမှု ခံယူသူ အသက် ၅၄ နှစ်အရွယ် အမျိုးသားတဦးကပြောသည်။

ပညာရေးကဏ္ဍဆောင်ရွက်မှုတွင်လည်း ကြံ့ဖွံ့အသင်းအမည်ဖြင့် အခြေခံပညာ ကျောင်းများပြင်ဆင် မွမ်းမံဆောက်လုပ်ခြင်းများ ဆောင်ရွက်ပေးနေပြီး ယနေ့ စတင်ကျင်းပသည့် ဆယ်တန်းကျောင်းသားများ အတွက်လည်း အခမဲ့ ပညာဒါန သင်တန်းကျောင်းများ ဖွင့်လှစ်ပေးခဲ့ကာ ကျောင်းသား ရာပေါင်းများစွာကို လေ့ကျင့် သင်တန်းပေးလျက်ရှိသည်ဟု သိရှိရသည်။

ဖြိုးစေတနာ ပညာဒါန အခမဲ့ သင်တန်းကျောင်းများကို တောင်ဥက္ကလာပ ၁ ရပ်ကွက် နန္ဒ၀န်ဈေးရှေ့တွင် တခု၊ လှိုင်သာယာမြို့နယ်၊ ၁၈ ရပ်ကွက်တွင် တခု၊ အင်းစိန် GTI ကျောင်းဝင်းထဲတွင် တခု အပါအ၀င် တခြားသော နေရာများ၌လည်း ဖွင့်လှစ်ထားကြောင်း စည်ပင်ဝန်ထမ်းတဦးက ပြောသည်။

“ဒီကျောင်းမှာ ကျောင်းသားကျောင်းသူတွေကို အခမဲ့စာသင်ပေးတဲ့ အပြင် လိုအပ်တဲ့ ဗလာစာအုပ်တို့၊ စာမေးပွဲ အထူးထုတ် စာအုပ်တို့ အခမဲ့ ပေးသေးတယ်” ဟု သူက ဆိုသည်။

ထို့ပြင် နာရေးကူညီမှုအသင်းနှင့်အပြိုင် အခမဲ့ နာရေး ပို့ဆောင်ခြင်း အစီအစဉ်များကို ကြံ့ဖွံ့အဖွဲ့က လုပ်ဆောင် ပေးလျက် ရှိသော်လည်း ပြည်သူများက နာရေးကူညီမှုအသင်းကိုသာ ဆက်သွယ် ဆောင်ရွက် ကြသည့် အတွက် နာရေးကူညီမှုအသင်း၏ လုပ်ငန်းစဉ်များကို နှောင့်ယှက်မှုများ ပြုလုပ်သည်။

၂၀၀၉ ခုနှစ် မတ်လ ၁ ရက်နေ့မှ စတင်ကာ နာရေးကူညီမှုအသင်း၏ အသုဘပို့ နိဗ္ဗာန်ယာဉ်များကို လူနေ ရပ်ကွက်များတွင် ထားရှိခွင့် ပိတ်ပင်ခဲ့ပြီး ၎င်းအသင်း၏ လုပ်ငန်းစဉ်များကို နှောင့်ယှက်လာသည်။

“ရပ်ကွက်တွေထဲမှာ နိဗ္ဗာန်ယာဉ်တွေ ရပ်ခွင့် မပေးဘူးဆိုတာက သက်ဆိုင်ရာသုသာာန်တွေမှာ နာရေးကူညီမှု လုပ်ငန်းတွေ အတူတူရပ်နားကြတော့ လူမှုရေးလုပ်ငန်းတွေ ပိုမိုထိရောက်စွာ ဆောင်ရွက်စေနိုင်ဖို့ကို အဓိက ထားနိုင်အောင်လို့ပါ” ဟု ဗိုလ်မှူးချူပ်အောင်သိန်းလင်းက ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် တရားဝင်ပြောဆို ခဲ့သည်။

ယင်းသို့ တင်းကျပ်မှုများကြောင့် ရုပ်ရှင်မင်းသားကျော်သူ ဦးစီးသော ရန်ကုန် နာရေးကူညီမှု အသင်းမှာ အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း နာရေးကူညီမှု အသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ရန်ကုန်တွင် အစိုးရက လျှပ်စစ်ဓာတ်အား ပုံမှန်မပေးနိုင်တော့သည့် အတွက် ရေရရှိမှု အခက်အခဲဖြစ်လာရာ သောက်သုံးရေ မရရှိနိုင်သော ပြည်သူလူထုကို ကြံ့ဖွံ့အသင်းပိုင် ရေသယ်ယာဉ်များဖြင့် ရေပေးဝေမည် ဖြစ်ကြောင်း ဗိုလ်မှူးချူပ်အောင်သိန်းလင်းက ထပ်မံပြောဆိုပြန်သည်။

“ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးဆိုတဲ့ နာမည်နဲ့ ရေသယ်ကားတွေ ရန်ကုန်မြို့ထဲမှာ အခမဲ့ ရေပေးနေတယ်” ဟု ရန်ကုန်မြို့ခံတဦးက ပြောပြသည်။

ရေရှားပါးသည့် ဒဂုံမြို့သစ် ရပ်ကွက်များတွင်လည်း ငမိုးရိပ်ရေ သွယ်ယူနိုင်ရန် ကြံ့ဖွံ့အသင်းက အိမ်တိုင် ရာရောက် အရစ်ကျငွေချေ စနစ်ဖြင့် ရေရရှိအောင် ဆောင်ရွက်ပေးနေသည်ဟုလည်း သိရှိရသည်။

“ဟုတ်တယ်။ အိမ်အရောက် ငမိုးရိပ်ရေသွယ်လို့ရတယ်။ တသိန်း ခြောက်သောင်းကို သုံးရစ်ခွဲသွင်းရတယ်။ တော်တော်အဆင်ပြေတယ်။ ကြံ့ဖွံ့က လုပ်တယ်ဆိုပေမယ့် လောလောဆယ် ကျမတို့ဘက်မှာ ရေ အဆင် ပြေသွားတယ်” ဟု ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်မှ အိမ်ရှင်မတဦးက ဆိုသည်။

တနိုင်ငံလုံးတွင် ကြံ့ဖွံ့အသင်းဝင်ပေါင်း ၂၄ သန်းရှိနေပြီဖြစ်ကာ နိုင်ငံတော်တွင် လိုအပ်ပါက ကျရာ အခန်းကဏ္ဍ မှ တာဝန် ထမ်းဆောင် သွားရမည့် အမျိုးသားအဖွဲ့အစည်းကြီးဖြစ်ကြောင်း စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၂၀၀၈ ခုနှစ်တွင်ကျင်းပသော ကြံ့ဖွံ့အသင်းကြီး၏ နှစ်ပတ်လည်အစည်းအဝေးတွင် တရားဝင် ပြောကြားခဲ့သည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=821:2009-03-11-11-24-52&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */