ကြံ့ဖွံ့က သတင်းစာ ထုတ်မည်ဟုဆို

Thursday, March 05, 2009 ·

ဧရာဝတီ | စစ်အစိုးရက ဖွဲ့စည်းထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး အသင်း (ကြံ့ဖွံ့)က လာမည့်နှစ် ရွေးကောက်ပွဲ မတိုင်မီ နေ့စဉ်သတင်းစာ ထုတ်ဝေရန် ပြင်ဆင်နေသည်ဟု ရန်ကုန် စာနယ်ဇင်းအသိုင်းအ၀န်းထံမှ သိရသည်။

ကြံ့ဖွံ့အသင်းသည် စာနယ်ဇင်းသမားများကို ဆက်သွယ်ပြီး သတင်းစာတွင် လစာငွေ ကျပ် တသိန်းခွဲ နှုန်းဖြင့် ၀င်ရောက် လုပ်ကိုင်ရေးအတွက် ကမ်းလှမ်းနေကြောင်း ရန်ကုန်အခြေစိုက် သတင်းသမားများက ဧရာဝတီသို့ ပြောပြသည်။ သတင်းစာ၏အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိဟု ဆိုသည်။

ရန်ကုန်မှ ကြံ့ဖွံ့အသင်း ခေါင်းဆောင်များသည် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာ ကွန်ဗင်းရှင်း စင်တာ (MCC) အနီးမှ အဆောက်အဦးတခုကို သွားရောက် ကြည့်ရှု စစ်ဆေးနေသည်ဟု ဆိုသည်။

လာမည့်နှစ် ရွေးကောက်ပွဲ မဲဆွယ်သည့် ကာလတွင် ကြံ့ဖွံ့အဖွဲ့၏ သတင်းစာသည် အစိုးရ အာဘော်များကို ထပ်ဆင့် ဖော်ပြနိုင်ဖွယ် ရှိသည်ဟု အကဲခတ်များက သုံးသပ်နေကြသည်။ စစ်အစိုးရ ကျောထောက် နောက်ခံ ပြုမည့် နိုင်ငံရေး ပါတီများကို မဲထည့်ကြရန် တိုက်တွန်း စည်းရုံးလိမ့်မည်ဟုလည်း အကဲခတ်များက ယူဆကြသည်။

ပြီးခဲ့သည့်နှစ်မှ စတင်ပြီး ကြံ့ဖွံ့အသင်းသည် နိုင်ငံတ၀န်းလုံးရှိ ပညာတတ်များ၊ ဒေသခံလူထု၏ လေးစားခြင်း ခံရသူများ၊ လုပ်ငန်းရှင်များကို ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် လိုက်လံ စည်းရုံးခဲ့သည်ဟုလည်း သတင်းရရှိသည်။

ကြံ့ဖွံ့အသင်း နေ့စဉ် သတင်းစာ ထုတ်ဝေရေး အစီအစဉ်မှာ အဆိုပါ အသင်း၏ ခေါင်းဆောင်တဦးဖြစ်သူ ပြန်ကြားရေး ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း ဖြစ်ဖွယ်ရှိသည်ဟု ရန်ကုန်မှ စာနယ်ဇင်းသမားများက ယူဆနေကြသည်။ ဗိုလ်မှူးချုပ် ကျော်ဆန်းသည် “မီဒီယာကို မီဒီယာနဲ့တိုက်မယ်” ဟူသော ကြွေးကြော်သံကို စတင် ထုတ်ဖော်ခဲ့သူလည်းဖြစ်သည်။

ဗိုလ်မှူးချုပ် ကျော်ဆန်း၏ လမ်းညွှန်ချက်အရ ပြီးခဲ့သည့်လက ရန်ကုန်တွင် စာနယ်ဇင်း သင်တန်း တခုကို ပြန်ကြားရေးဝန်ကြီးဌာနက စီစဉ်ပြုလုပ်ခဲ့သည်။ စာနယ်ဇင်းသမား နှင့် အစိုးရ၀န်ထမ်း စုစုပေါင်း ၄၇ ဦးပါဝင်သော အဆိုပါ သင်တန်းတွင် လာမည့်နှစ်ရွေးကောက်ပွဲကာလအတွင်း မည်သို့မည်ပုံ သတင်းရေးသား ဖော်ပြရမည်ဟု သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

မကြာသေးမီက ဦးသီဟအောင် (အငြိမ်းစား ဗိုလ်မှူး ၀င်းတင်) အယ်ဒီတာချုပ်အဖြစ် တာဝန် ယူသည့် Northern Star အမည်ရှိ နိုင်ငံရေး ဂျာနယ် တစောင် ထွက်ပေါ်လာခဲ့သည်။ ဦးသီဟအောင်သည် ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းတွင် အယ်ဒီတာချုပ်၊ ညွှန်ကြားရေးမှူး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ထုတ် The Voice ဂျာနယ်ရှိ တွေ့ဆုံ မေးမြန်းခန်းတွင် ဦးသီဟအောင်က “အခုနိုင်ငံတော်က လမ်းပြမြေပုံ ခုနစ်ရပ်ကို ချမှတ်ထားပြီး ဖြစ်တယ်။ ဒီလမ်းကြောင်းကလွဲပြီး တခြား လမ်းကြောင်း မရှိဘဲ အသင့်တော်ဆုံး ဖြစ်တဲ့ ဒီလမ်းကြောင်းကို အားပေးသင့်တဲ့ အချက်အလက်တွေ ဖော်ပြသွားမှာပါ” ဟု ပြောကြားခဲ့သည်။

စစ်အစိုးရက ကြံ့ဖွံ့အသင်းကို ၁၉၉၃ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည်။ စစ်အစိုးရ ခေါင်းဆောင်များ အားလုံးမှာ ကြံ့ဖွံ့အသင်း၏ နာယက အဖွဲ့ဝင်များ၊ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်များ ဖြစ်ကြသည်။ တရားဝင် ထုတ်ပြန်ချက်များအရ အသင်းဝင် ၂၄ သန်းရှိသည်ဟု ဆိုသည်။

ကြံ့ဖွံ့အသင်းသည် လူမှုရေး အသင်း ဖြစ်သည်ဟု ကြေညာထားသည်။ သို့သော်လည်း ၂၀၀၃ ခုနှစ်က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်း တိုက်ခိုက်ခံရမှု၊ ၂၀၀၇ ခုနှစ် ရဟန်းသံဃာများ ဦးဆောင်သည့် ဆန္ဒပြပွဲကို ဖြိုခွင်းမှု တို့တွင် ပါဝင် ပတ်သက်ခဲ့သည်ဟူသော သတင်းများကြောင့် နာမည်ပျက်လျက်ရှိသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=795:2009-03-05-07-03-20&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */