ရှမ်းတဲကြီးကျေးရွာအနီး ရေနံထွက်ရှိခြင်းသတင်း မမှန်ကန်

Wednesday, March 18, 2009 ·

အောင်ထက် | ရန်ကုန်တိုင်း လှည်းကူးမြို့နယ် လေးထောင့်ကန်အနီး ရှမ်းတဲကြီးကျေးရွာအပိုင် ဦးသန်းထွန်းပိုင် လယ်ကွက်တွင်းမှ သဘာဝဓာတ်ငွေ့များထွက်ရှိနေ၍ သက်ဆိုင်ရာမှ သွားရောက် တိုင်းတာ စစ်ဆေးကာ ထိုလယ်မြေများကို သိမ်းယူလိုက်ခြင်းကြောင့် လယ်ပိုင်ရှင်မှာ ရူးနေကြောင်း၊ နစ်နာကြေး တဧက (၂) သောင်းနှုန်း သာပေးမည် ဖြစ်သည့် အတွက် လယ်သမားတဦးအပေါ် အခွင့်အာဏာနှင့် အဓမ္မ အနိုင်ကျင့် နေကြောင်း ဖေဖော်ဝါရီလကုန်ပိုင်းက ပြည်တွင်း၊ ပြည်ပ မီဒီယာများတွင် ဖော်ပြပါရှိပြီးဖြစ်သည်။

အဆိုပါ သဘာဝဓာတ်ငွေ့ထွက်ရှိနေသည့် လယ်ကွက်သည် လေးထောင့်ကန်ကားလမ်းမကြီးမှ တမိုင်သာသာခန့်သာ ကွာဝေးကြောင်း၊ အောင်ကေဒါ ကြက်မွေးမြူရေးခြံနှင့် အင်ကြင်းမြိုင် ဘုန်းတော်ကြီး ကျောင်းတို့ အနီးတွင် ရှိကြောင်း၊ တူးဖော်ရေးလုပ်ငန်းခွင်သို့ ၀င်ခွင့်မရဘဲ အပြင်မှ လေ့လာ၍တော့ရကြောင်း၊ လက်ရှိတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးဝန်ထမ်း အယောက် (၂၀) ခန့်ဖြင့် နေ့ဆိုင်း၊ ညဆိုင်း တာဝန်ထမ်း နေကြောင်း၊ တူးဖော်ရေးစက်ပစ္စည်းအတင်အချနှင့် ၀န်ထမ်းအသွားအလာများခြင်းကြောင့် လယ်ယာမြေတချို့ မြေသားလမ်းဖြစ်နေကြောင်းသိရသည်။

“တူးနေတုန်းပဲ။ သဘာဝဓာတ်ငွေ့ ထွက်မယ် မထွက်ဘူး။ စီမံကိန်းအဆင့်ရရှိမယ်လည်း မပြောနိုင်သေးဘူး။ ထွက်နိုင်တယ်လို့ စမ်းသပ်တွေ့ရှိရတာကိုး။ ဘယ်လိုစမ်းသပ်လဲဆိုတော့ (၂) မိုက်အနက်မြေကို တောက်လျှောက် တူးလိုက်တယ်။ အဲဒီမှာ ရှာဖွေရေးစက်ကလေး လွှတ်လိုက်တယ်။ သဘာဝဓာတ်ငွေ့ ရှိနိုင်တဲ့ နေရာကျတော့ အဲဒီ စက်က ရပ်သွားရော။ ဒီတော့ အဲဒီနေရာကို ကွင်းပြီး တူးနေတယ်။ စီးပွားဖြစ်ရနိုင်တယ် မရနိုင်ဘူး ခုအနေအထားမှာ ပြောမရသေးဘူး။ မရနိုင်ရင် ပြန်ဆုတ်သွားမှာပါ” ဟု ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး ၀န်ထမ်းတဦးကပြောကြားသည်။

သဘာဝဓာတ်ငွေ့ ထွက်ရှိနိုင်သည်ဟု စမ်းသပ်တွေ့ရှိရ၍ အသိမ်းခံလိုက်ရသော ဦးသန်းထွန်း၏ လယ်မြေ ဧကမှာ (၅) ဧကဖြစ်ကြောင်း၊ တဧက (၁၀) သိန်းခန့် တန်ကြေးရှိပြီး၊ လယ်အပြီး ယခုလိုရာသီတွင် ပဲတီစိမ်းများ စိုက်ပျိုးလေ့ ရှိကြောင်း၊ တဧက (၁၇-၁၈) တင်းခန့် ထွက်ရှိသည်ဟု သိရသည်။

တူးဖော်ရေးအဖွဲ့တာဝန်ရှိသူတို့မှ စည်းဝေးတိုင်ပင်ကြပြီး သီးနှံပျက်ခကို တွက်ချက်ပေးမည်ဟု အသိပေး ထားကြောင်း၊ နစ်နာကြေး လက်ဝယ်မရသေးသော်လည်း သီးနှံပျက်တန်ဖိုး (၁၀) သိန်းကျော်တော့ ရနိုင်မည်မှန်းထားကြောင်း၊ ကျီစုကျေးရွာ ငါးခြောက်တန်းဘက်တွင် နစ်နာကြေးမြေတကွက်ပေးမည်ဟု သိရကြောင်း၊ ဦးသန်းထွန်းနှင့် တလမ်းတည်းနေ (ဂျပန်လမ်း) သွေးသားမကင်းသည့် ဦးစိုးသန်းက ရှင်းပြသည်။

ဦးသန်းထွန်းတွင် လယ်ဧက (၂၀) ခန့်ရှိပြီး၊ ကျေးရွာတွင်း အလှူမင်္ဂလာဆောင် မီးစက်အငှား လိုက်ခြင်း၊ လော်စပီကာဖွင့်ခြင်း အလုပ်များ လုပ်ကိုင်နေသော လူရိုးလူအေး တယောက်ဖြစ်ကြောင်း၊ လယ် (၅) ဧက သိမ်းခံရသည့်အတွက် ရူးရလောက်အောင် စိတ်ထိခိုက်ခြင်းမျိုး မဟုတ်ရကြောင်း ဦးသန်းထွန်းနှင့် တလမ်းတည်းနေ (ဂျပန်လမ်း) သွေးသားမကင်းသည့် ဦးစိုးသန်းက ရှင်းပြသည်။

ယခုအခါ လေးထောင့်ကန်ကျေးရွာ၊ သုံးပွင့်ဆိုင် တံတားအနီး ရေနံထွက်ရှိနေကြာင်း၊ ထို့အတွက် သက်ဆိုင်ရာ ရ၀တများမှ အိမ်ထောင်စုစာရင်းများ လိုက်လံကောက်ယူနေကြောင်း၊ မကြာမီ ရွာအလိုက် ရွှေ့ပြောင်းရမည် ဆိုသည့် သတင်းများထွက်ရှိနေသော်လည်း အမှန်မှာ တခုမှ အခြေအမြစ်မရှိကြောင်း၊ ကောလဟာလ သတင်းများ သာဖြစ်ကြောင်း ဦးစိုးသန်းမှ ထပ်လောင်းပြောကြားသွားသည်။

source by : http://www.khitpyaing.org/news/march_09/17-3-09c.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */