ကေအန်ယူမှ ထုတ်ပယ်ထားသည့် ဗိုလ်ကြီး (၃) ဦး ကေအန်ယူ ခွဲထွက်အဖွဲ့နှင့် ပူးပေါင်း

Thursday, March 12, 2009 ·

NEJ | ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်ကြီးအဆင့်ရှိ တပ်ဖွဲ့ဝင် (၃) ဦးသည် ယခု လဆန်းပိုင်းက ကရင်ခွဲထွက် အဖွဲ့တဖွဲ့ဖြစ်သည့် ဗိုလ်ဌေးမောင်၏ ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီအဖွဲ့နှင့် သွားရောက် ပူးပေါင်း လိုက်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်ကြီးစောနေစိုးမြ၊ ဗိုလ်ကြီးမဟာဆွေနှင့် ဗိုလ်ကြီးသဲးခီး တို့သည် ငြိမ်းချမ်းရေး ကောင်စီအဖွဲ့နှင့် သွားရောက်ပူးပေါင်းသည်မှာ မှန်ကန်ကြောင်း ကေအန်အယ်လ်အေ ကာကွယ်ရေးဌာနမှ ဗိုလ်မှူးရှီးလေက ခေတ်ပြိုင်သို့ အတည်ပြုပြောကြားသည်။

ဗိုလ်ချုပ်ကြီးဟောင်း စောဘိုမြ၏ သားငယ်ဖြစ်သူ ဗိုလ်ကြီး စောနေစိုးမြသည် ယခင်နှစ် ဒီဇင်ဘာလ (၁၂) ရက်နေ့ က အဖွဲ့၏ ခွင့်ပြုချက်မပါဘဲ ကော့ကရိတ်မြို့နယ် ထော့ကိုကိုးရွာတွင် အခြေစိုက်သည့် ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီအဖွဲ့နှင့် သွားရောက်တွေ့ဆုံခဲ့သည့်အတွက် ကေအန်ယူဗဟိုမှ ခေါ်ယူ၍ သတိပေးတားမြစ်မူများ ပြုလုပ်ခဲ့ရသည်။

စောနေစိုးမြသည် ယခင်လက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ နုတ်ထွက်ခွင့် တောင်းခံခဲ့ရာ ကေအန်အယ်လ်အေ စစ်ရုံးချုပ်မှ ၎င်းအား နုတ်ထွက်ခွင့်ပြုခဲ့သည့်နောက်ပိုင်း ထော့ကိုကိုးသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ (၃) ဦးနှင့်အတူ ကရင်အမျိုးသား အစည်းအရုံးကို အစဉ်တစိုက် အားပေးထောက်ခံခဲ့ပြီး ကရင်ခွဲထွက် အဖွဲ့များကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည့် ကေအန်ယူ နယ်မြေအခြေစိုက် အင်းရှည်ဆရာတော် ဦးဝိဇယသည်လည်း ၎င်းတို့နှင့်အတူ လိုက်ပါသွားခဲ့သည်။

ထော့ကိုကိုးသို့ လိုက်ပါသွားသူ (၄) ဦးထဲတွင် စောနေစိုးမြ၊ စောမဟာဆွေ၊ စောသဲးခီးတို့ (၃) ဦးမှာ ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့၏ တရားဝင်အဖွဲ့ဝင်များ ဖြစ်သွားပြီးဟု ဗိုလ်မှူးရှီးလေက အတည်ပြု ပြောသည်။ သို့သော် ဘုန်းတော်ကြီး ဦးဝိဇယကမူ “ဘုန်းကြီးဆိုတာက ဒကာ၊ ဒကာမတွေ ပင့်ဖိတ် လို့ရှိရင် ဘယ်အရပ် ဘယ်ဒေသမဆို ကြွရတယ်” ဟု ပြောသည်။

စောသဲးခီးအား ကေအန်အယ်လ်အေမှ ထုတ်ပယ်ထားသည်မှာ ကြာပြီဖြစ်သော်လည်း စောနေစိုးမြကို ယခင်လကုန် ပိုင်း၌ နုတ်ထွက်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ စောမဟာဆွေနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များ မသိရှိ ရသေးသော်လည်း ဘုန်းတော်ကြီး ဦးဝိဇယ အပါအ၀င် ၎င်းတို့ (၄) ဦးသည် ယခု ရက်ပိုင်း အတွင်း မဲဆောက်မြို့သို့ ပြန်လည်ရောက်ရှိလာပြီး မဲဆောက်နှင့် ထော့ကိုကိုးသို့ ပုံမှန် သွားလာ လျက်ရှိသည်။

ကရင်အမျိုးသားအစည်းအရုံးသို့ ယခုကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းခဲ့ရာ အဖွဲ့၏ တာဝန်ရှိသူတဦးက အဆိုပါလူများသည် မိမိတို့အဖွဲ့နှင့် လုံးဝပတ်သက်ခြင်းမရှိတော့သဖြင့် တစုံတရာပြောကြားရန် အကြောင်းမရှိဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

source by : http://www.khitpyaing.org/news/march_09/12-3-09a.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */