အေးလဲ့ | ကချင် လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့သုံးဖွဲ့နှင့် ကချင်ပြည်နယ် ယာယီ ကော်မတီတို့၏ ထိပ်တန်း ခေါင်း ဆောင်များက ၂၀၁၀ ရွေးကောက်ပွဲဝင်ရန်အတွက် မကြာသေးခင်က နိုင်ငံရေးပါတီ တခုကို ဖွဲ့စည်းလိုက်သည်။
အဆိုပါ အသစ်ဖွဲ့စည်းလိုက်သည့် ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP)မှာ စစ်အစိုးရ ပြုလုပ်မည့် ၂၀၁၀ရွေးကောက်ပွဲတွင် ပါဝင်ရန် ကချင်ပြည်နယ် ကိုယ်စားပြု နိုင်ငံရေးပါတီအဖြစ်ဖွဲ့စည်းလိုက်ခြင်းဖြစ် ကြောင်း ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့(KIO) ဒု နိုင်ငံခြားရေး တာဝန်ခံ ဂျိမ်းစ်လွမ်ဒေါင်က ပြောသည်။
“ကချင်ပြည်နယ် တိုးတက်ရေးပါတီ အနေနဲ့ တရားဝင် နိုင်ငံရေးပါတီ ဖြစ်လာဖို့အတွက် လက်ရှိအစိုးရဲ့ ခွင့်ပြုချက် မှတ်ပုံတင်နိုင်ရန် စောင့်ဆိုင်းနေခြင်း ဖြစ်ပါတယ်”ဟု ဂျိမ်းစ် လွမ်ဒေါင်က ဧရာဝတီသို့ ပြောသည်။
ယခု နိုင်ငံရေးပါတီသစ် ထူထောင်ရန် ပြီးခဲ့သည့်နှစ်ကတည်းက ညှိနှိုင်း သဘောတူညီမှုရယူခဲ့ခြင်း ဖြစ်ကြောင်း KSPP အဖွဲ့ဝင် တဦးကလည်း ပြောသည်။
ယင်း KSPP ပါတီတွင်ပါဝင်သော ကချင်ငြိမ်းချမ်းရေးအဖွဲ့များမှာ KIO, ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) နှင့် လဆန် အောင်ဝါ ငြိမ်းချမ်းရေး အဖွဲ့တို့ ဖြစ်သည်။
KSPPပါတီ ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယင်းအဖွဲ့ကို ကချင်ပြည်နယ် ယာယီ ကော်မတီ Kachin State Interim Committee (KSIC) ဥက္ကဌ ဒေါက်တာ မနန် တူးဂျာ အဖွဲ့ မှ ဦးဆောင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
KSIC သည် ၂၀၀၈ ခုနှစ် ဇွန်လပိုင်းတွင် ကချင်အမျိုးသား အတိုင်ပင်ခံ ခေါင်းဆောင်များနှင့် ကချင်ပြည်နယ် တွင် ဖွဲ့စည်းခဲ့သည့်အဖွဲ့ဖြစ်သည်။
၄၈နှစ်ပြည့် ကချင်တော်လှန်ရေးနေ့တွင် KIO ဒု ဥက္ကဌ ဒေါက်တာ မနန် တူးဂျာက“ကျနော်တို့ ဗဟို သဘော ထားကတော့ နိုင်ငံတော်အစိုးရက ချမှတ်အကောင်အထည်ဖော်နေတဲ့ လမ်းပြမြေပုံအရ ဒီမိုကရေစီနိုင်ငံ ပေါ် ပေါက်လာရေးအတွက် တံခါးဖွင့်တဲ့ ပုံစံဖြစ်တယ်လို့ ကျနော်တို့ လက်ခံတယ်။ ဒါကြောင့် ပြည်သူဘက်က နေပြီး ဒီလမ်းပြမြေပုံအတိုင်းသွားမယ့် နိုင်ငံရေးခေတ်ရေစီးကြောင်းကို မျက်ခြည်မပြတ်သင့်ဘူး”ဟု ဧရာဝတီ ကို ပြောခဲ့ဖူးသည်။
ထို တော်လှန်ရေးနေ့တွင် လက်ရှိ KIO ဥက္ကဌ ဆလန် ကဘာ လယောင်ဇောင်းခရာ က ပါတီအဖွဲ့ဝင်များကို ထောက်ခံအားပေးရန် မိန့်ခွန်းထဲတွင်ပြောကြားခဲ့သည်။
ဒေါက်တာ မနန် တူးဂျာ ဦးဆောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲ ပါဝင်နိုင်ရန် ကချင်ပြည်နယ်ရှိ ကျေးရွာများတွင် လူထုစည်းရုံးရေးဆင်းနေကြောင်းလည်းသိရသည်။
ကချင်သတင်းဌာန Kachin News Group အယ်ဒီတာ လဖိုင် နော်ဒင်းက“ကချင်ခေါင်းဆောင်တွေ အတွက် တော့ အကျိုးခံစား ခွင့်ရမှာဖြစ်တယ်၊ ကချင်လူထု အနေနဲ့ကတော့ ရွေးကောက်ပွဲမှ တဆင့် ပြည့်ဝတဲ့ ဒီမိုကရေစီ ခံစားခွင့် ရမှာမဟုတ်ပါဘူး” ဟု ဧရာဝတီကိုပြောသည်။
တရုတ် မြန်မာနယ်စပ် အခြေစိုက် ကချင်ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် ဥက္ကဌ ကိုအောင်ဝါက လည်း “လက်ရှိ စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ကချင်လူထုအတွက် ဒီမိုကရေစီ အကျိုးခံစားရလိမ့်မယ်လို့ မထင်ပါဘူး”ဟုပြောသည်။
အထက်ပါ သတင်းများနှင့် ပတ်သက်ပြီး ဒေါက်တာ မနန် တူးဂျာအား ဧရာဝတီက ဆက်သွယ် မေးမြန်းရာ တွင် ၎င်းသည် မိုးညှင်းမြို့ဘက်ရှိ ကချင်ရွာများဘက်သို့ ခရီးထွက်နေကြောင်း သိရသည်။
ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည့် KIO အဖွဲ့သည် ၁၉၆၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ၁၉၉၀ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးပြုလုပ်ခဲ့သည်။
စစ်အစိုးရက KIO အနေနှင့် အခြေခံဥပဒေသစ် ရေးဆွဲရေး ညီလာခံသို့ ပါဝင်တက်ရောက်ရန်နှင့်၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီး နောက်ပိုင်းတွင် ပြည်သူ့စစ် ပုံစံပြောင်းလဲရမည် ဖြစ်ကြောင်း ပြောဆိုမှုများရှိခဲ့သည် ဟုလည်း သိရသည်။
source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=797:2009-03-05-09-42-38&catid=1:news&Itemid=2
ကချင်အပစ်ရပ်အဖွဲ့များ နိုင်ငံရေးပါတီထောင်ပြီ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment