NEJ | မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ သိမှတ်ဖွယ်၊ ပြည်သူများ သတိပြုနိုင်ရန် အသိပေးမှု များကို ရုပ်မြင်သံကြား အစီအစဉ်များက ငွေမရ၍ ထုတ်လွှင့်မှု ဦးစားမပေးကြောင်း မီးသတ်ဦးစီးဌာန၏ အရာထမ်းတဦးက ပြောသည်။
မြန်မာတနိုင်ငံလုံးတွင် မီးလောင်မှုကြောင့် ၂၀၀၈ ခုတွင် ဆုံးရှုံးမှု ငွေကြေးပမာဏမှာ သိန်းပေါင်း (၄) သောင်း ခန့်ရှိခဲ့ကြောင်း၊ ၂၀၀၇ ခုတွင် သိန်းပေါင်း ကိုးထောင်ခြောက်ရာကျော် ဆုံးရှုံးခဲ့ကြောင်း ပြည်တွင်း သတင်း မီဒီယာ များက ဖော်ပြကြသည်။
၂၀၀၉ ခု ဖေဖော်ဝါရီထုတ် Living color မဂ္ဂဇင်းတွင် (မီးဘေးအန္တရာယ် သတိပေးမှု မီဒီယာများ ကျယ်ကျယ် ပြန့်ပြန့် ထုတ်လွှင့်ဖော်ပြရန်လို) ဟူသော ဆောင်းပါးတွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ရုံးချုပ်၏ အကြီးတန်း အရာရှိတဦးက “ခုနိုင်ငံပိုင် မီဒီယာတွေကနေ သတိပေးနေတာတွေတော့ရှိတယ်။ ဒါပေမယ့် အချိန်က အရမ်းနည်းတယ်။ အမြဲတမ်း လွှင့်ချင်ပေမယ့် ကျနော်တို့မှာ အခက်အခဲ တချို့ရှိတယ်။ ဒါကြောင့် ပုဂ္ဂလိက ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေရဲ့ အကူအညီလည်း အထူးလိုအပ်နေတယ်” ဟု ပြောထားကြောင်း ပါရှိသည်။
မီးသတ်အရာထမ်းတဦးက “ကျနော်တို့ လူမှုဝန်ထမ်းဌာနဟာ ငွေကြေးရှိတဲ့ ဌာနမဟုတ်ပါဘူး၊ ပိုက်ဆံ ပေးပြီး တော့လည်း မီးဘေးကြိုတင်မှု ပညာပေးလုပ်ငန်းတွေကို သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြား ထုတ်လွှင့်မှု စတဲ့မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် မထည့်နိုင်ဘူး” ဟု ပြောသည်။
ရုပ်မြင်သံကြားကြည့် ပရိသတ်တဦးက “ကျနော်တို့ တီဗွီလည်းကြည့်ခဲ့ပါတယ်။ အကြည့်အများဆုံးကတော့ ကိုရီယားဇာတ်လမ်းတွေပါပဲ။ အဲဒီဇာတ်လမ်းတွေလာတဲ့အခါတော့ ကြော်ငြာအစုံ ကြည့်ရတယ်။ မီးဘေး ကြိုတင်မှု ပညာပေးကြော်ငြာမျိုး တခါမှ မတွေ့ဖူးဘူး။ အခြားအချိန်မှာ ကြော်ငြာတာဆိုရင်တော့ ကျနော်တို့ မသိနိုင်ဘူး။ ကြည့်မှမကြည့်တာ” ဟု ပြောသည်။
ပြည်တွင်းသတင်းဂျာနယ်တခု၏ ၀ါရင့် အယ်ဒီတာတဦးက ၎င်းတို့ဂျာနယ်၊ မဂ္ဂဇင်းများတွင် မီးသတ်ဦးစီးဌာန၏ သတင်းများ ရေးသားဖော်ပြမှု ပြုလုပ်ပါကြောင်း၊ ယခုကာလတွင် ပို၍ အရေးကြီးကြောင်း၊ မီးလောင်မှု အများဆုံး ဖြစ်တတ်သော ကာလများဖြစ်ကြောင်း ပြောသည်။
ရန်ကုန်တိုင်း မီးသတ်ဦးစီး၏ တရားဝင်ထုတ်ပြန်မှု မီးလောင်မှုဖြစ်စဉ်များတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းက မြန်မာတနိုင်ငံလုံး မီးလောင်မှုအကြိမ်ပေါင်း (၁၀၀) ကျော် ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။
“မြို့ပေါ်နေသူတွေထက် ကျေးလက်တောရွာနေသူတွေအနေနဲ့ မီးဘေးအန္တရာယ် ကာကွယ်မှု၊ ကြိုတင်ကာကွယ် မှုတွေကို သိစေဖို့ အသိပညာပေး အစီအစဉ်တွေ ရုပ်မြင်သံကြားကလွှင့်ရင် ထိရောက်မှုဖြစ်နိုင်တယ်။ တချို့နယ် တွေက ရုပ်မြင်သံကြားကြည့်တယ်” ဟု မီးသတ်အရာထမ်းတဦးက သူ၏အမြင်ကို ပြောသည်။
မီးလောင်မှုဖြစ်ပွားသည့် သတင်းများကို မီးသတ်ဦးစီးဌာနက မြန်မာ့အသံ၊ မြ၀တီရုပ်သံ၊ သတင်းစဉ် (ပြည်တွင်း)၊ မြို့တော်သတင်းစာတိုက်၊ City FM တို့တွင် ကြော်ငြာအသိပေးရန် ရုံးတံဆိပ်ဖြင့် ပေးပို့ကြောင်း၊ City FM၊ မြန်မာ့ သတင်းစဉ်၊ မြို့တော်သတင်းစာတို့က ကြော်ငြာပေးကြောင်း၊ ရုပ်သံပိုင်းက စီးပွားရေးကြော်ငြာများကို ဦးစားပေး၍ ထုတ်လွှင့်မှု အားနည်းကြောင်း သိရသည်။
“ကျနော်တို့က ပြည်တွင်းသတင်းဂျာနယ်တွေကို ပိုပြီးအားကိုးပါတယ်။ သတင်းစာကျတော့လည်း လူတွေ သိပ်မဖတ်ကြဘူးလေဗျာ” ဟု လူမှုဝန်ထမ်း အရာရှိတဦးက ပြောသည်။
source by : http://www.khitpyaing.org/news/march_09/17-3-09b.php
မီးဘေးကာကွယ်ရေးသတင်း ငွေမရှိ၍ တီဗွီမှ မလွှင့်နိုင်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment