ဒေါ်စုအကြောင်း တရုတ်ရုပ်သံက ထုတ်လွှင့်

Saturday, March 28, 2009 ·

ဧရာဝတီ | တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရုပ်မြင်သံကြား အစီအစဉ်က နေအိမ်အကျယ်ချုပ် ကျခံနေရသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အကြောင်း ရှားရှားပါးပါး ထုတ်လွှင့်သွားသည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ လုပ်ငန်းအဖွဲတဖွဲ့ဖြစ်သော ဂျနီဗာ အခြေစိုက် တရားမဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်း ဆိုင်ရာ လုပ်ငန်း အဖွဲ့(WGAD) ၏ ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်ချထားခြင်းသည် မြန်မာပြည်တွင်း ဥပဒေများနှင့် ညီညွတ်ခြင်းမရှိကြောင်း မကြာသေးခင်က ကြေညာချက်အပေါ်အခြေခံ၍ အဆိုပါ ရုပ်မြင်သံကြား အစီအစဉ်က သတင်း ထုတ်ပြန်ခြင်းဖြစ်သည်ဟု တရုတ်-မြန်မာနယ်စပ် ဒေသခံများက ပြောသည်။

ထိုသတင်းကို ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံများနှင့် တကွ ထုတ်ပြန်ခြင်းဖြစ်သည်။

မြန်မာ့အရေး လေ့လာသူများက တရုတ် သတင်းဌာနတခု၏ ယခုလုပ်ရပ်သည် မြန်မာအတိုက်အခံ ခေါင်းဆောင် တဦးကို တရုတ်အာဏာပိုင်များအနေနှင့် အသိအမှတ်ပြုသည့် လက္ခဏာတရပ်ကိုပြဆိုကြောင်း ပြောသည်။

အဆိုပါရက်များအတွင်း မြန်မာနိုင်ငံသို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင် အာရှရေးရာ ညွှန်ကြား ရေးမှူး မစ္စတာ စတီဖင် ဘလိတ် ရောက်ရှိနေပြီး စစ်အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ တရုတ်အစိုးရဘက်မှ အမေရိကန်နှင့်မြန်မာအစိုးရ ဆက်ဆံရေးပိုမို ကောင်းမွန်လာမည်ကို စိုးရိမ်မှုရှိခြင်းကြောင့် ယခုကဲ့သို့ ရုပ်သံအစီအစဉ်မှ ပြသခြင်း ဖြစ်နိုင်သည်ဟု လေ့လာသူများက ပြောဆို ကြသည်။

မစ္စတာ စတီဖင် ဘလိတ်သည် ၎င်း၏ ၄ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင် သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) ထိပ်ပိုင်း ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးမှု များပြုလုပ်ခဲ့သေးသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ ၁၉၇၅ ခုနှစ် နိုင်ငံတော်လုံခြုံမှု ကာကွယ်ရေး ဥပဒေဖြင့် ထိန်းသိမ်းထား ခြင်းဖြစ်သည်။ ဤ ဥပဒေ ပြဌာန်းချက်အရဆိုလျင်နိုင်ငံတော် အချုပ်အခြာ အာဏာတည်မြဲရေး နှင့် လုံခြုံရေးကို ထိပါးနှောင့်ယှက်သူများ၊ ပြည်သူလူထု၏ ငြိမ်းချမ်းတည်ငြိမ်မှုကို နှောင့်ယှက်သူများကို ၅ နှစ် အထိ ထိန်းသိမ်း ထားနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ် ကျော်ပြီ ဖြစ်ပြီး လာမည့် မေလ ၂၄ ရက် ဆိုလျင် ၆ နှစ်ပြည့်ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=895:2009-03-27-13-06-18&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */